တိရစ္ဆာန်မွေးမြူခြင်း နှင့် မြေဆီလွှာအတွင်းကာဗွန်စုဆောင်းခြင်း ဆက်စပ်ပုံ
တိစ္ဆာန်မွေးမြူခြင်း နှင့် မြေဆီလွှာအတွင်းကာဘွန်စုဆောင်းခြင်း ဆက်စပ်ပုံ
ကျွန်တော်ဟာ အစိမ်းရောင်လမ်းရဲ့ အမေးအဖြေကဏ္ဍမှာ စိုက်မွေးဝါသနာရှင်များ သိလိုရာ မေးခွန်းများကို အချိန်နဲ့တပြေးညီ အတတ်နိုင်ဆုံး အမှန်ဆုံးနဲ့ အမြန်ဆုံး ဖြေပေးလျက်ရှိပါတယ်။
တဖြည်းဖြည်းနဲ့ မေးသူ၊ ဖြေသူအရေအတွက်များများလာသလို မေးတဲ့မေးခွန်းတွေလည်း လက်တွေ့ဆန်ပြီး အဆင့်မြင့်လာတယ်လို့ ယူဆမိပါတယ်။
အချို့မေးခွန်းများကို အနီးစပ်ဆုံး မှန်ကန်တိကျစွာဖြေနိုင်ဖို့ မေးခွန်းမဖြေခင် အခြားဘာသာရပ်ဆိုင်ရာစာအုပ်တွေ၊ အင်တာနက်ဝက်ဘ်ဆိုဒ်တွေကို လေ့လာပြီး သေချာမှ ဖြေပေးရတာတွေ ရှိလာပါတယ်။
အချို့ အချို့သော မိတ်ဆွေများကျတော့ အများနှင့်ဆိုင်သော အမေးဖြေကဏ္ဍမှာ မမေးဘဲ စာရေးသူထံ တိုက်ရိုက်လာမေးတာတွေလည်း ရှိကြပါတယ်။
အဲဒီအထဲက ထူးထူးခြားခြား မေးခွန်းမေးလာသူ kaythitunရဲ့ မေးခွန်းကို တင်ပြချင်ပါတယ်။
"ဆရာ ဒို့ဦးလေးရှင့်..
Livestock နဲ့ soil organic carbon sequestration ဆက်စပ်ပုံအကြောင်း သိချင်ပါတယ်။
အချိန်ရတဲ့အခါ.ဖြေကြားပေးပါရှင့်" လို့ By nameနဲ့မေးထားတော့ အဖြေတခုခု ပေးကိုပေးရတော့မှာလို့ယူဆတဲ့အတွက် ဒီစာစုကို လေ့လာပြီးရေးသားဖြေကြားပေးရခြင်းဖြစ်ပါတယ်။
မေးခွန်းရှင်နဲ့တကွ အစိမ်းရောင်လမ်းပရိတ်သတ်များ စာဖတ်ရတာ ပိုမိုပေါ်လွင်စေဖို့ Carbon ကာဗွန်အကြောင်းအရင်ပြောပြပါရစေ။
ကမ္ဘာကြီးပူနွေးလာမှုနှင့် ကာဗွန်ဆက်စပ်မှု
ကမ္ဘာ့လေထုထဲမှာ ကာဗွန်ပါဝင်မှုရာခိုင်နှုန်းများလာလေ Green House gas(GHG)ဓာတ်ငွေ့များလေ ကမ္ဘာ့အပူချိန်မြင့်တက်လာလေ ဖြစ်ပါတယ်။
GHG ဓာတ်ငွေ့မှာ(ကာဘွန်ဒိုင်အောက်ဆိုဒ် ၆၀%၊ မီသိန်း ၁၅%၊ နိုက်ထရပ်အောက်ဆိုဒ် ၅%၊ အိုဇုန်း ၈%၊ ကလိုရိုဖလူရိုကာဗွန်၁၂%)ပါဝင်ပါတယ်။
လေထုအတွင်း CO2 ကာဗွန်ဒိုင်အောက်ဆိုဒ် မြင့်တက်မှုမှာ လွန်ခဲ့သည့်နှစ် တစ်သောင်း (၁၈ရာစု) စက်မှုတော်လှန်ရေးခေတ်က ၂၈၀ ppm ရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်မေလ တိုင်းတာချက်အရ ၄၂၁ ppm အထိ ၅၀% ပိုတိုးလာတယ်လို့ ပညာရှင်တွေ ဖော်ပြထားတာတွေ့ရပါတယ်။
ကာဗွန်တွေ ဘယ်မှာရှိသလဲ?
