အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကြက်သွန်နီမြေသြဇာကျွေးနည်း

ကြက်သွန်နီမြေသြဇာကျွေးနည်း

Nway Oo

Nway Oo

7

လွန်ခဲ့သော ၁ နှစ် က

ပြန်ကြားချက် ၁ ခု

ကြက်သွန်တစ်ဧက ပုလဲမြေဆီထည့်နည်းဖြေပေးစေချင်ပါတယ် စိုက်ပီးဘယ်ရက်တေလောက် ဘယ်ပမာဏထည့်ရမလည်းဆိုတာ

ကြက်သွန်နီ

အောင်နိုင်လင်း

အောင်နိုင်လင်း

13,892

လွန်ခဲ့သော ၃ နှစ် က

ပြန်ကြားချက် ၂ ခု

ဘာဆေးဖျန်းရမလဲဗျ ရက်၂၀ သားပါ မှိုဆေး ကော့ပါး ဖော့စတိုင်းဖျန်းထားသာည်

ကြက်သွန်နီ

ကိုသူရကျော်

ကိုသူရကျော်

5

လွန်ခဲ့သော ၃ နှစ် က

ပြန်ကြားချက် ၁ ခု

ကြက်သွန်နီက ဥ ချနေပါပြီဆရာတို့။အခုချိန်မှ ခါးဆွ မြေဆွလို့ရပါသေးသလား။မြေဆီရော ကျွေးလို့ရပါသေးသလားခင်ဗျာ။

ကြက်သွန်နီ

kyaw

kyaw

1,755

လွန်ခဲ့သော ၃ နှစ် က

ပြန်ကြားချက် ၁ ခု

အရွက်တွေရှိုင်နေလို့ ဘာဖြစ်တာလဲ

ကြက်သွန်နီ

အောင်နိုင်လင်း

အောင်နိုင်လင်း

13,892

လွန်ခဲ့သော ၃ နှစ် က

ပြန်ကြားချက် ၄ ခု

ဘာလုပ်ရမလဲဗျ

ကြက်သွန်နီ

Mr. Win

Mr. Win

5,591

လွန်ခဲ့သော ၃ နှစ် က

ပြန်ကြားချက် ၅ ခု

ကြက်သွန်နီကို သက်တမ်းတစ်လျှောက်ပုံမှန်ကျန်းမာနေလျှင် ကြဲပက် N,P,K မဟုတ်ဘဲ။ရွက်ဖြန်းN,P,K ကို အကြိမ်ရေ‌ဘယ်လောက် ကျွေးပေးသင့်လဲဗျ။ကျွန်တော်ကတော့ (၃)ကြိမ်‌‌ေလာက်ကျွးမယ်လို့မှန်းထားပါတယ်။

ကြက်သွန်နီ

Mr. Win

Mr. Win

5,591

လွန်ခဲ့သော ၃ နှစ် က

ပြန်ကြားချက် ၅ ခု

နိုက်ထရိုဂျင်(သို့)ယူရီးယား/ပုလဲ၊ဖောစ်ဖောရပ်နှင့်ပိုတက်ဆီယမ် တို့ကို အပင်များတွင်အသုံးပြုလိုက်ပါက သူတို့ရဲ့အာနိသင်များဘယ်လောက်ကြာရှည်ခံလဲဗျ(ဖော့စ်ဖောရပ်နှင့်ပိုတက်ဆီယမ်တို့ကိုသီးသန့်မသုံးဘဲကွန်ပေါင်းများအဖြစ်သုံးမည်ဆိုပါက)။တစ်ချို့က မြေဆီအသက် ၇-ရက်ဆိုပြီးပြောနေကြလို့ပါ။တစ်ကယ်သာ ၇-ရက်လောက်ပဲခံရင် ခဏခဏ ကျွေးရမှာလားဗျ။တကယ်မသိလို့ပါဗျ။ခုမှ တောင်သူစလုပ်လို့ပါဗျ။မျှဝေပေးကြပါအုံးခင်ဗျ။

