ကြက်သွန်မြိတ်ကြီး စိုက်ပျိုးနည်း

17/11/2021 13:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ကြက်သွန်မြိတ်ကြီး (ထန်းကြက်သွန်မြိတ်) သည် အအေးကြိုက်သော ၂ နှစ်ခံသီးနှံကို နှစ်ချင်းစားအဖြစ်စိုက်ပျိုးသည်။ အရွက်ရော ရိုးတံပါစားသုံးရပြီး အပင်အမြင့် ၈-၂၄ လက်မနှင့် အကျယ် ၁/၂-၂လက်မရှိသည်။ ကြက်သွန်မြိတ်ကြီးသည် အရသာအထူးရှိသည်။ အေးခဲမှုဒဏ်ခံနိုင်သည်။ ဆောင်းရာသီအအေးပေါ့သောဒေသ၌ နွေရာသီအလယ်မှ နွေဦးပေါက်အချိန်အထိ ချိုသောကြက်သွန်နံ့လတ်လတ်ဆတ်ဆတ်ကို ပေးနိုင်သည်။ ကြက်သွန်မြိတ်ကြီးအပင်သည် လှလည်းလှသည်။ ရိုးတံအဖြူရောင်ပေါ်တွင် စိမ်းညိုရောင် သို့မဟုတ် စိမ်းပြာရောင်အရွက်များရှိသည်။ ကြက်သွန်မြိတ်ကြီးကို အသုပ်တွင် အစိမ်းအတိုင်းစားနိုင်သကဲ့သို့ ကင်၍ဖြစ်စေ၊ ပေါင်းချက်၍ဖြစ်စေ၊ အရည်သောက်ဖြစ်စေ၊ ကြော်၍ဖြစ်စေ စားသုံးကြသည်။ 

စိုက်ပျိုးခြင်း

နောက်ဆုံးရေခဲသောအချိန်မတိုင်မီ ၄ ပတ်ကြိုတင်ပြီး မျိုးစေ့ကိုတိုက်ရိုက်မြေချ၍ စိုက်ပျိုးရသည်။ သို့မဟုတ်ပျိုးထောင်ထားသော ပျိုးပင်ပေါက်ကို နောက်ဆုံးရေခဲသောအချိန်မတိုင်မီ ၈ ပတ်ကြိုတင်ပြီး ပြောင်းရွေ့စိုက်ပျိုးနိုင်သည်။ ထိုသို့ပျိုးပင်ကို စိုက်ပျိုးပါက ကြီးထွားရန်အချိန်ကြာမြင့်စွာရရှိသဖြင့် အပင်အလွန်ကြီးထွားသည်။ သိသာစွာကြီးထွားသောပျိုးပင်ကို ၃ လက်မသာချန်ပြီး အပေါ်ပိုင်းကို ဖြတ်ပစ်ပြီး စိုက်ပျိုးရသည်။

မစိုက်ပျိုးမီမြေကို သဘာဝမြေသြဇာ ၂ လက်မ ထည့်ပေးရသည်။ စနယ်မြေ(မြေစေး) တွင် ဘောင်တင်၍ စိုက်ပျိုးရသည်။ မျိုးစေ့ကို တိုက်ရိုက်မြေချစိုက်ပျိုးပါက မြေတွင် ၁/၂ လက်မအနက်၊ တစ်စေ့နှင့်တစ်စေ့ ၁ လက်မခြားပြီး၊ တစ်တန်းနှင့်တစ်တန်း ၁၈ လက်မခြား၍ စိုက်ပျိုးရသည်။ ပျိုးပင်ပေါက်များကို ၆ လက်မခြားချန်၍ တစ်တန်းနှင့်တစ်တန်း ၁-၂ ပေခြားပြီး သားခွဲရသည်။ ၈ လက်မအကျယ်နှင့် ၈ လက်မအနက်ရှိ မြောင်းထဲတွင် ပျိုးပင်ကို ၆ လက်မခြားပြီး ၄ လက်မအနက် စိုက်ရသည်။ ထိုစိုက်မြောင်းများသည် ၁၈ လက်မ ကွာဝေးရသည်။