ကာဗွန်ကို လေထု၊ ရေထု၊ ပင်လယ်၊ သမုဒ္ဒရာကြမ်းပြင်သာမက သက်ရှိသတ္တဝါများ၊ သစ်ပင်များ၊ မြေအောက်ရေနှင့် ရေနံဓာတုပစ္စည်းများ၊ကျောက်မီးသွေး၊ သတ္ထုသယံဇာ ပစ္စည်းများတွင်ပါဝင်ပါတယ်။

ကာဗွန်သံသရာလည်ခြင်း
မြေအောက်ရေများမှ လေထုအတွင်းကာဗွန်ထုတ်လွှတ်ခြင်း၊ စက်ရုံ၊ မီးခိုး၊ ကားများမှ မီးခိုးထုတ်လွှတ်ခြင်း၊ လူ၊ တိရစ္ဆာန်များမှ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်ခြင်းစသည်တို့မှတဆင့် ကာဗွန်များ လေထုအတွင်းရောက်ရှိစေပါတယ်။
လေထုအတွင်းက ကာဗွန်တွေကို သစ်ပင်၊ သစ်တောများမှ ရေ၊ နေရောင်ခြည်နှင့်ပေါင်းစပ်ကာ Phtosynthesis နည်းဖြင့်ကာဗိုဟိုက်ဒြိတ်ချက်လုပ်ပါတယ်။
ကမ္ဘာပေါ်ရှိ ကာဗွန်ပမာဏ၏ ၉၀% ကို သစ်တောသစ်ပင်တွေက ထိန်းထားပေးတယ်လို့ဆိုပါတယ်။
ရေ+ ကာဘွန်ဒိုင်အောက်ဆိုဒ်+ နေရောင်ခြည်=ကာဗိုဟိုက်ဒြိတ်
ဒါကြောင့် သစ်တော/သစ်ပင်တွေကို Carbon sinks(ကာဗွန်စုပ်ကိရိယာများ)လို့ တင်စားကြတာပါ။
သစ်ပင်/သစ်ရွက်များ၊ သီးနှံရိုးပြတ်များ၊ တိရစ္ဆာန် အညစ်အကြေးများ၊ ခန္ဓာကိုယ်များ သေကြေပျက်စီးပြီး မြေဆီလွှာအတွင်း Organic metter ကာဗွန်များ အဖြစ်စုဝေးရောက်ရှိစေပါတယ်။
ဒီလောက်ဆိုရင် ရေ၊ လေ၊ မြေကြီးတို့ရဲ့ သက်ရှိ/သက်မဲ့ အထက်အောက်အပြန်အလှန် သံသရာလည်ပုံကို သဘောပေါက်မယ်ထင်ပါတယ်။
တိရစ္ဆာန်မွေးမြူရေးခြင်းနှင့် မြေဆီလွှာ သြဂဲနစ်ကာဗွန်စုပုံခြင်း ဘယ်လိုဆက်စပ်သလဲဆိုရင် ကျွဲနွားစားကျက်များဖြင့် မွေးမြူခြင်းသည် မြေဆီလွှာအတွင်း ကာဗွန်စုပုံခြင်းကို ဖြစ်စေပါတယ်။
ကာဗွန်ပါသော မြက်၊ သစ်ရွက်များကို စားပြီး ကာဗွန်ပါသော အညစ်အကြေးများ မြေပေါ်စွန့်မယ်။ စွန့်ပစ်အညစ်အကြေးများမှ မီသိန်း(CH4)ကာဗွန်များ မြေဆီလွှာအတွင်းရောက်ရှိပြီး Organic carbon /organic metterတိုးစေပါတယ်။
သဘာဝသြဂဲနစ် ကာဗွန်များကို အပင်ရဲ့အမြစ်မှတဆင့် စုပ်ယူပြီးသကာလ ပင်စည်၊ အရွက်မှတဆင့် ကာဗွန်တွေရွေ့လျားမယ်။
