နှင်းဆီစိုက်ပျိုးပြုစုနည်း
နှင်းဆီပန်းက နှစ်ရည်ခံ သစ်မာပင်အမျိုးအစားပါ။ မျိုးစိတ်ပေါင်းရာချီရှိပြီး မျိုးကွဲပေါင်းက သောင်းကျော်အောင်ရှိတဲ့ ပန်းပင်ပါ။ မျိုးရိုင်းတွေမှာဆို နှင်းဆီအသီးတွေ သီးကြပါတယ်။ အရောင်အမျိုးမျိုးရအောင်စပ်ထားတဲ့ နှင်းဆီစပ်မျိုးတွေကတော့ ယခုခေတ်ကာလမှာ အစိုက်များလာကြတဲ့ မျိုးတွေဖြစ်ပါတယ်။
နှင်းဆီပန်းလှလှလေးတွေကို လူတိုင်း စိုက်ပျိုးချင်ကြတာအမှန်ပါ။ နှင်းဆီပန်းရဲ့ သဘောသဘာဝအရ ပြုစုစောင့်ရှောက်ရမယ့် နည်းလမ်းတွေကိုလည်း သိထားဖို့လိုပါတယ်။ စီးပွားဖြစ်ပဲစိုက်စိုက်၊အလှပဲစိုက်စိုက် အပင်လေးတစ်ပင် လှလှပပရှင်သန်ဖို့အတွက် ဂရုစိုက်ပေးရမယ့်အချက်လေးတွေကို ဖော်ပြလိုက်ရပါတယ်။
နှင်းဆီက နေရောင်ခြည်အပြည့်ရမှ ပွင့်တဲ့ပန်းဖြစ်ပါတယ်။ တစ်နေ့ကို အနည်းဆုံး ၆ နာရီ နေရောင်ခြည်ရမှ ပန်းပွင့်နိုင်တဲ့ အပင်တွေဖြစ်ကြပါတယ်။ အရမ်းပူလွန်းတဲ့ နေ့လည်ခင်းနေ ရောင်ခြည်ကိုတော့ ရှောင်သင့်ပါတယ်။ဒါကြောင့် မနက်ခင်းနေရောင်ခြည် အပြည့်အဝရမယ့်နေရာမျိုးမှာ စိုက်သင့်ပါတယ်။ နေ့လည်ခင်းဆို အရိပ်ကျပြီး မနက်ခင်းနေရာင်ရမယ့်နေရာတွေက နှင်းဆီစိုက်ပျိုးဖို့ အသင့်တော်ဆုံးနေရာတွေ ဖြစ်စေမှာပါ။
နှင်းဆီတွေ ပန်းမပွင့်ရတဲ့အကြောင်းအရင်း
ကျွန်မတို့တွေ နှင်းဆီပန်းပင်လေးတွေ စိုက်ကြတဲ့အခါမှာ ပန်းမပွင့်နိုင်ဖြစ်ကြတဲ့ အဖြစ်မျိုးတွေ ကြုံဖူးကြမှာပါ။ ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အချက်လေးတွေကို လေ့လာပြီး ဒီလိုဒုက္ခတွေကနေရှောင်ရှားလိုက်ကြရအောင်ပါ။
နှင်းဆီပင်မှာ အပွင့်တွေ မပွင့်နိုင်ဖြစ်နေရခြင်းတွေထဲက အဖြစ်များဆုံးတစ်ချက်ကတော့ မြေသြဇာကျွေးတဲ့စနစ် မမှန်ကန်လို့ပဲဖြစ်ပါတယ်။ နိုက်ထရိုဂျင်မြေသြဇာတွေ အကျွေးများတဲ့အခါ အပင်ကြီးထွားမှုတွေ အရမ်းများပြီး အပွင့်ပွင့်ဖို့အတွက် ရောက်မလာနိုင်ရတာဖြစ်ပါတယ်။ ဒါကြောင့် အချိုးညီမျှတဲ့ မြေသြဇာကို ကျွေးသင့်ပါတယ်။
