ပခုက္ကူသီးနှံစျေးကွက်အတွင်း ပဲစင်းငုံတစ်တင်း ကျပ် ၃၃၄၀၀ ထိ ရောက်ရှိလာပြီး သုံးနှစ်တာကာလအတွင်း အမြင့်ဆုံးပေါက်စျေးဖြစ်လာ

10/05/2019 11:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ပခုက္ကူသီးနှံစျေးကွက်အတွင်း ယခုမေလဆန်းတွင် ပဲစင်းငုံစျေးနှုန်းများ ဆက်လက်မြင့်တက်နေရာ တစ်တင်း ၃၃၄၀၀ ကျပ် ထိရောက်ရှိလာပြီး သုံးနှစ်တာကာလအတွင်း အမြင့်ဆုံးပေါက်စျေးဖြစ်ကြောင်း သီးနှံရောင်းဝယ်ရေးလုပ်ကိုင်သူများထံမှ သိရသည်။

မေ ၂ ရက် ပခုက္ကူသီးနှံစျေးကွက်တွင် ဝယ်လိုအားများပြားနေသည့် ပဲစင်းငုံသီးနှံမှာ တစ်တင်း ၃၃၄၀၀ ကျပ် (၂၀၁၉)၊ ပဲစင်းငုံတစ်တင်း ၂၉၅၀၀ ကျပ် (၂၀၁၈) ဖြင့် ရောင်းဝယ်ကြပြီး အရောင်းအဝယ်များပြားကြောင်း သိရသည်။ ပခုက္ကူသီးနှံစျေးကွက်အတွင်း သင်္ကြန်ကာလမတိုင်မီ ပဲစင်းငုံတစ်တင်းလျှင် ကျပ်၂၉၀၀၀ ပေါက်စျေးရှိပြီး သင်္ကြန်ပြီးကာလတွင် ရန်ကုန်ဝယ်လက်များ ဝယ်ယူမှုများပြားသည့်အတွက် စျေးနှုန်းဆက်လက်မြင့်တက်လာကြောင်း သိရသည်။