ပင်စည်များဖြူသွားအောင် အပင်မြင့်လာသည်နှင့်အမျှ ကျင်းထဲသို့ မြေဖို့ပေးရသည်။ သို့မဟုတ် ပင်စည်ပတ်လည်တွင် မြေဖို့ပေးရသည်။ မြေအစိုဓာတ်မျှတစေရန် တစ်ပတ်လျှင် ရေ ၁ လက်မနှုန်းပေးရသည်။ သို့မဟုတ် လိုသလိုပေးရသည်။ ပင်ခြေပေါင်းမြက်ကို ရှင်းလင်းပေးရသည်။ ပေါင်းမြက်များရှိနေလျှင် အပင်အရည်အသွေးလျော့နည်းသည်။ အချိုးညီ ၅-၅-၅ ဓာတ်မြေသြဇာကို တစ်လတစ်ကြိမ်ကျပေးရန် လိုအပ်သည်။

ပိုးမွှားရောဂါ

ထင်ရှားသောပိုးမွှား ကျရောက်မှုမရှိချေ။

ရိတ်သိမ်းခြင်း

ကြက်သွန်မြိတ်ကြီးပင်သည် အသက်ရက် ၇၀ မှ ၁၂၀ အထိရှိပြီး၊ အေးခဲမှုပြီးမှ ရိတ်သိမ်းရလျှင် အရသာအချိုဆုံးဖြစ်သည်။ ရိုးတံလက်မဝက်ခန့်တုတ်လာလျှင် ရိတ်သိမ်းရသည်။ အကောင်းဆုံးကြက်သွန်မြိတ်သည် ရိုးတံဖြူပြီး၊ ခြေရင်း ၃လက်မရှည်သင့်သည်။ အရွက်များကို စားသုံးနိုင်သော်လည်း ချက်ပြုတ်ရာတွင် အဆင်ပြေအောင် ဖြတ်တောက်ပေးရသည်။

ရာသီဥတု အအေးပေါ့သောဒေသတွင် ကြက်သွန်မြိတ်ကြီးပင်များကို ဆောင်းခိုစေပြီး နွေဦးပေါက်ရာသီအစောပိုင်းတွင် ရိတ်သိမ်းပေးရသည်။ အေးသောဒေသတွင် ဆောင်းခိုစေလျှင် အပင်ကို အအေးဒဏ်မှကာကွယ်ဖို့ ကောက်ရိုးဖြင့် ၄-၆ လက်မအထူ ဖုံးအုပ်ထားရသည်။ ကြက်သွန်မြိတ်သည် ရေခဲသေတ္တာထဲတွင် တစ်ပတ်ခန့်အထားခံသည်။

မျိုးများ

ဂျိုင်းရင့်မတ်ဆယ်ဘာဂ့်(Giant Musselburgh) မျိုးသည် အသက်ရက် ၁၀၅ ရှီပြီး စကော့တလန်၏ မိရိုးဖလာမျိုးဖြစ်သည်။ ၂-၃ လက်မတုတ်သောရိုးတံရှိပြီး အအေးဒဏ်ခံနိုင်သည်။ ကင်းရစ်ချဒ်​ (King Richard) မျိုးသည် အသက်ရက် ၇၅ ရှိပြီး အပင်သေး၍ မြင့်သည်။ အရွယ်အလတ်စား အစိမ်းရောင်အရွက်များရှိသည်။ လင်စတော့ဟိုက်ဘရစ် (Lancelot Hybrid) မျိုးသည် အသက်ရက် ၁၀၀ ရှိပြီးလျှင် အအေးဒဏ်ခံနိုင်သောမျိုးဖြစ်သည်။

ဒေါက်တာချစ်၏ “စားဖို့ စိုက်စို့ ဈေးကွက်တိုးချဲ့ဗျို့ အတွဲ(၁)” စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်