တစ်ဆက်တည်းမှာပဲ နိုက်ထရိုဂျင်အကျွေးများတဲ့အခါ ပိုးတွေရဲ့အကြိုက်ဖြစ်လာပြီး ပန်းမပွင့်နိုင် ဖြစ်ရပြန်ပါတယ်။ စုပ်စားဂျပိုးတွေက နှင်းဆီဖူးတွေက ပင်ရည်တွေကိုစုပ်စားကြပြီး ပန်းမပွင့်နိုင်ဖြစ်ရတာပါ။
ဒါ့အပြင် ပတ်ဝန်းကျင်အခြေအနေတွေ ပြင်းထန်လွန်းရင်လည်း ပန်းမပွင့်နိုင်ပါဘူး။ ဥပမာ-ရာသီဥတု ပူလွန်း၊ အေးလွန်းခြင်းတွေနဲ့ လေပြင်းတိုက်ခိုက်ရာကနေရတဲ့ ဒါဏ်ရာတွေကြောင့်လည်း ပန်းမပွင့်နိုင် ဖြစ်ရပါတယ်။
အလင်းရောင်ရရှိတဲ့အချိန်ကလည်း နှင်းဆီပွင့်ဖို့အတွက် အရေးကြီးတဲ့အချက်ပါတဲ့။ နှင်းဆီတွေက တစ်နေ့မှာ နေရောင်ခြည် အနည်းဆုံး ၄ နာရီ ရမှာသာ ပန်းပွင့်နိုင်တဲ့အမျိုးအစား ဖြစ်ပါတယ်။ ဒီအချက်ကိုလည်း သတိထားသင့်ပါတယ်။
ရေမှန်မှန်လောင်းပေးဖို့ကလည်း နှင်းဆီပွင့်ဖို့ သတိထားသင့်တဲ့အချက်ပဲ ဖြစ်ပါတယ်။ ရေဝပ်ဒါဏ်ခံရရင် (သို့) ရေငတ်ဒါဏ်ခံရရင် နှင်းဆီပင်ရဲ့အပွင့်ပွင့်ဖို့ကို ထိခိုက်နိုင်တာကြောင့်ပဲဖြစ်ပါတယ်။
နေ့ခင်းဘက် နေတအားပူတဲ့အချိန် အပင်တွေအပူမိနိုင်ပါတယ်။ နှင်းဆီစိုက်ခင်းထဲမှာ အစိုဓာတ် မရှိတော့ဘူးဆိုရင်တော့ ရေဖျန်းပေးသင့်ပါတယ်။ ရေဖျန်းတဲ့အခါ ညင်ညင်သာသာရှိဖို့နဲ့ နေရောင်ရှိသေးတဲ့အချိန်ဖြစ်ဖို့တော့ ဂရုစိုက်ရပါမယ်။ နေကျသွားရင် စိုထိုင်းဆတွေ ညပိုင်းမှာကျန်နေပြီး မှိုရောဂါတွေ ကျနိုင်လို့ပါ။
နှင်းဆီတွေပွင့်ဖို့အတွက် နောက်ထပ် သတိထားရမယ့်အချက်ကတော့ ကန်းနေတဲ့အကိုင်းတွေဖြစ်ပါတယ်။ ကန်းနေတဲ့အကိုင်းဆိုတာ ပုံမှန်အကိုင်းနဲ့တူပေမယ့် အဖူးတွေ အပွင့်တွေ မပွင့်နိုင်တော့တဲ့ အကိုင်းဖြစ်ပါတယ်။ မြေသြဇာ အကျွေးများရင်သော်လည်းကောင်း၊ နေရောင်ခြည်ကောင်းကောင်း မရရင်သော်လည်းကောင်း ဖြစ်တတ်ပါတယ်။
ဒါကြောင့် ဒီအချက်တွေကို သတိထားပြီး နှင်းဆီပန်း လှလှလေးတွေပွင့်အောင် စိုက်ပျိုးနိုင်သူတွေဖြစ်ကြပါစေ…
သိမ့်ဇာ
Ref : https://www.gardeningknowhow.com/ornamental/flowers/roses/no-blooms-on-roses.htm
Hkawn Bu