အရွက်မှတဆင့် ရေ၊ နေရောင်ခြည်၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ပေါင်းစပ်ကာ အလင်းမှီအစာချက်မယ်။ ယင်းကာဗိုဟိုက်ဒြိတ် အရွက်တွေကို၊ကျွဲ၊ နွား အစာကျွေးမယ်။ တိရစ္ဆာန်အညစ်အကြေးများမှ တဆင့် ကာဗွန်တွေ မြေကြီးအတွင်းစုပုံလာစေပါတယ်။
ကဲ..ဒီလောက်ဆိုရင်..မေးခွန်းရှင် kaythitun ကျေနပ်နိုင်လိမ့်မယ်လို့ယူဆပါတယ်။
Ref>>Dr naing naing aye
စေတနာများစွာဖြင့်
ဒို့ဦးလေး
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Kathy Htun
လွန်ခဲ့သော ၂ နှစ် ကအခုဆောင်းပါးနဲ့တကွဖြေကြားပေးလို့ အများကြီးကျေးဇူးတင်ပါတယ်ရှင့် 🙏
ဆက်စပ်မေးခွန်းများ
ဥဖြစ်တာကဖြစ်.စွယ်ကထပ်ခြနေလို့..အရင်ဥထားတာကလေးတွေအဆံလေးဖြစ်နေပြီအောင်တော့မအောင်သေးဘူးပေါ့...အရင်ဥထားတာနဲ့နောက်ခြတဲ့အစွယ်ကမှိအောင်လို့.ဘာဆေးဖျန်းရမလဲဗျ...ကျွန်တော်တို့ဆိမှာတော့အဲဆေးဖျန်းကြပါတယ်...အဲဒိဆေးကနောက်အစွယ်ဥကြီးမြန်အောင်လုပ်ပေးတယ်စိုတာဟုတ်လားဆရာတို့..
သန်းထိုက်အောင် • ဖြေကြားချက် 0 ခု
မန္တလေးအလယ်ပိုင်းသာစည်နယ်မှာစပါးကိုဘလိုစိုက်ပျိုးရင်အစင်ပြေပါသလဲခင်ဗျာပျိုးမထောင်ရသေးပါဘူးခင်ဗျာမိုးကလဲတဖျင်းသုံရွာပြီးစိုက်ပျိုးမိုးကောရပါမလားဗျာမင်းလှကန်မှာလဲရေကနဲနေတော့အကြံပြုပါအုံးခင်ဗျာ
Min zaw Oo • ဖြေကြားချက် 0 ခု
ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ
Paing Lay • ဖြေကြားချက် 2 ခု
ဘယ်မှာဝယ်လို့ရနိုင်ပါသလဲ
အောင် ကောင်းပြည့် • ဖြေကြားချက် 0 ခု
ကွမ်းပင်ခြေပုတ်ခါးရိေရာဂါကို ဒိုင်မီသိုေမာ့နဲ့ေဖာ့စတိုင်းအလူမီနီယံတွဲဖျန်းလို့ရလားဆရာေဆးေရာစပ်ပုံအချိုးေလးလည်းသိချင်ပါတယ်
ye • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
ပြည်နယ်နှင့် တိုင်းဒေသများအလိုက် မိုးရေချိန်ခန့်မှန်းချက်
07/08/2026
More from ဒို့ဦးလေး
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....