ကြက်သွန်နီ

Mr. Win

Mr. Win

5,591

လွန်ခဲ့သော ၃ နှစ် က

ပြန်ကြားချက် ၁ ခု

ကြက်သွန်ခင်းမြေသြဇာကျွေးတဲ့အခါမှာ အကြိမ်ဘယ်လောက်ခွဲကျွေးပါလဲဗျ။ဒီမှာကျွေးနေကြတဲ့ပုံစံကတော့ ၁၅-ရက်သား(တစ်ကျင်း=၁၀တောင်ပတ်လည်)နို့ဆီဘူးဝက်နှုန်း၊၃၀-ရက်သား(တစ်ကျင်း=၁-ဘူးခွဲမှ၂-ဘူးနှုန်း၊၄၅-ရက်သား(တစ်ကျင်း=၂-ဘူးနှုန်း)ဖြင့် N,P,K မြေဩဇာများကို အချိုးအမျိုးမျိုးဖြင့်ကျွေးကြပါတယ်။ဆိုလိုရင်းကတော့ ကျွေးတဲ့ပုံစံဟာ (၁၅ရက်သား၊၃၀ရက်သား၊၄၅-ရက်သား)တွေမှာ သတ်မှတ်ပြီးအဓိကကျွေးကြပါတယ်။ဥပမာ-ကြက်သွန်တစ်ခင်းကို N,P,K အချိုးအမျိုးမျိုးနဲ့ မြေဩဇာ၂-လုံး‌သုံးမယ်ဆိုရင် အဲဒီအချိန်တွေမှာ အကုန်သုံးလိုက်တာပါပဲ။အားလုံးပဲသိပြီးကြတဲ့အတိုင်းပါဗျ။ကြက်သွန်နီဟာ ရေအကြိမ်များစွာဖြန်းပေးရပါတယ်။ကျွန်တော် သိလိုတာကတော့ ပုံသေသတ်မှတ်တာမျိုးမဟုတ်ဘဲ(ခုလည်းလိုသလိုတော့ထပ်‌ေဆာင်းကျွေးကြပါတယ်) အပင်စားနိုင်စွမ်းကိုကြည့်ပြီးကျွေးရတာ ပိုပြီးအပင်အတွက် အကျိုးဖြစ်ထွန်းမလားလို့ပါခင်ဗျ။မြေဩဇာများရဲ့အလုပ်လုပ်ပုံလေးတွေနဲ့အကျိုးအာနိသင်များကိုပါ တပါတည်းမျှဝေပေးပါအုံးခင်ဗျ။အားလုံးဆီက အတွေ့အကြုံကောင်းတွေမျှေလင့်မိပါတယ်ခင်ဗျ။မြေဩဇာအသုံးပြုပုံများကိုပါ သိလိုပါတယ်ခင်ဗျာ။ကျေးဇူးပြုပြီးမျှဝေပေးကြပါအုံးခင်ဗျာ။

ကြက်သွန်နီ

Mr. Win

Mr. Win

5,591

လွန်ခဲ့သော ၃ နှစ် က

ပြန်ကြားချက် ၁ ခု

မြေဆီကျွေးပြီးမှ အားဆေးဖြန်းတာပိုကောင်းမလား(သို့မဟုတ်)အားဆေးဖြန်းပြီးမှ မြေဆီကျွေးတာပိုကောင်းမလားခင်ဗျာ။ကြက်သွန်နီပါ။ပညာရှင်ကြီးတို့ ပညာဒါနလေးပြုပေးကြပါခင်ဗျ။