လွန်ခဲ့သော ၃ နှစ် ကနှင်းဆီ အပွင့်ဖူးဖူးလေးဖြစ်လာအောင်ဘာဆေးတွေထည့်ပေးရင်ကောင်းမလေဲ ဘယ်လိုပြုစုရမလဲရှင့်ဖြေပေးပါ
မောင်ထက်ဦးယံ
လွန်ခဲ့သော ၃ နှစ် ကနှင်းဆီကရေကြိုက်လားဗျ
အောင်ငြိမ်းဇော်
လွန်ခဲ့သော ၄ နှစ် ကနှင်းဆီမျိုးကို ဘယ်လိုမှာယူရမလဲဗျ ပြောပြပေးပါလား
ကိုဝင်း
လွန်ခဲ့သော ၅ နှစ် ကနှင်းဆီပန်းဘယ်လစိုက်ယင်အကေါင်းဆုးံလဲ
kyaw kyaw
လွန်ခဲ့သော ၅ နှစ် ကနှင်းဆီးပင်ကမြေအမျိုးအစားရွှေးရလား
ဆက်စပ်ဆောင်းပါးများ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
10. လပိုင်း 15. 16. မျိုးချချင်လို့။ မိုးလေဝသနဲ့။ ပျိုးရက်ကောင်းလားဆရာ။ ဖြေပေးပါအုန်း။ ကျေးဇူးပြုပီး
Nwe Nwe aung • ဖြေကြားချက် 0 ခု
မတ်ပဲတစ်ဧကိုအပင်ဦးရေ၁၅၀၀၀၀ကနေ၂၀၀၀၀၀ ရှိရမယ်ဆိုတာဟုတ်လား ဒါဆိုမတ်ပဲ၆ပြည်ကြဲရင်လုံလောက်တာပေါ့ ၁၂ပြည်ဆိုရင် ၄သိန်းအထိရှိသွားမှာပေါ့
Sawsamson • ဖြေကြားချက် 7 ခု
မြေ ၁ဧကနဲ့ဒဿမ၈၀မှာ ဂျစ်ပဆမ်ဘယ်နှအိတ်ထည့်ရမလည်းရှင့် မြေပဲစိုက်မှာပါရှင့်
Hnin Nu Wai • ဖြေကြားချက် 1 ခု
စပါးရတ်သိမ်းပြီးချိန်မတ်ပဲမစိကြ်ပျိုးခင်မှာ emအပြင်းဖျန်းသင့်သလား။ မတ်ပဲကမြက်ရန်းစက်နဲ့ဖုံးအုပ်စိုက်ပျိုးမှာပါ။
Swann • ဖြေကြားချက် 3 ခု
အိမ်မှာအိုးထဲမြေထဲ့ပြီးသီးပင်စားပင်လေးစိုက်ချင်တယ်ကင်ပွန်းချဥ်ပင်တို့ဖရုံတို့စိုက်ချင်ပါတယ် အကြံပေးပါအုန်းဗျဘယ်လောက်အိုးအကျင် အမြင့်ဆိုရလဲ မြေဆီလွာဘာတွေရောစပ်သင့်လဲဗျ
soe moe aung • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
08/10/2026
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
အစိမ်းရောင်လမ်းရဲ့ website အသစ်ထဲမှာ ဈေးတန်းကြီးရှိနေပြီဆိုတာ သိထားပြီးကြပြီလား?
07/10/2026
အသား၊ ငါးဈေးများ ဆက်တိုက်မြင့်တက်ခြင်းကြောင့် ရောင်းအား သိသိသာသာ လျော့ကျနေ
07/10/2026
အယ်လ်နီညိုကာလမှာ သီးနှံပင်တွေ မခြောက်သွေ့စေမယ့် မြေဆီလွှာအစိုဓာတ်ထိန်းသိမ်းနည်း
07/10/2026
More from သိမ့်ဇာ
အားလုံး