ကြက်သွန်နီ

Mr. Win

Mr. Win

5,591

လွန်ခဲ့သော ၃ နှစ် က

ပြန်ကြားချက် ၂ ခု

ကြက်သွန်နီ ၁၅-ရက်သား။ပေါင်းသတ်ဆေးနဲ့အတူမြေဆီပါကျွေးရင်။ပေါင်းသတ်ဆေးဒဏ်ကြောင့်ကြက်သွန်ပင်လေးတွေပါ ၇-ရက်လောက် အရှိန်ပြန်ယူရပါတယ်။ကျွေးတဲ့မြေဆီက ကျွန်တော့်အထင်။ထိရောက်မှုနဲမယ်ထင်လို့ပါ။ပေါင်းသတ်ဆေးဖြန်ပြီး၅-ရက်တစ်ပတ်လောက် ပေါင်းပင်အကျ ကြက်သွန်အပင်လန်းလာမှ မြေဆီကိုကျွေးရရင် ပိုထိရောက်မလားလို့ပါ။မြေဆီဖိုးသိပ်မတတ်နိုင်လို့ပါ။ဆွေနွေးအကြံပြုပေးကြပါခင်ဗျ။ကျွန်တော်တိုဆီမှာ။ပေါင်းသတ်ဆေး+မြေဆီ ကျွေးတာ နည်းလမ်းတစ်ခုလိုဖြစ်နေလို့ပါ။

ကြက်သွန်နီ

Hlaingwin

Hlaingwin

824

လွန်ခဲ့သော ၃ နှစ် က

ပြန်ကြားချက် ၂ ခု

ကြက်သွန်အတွက် အပင်စစိုက် ပီး ဘာဆေးတေသုံးရပါလည်း ပြုစု ပုံလေး အဆင့်ဆင့် လင်းပေးပါ ခမျာ

ကြက်သွန်နီ

Win

Win

1

လွန်ခဲ့သော ၃ နှစ် က

ပြန်ကြားချက် ၁ ခု

ကြက်သွန်နီ ရွှေ့ပြောင်းစိုက်ပြီးတစ်လသားဝန်းကျင်အရွယ် အားဆေးသုံးချင်လို့ပါခင်ဗျ။ဈေးအမြင့်ကြီးတွေမတတ်နိုင်လို့ပါဗျ။ဈေးသင့်တော်တာထဲက ညွှန်ကြားပေးကြပါခင်ဗျ။မိုရယ်မုန်းကောင်းတယ်လို့တော့ပြောကြတယ်ဗျ။ခုမှစလုပ်တာမို့ပါဗျ။အခြေခံကစ ပြောပြပေးရင်လည်းကျေးဇူးပါဗျ။အားဆေးသုံးနည်းပေါ့ခင်ဗျာ။ကြားဖူးတာနဲ့စမ်းကြည့်တာမြေကတော့နည်းနည်းငံတယ်ခင်ဗျ။ချောင်းခင်းမဟုတ်။ကုန်းကြက်သွန်ပါခင်ဗျ။ကျေးဇူးတင်ပါတယ်ခင်ဗျ။အစ်ကိုတို့စိုက်ခင်းတွေခင်းတွေလည်းမှန်းသလောက်အောင်မြင်ပါစေခင်ဗျ။

ကြက်သွန်နီ

kyaw

kyaw

1,755

လွန်ခဲ့သော ၃ နှစ် က

ပြန်ကြားချက် ၂ ခု

မြေသြဇာကြွေးလို့ရပြီလားဗျ ဘာကြွေးရမလဲ

ကြက်သွန်နီ

နိုင်လင်းအောင်

နိုင်လင်းအောင်

6

လွန်ခဲ့သော ၅ နှစ် က

ပြန်ကြားချက် ၄ ခု

35ရက်သားရှိပြိ ပုလဲရည်တိုက်ထားတယ် ပြီးရင်ဆေးဖြနိးသင့်လား အားဆေးရယ် ပိုးသတ်ဆေးရယ် မှိုဆေးရယ်တွဲသုံးလိူ့ရလား

ကြက်သွန်နီ

နိုင်လင်းအောင်

နိုင်လင်းအောင်

6

လွန်ခဲ့သော ၅ နှစ် က

ပြန်ကြားချက် ၁ ခု

35ရက်သားဆို ပုလဲ ပတ်သင်လား

ကြက်သွန်နီ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။