ကရင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသအချို့တွင် ခြောက်သွေ့စိုက်ဆင်းလေပြင်းကျနိုင်ပြီး မိုးသီး၊ လေပြင်းများ အန္တရာယ်ရှိနိုင်
ကရင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသအချို့တွင် ခြောက်သွေ့စိုက်ဆင်းလေပြင်း အန္တရာယ်ရှိပြီး မိုးသီးအန္တရာယ်၊ လေပြင်းအန္တရာယ်နှင့် မိုးကြိုးမုန်တိုင်းအန္တရာယ်မျာ
“ ဒီနေ့ မွန်းလွဲ ၂ နာရီလောက်က ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတွေပေါ်မှာ ဖြစ်လာတဲ့ တိမ်တိုက်ကြီးက အရှေ့ဘက်(ကရင်ပြည်နယ်ဘက်) ကို ရွေ့နေပါတယ်။ ဧရာဝတီတိုင်းပေါ်မှာလည်း ပုသိမ်၊ ငပုတော၊ ဘိုကလေးနဲ့ ဖျာပုံ/ကွမ်းခြံကုန်းပေါ်မှာ တိမ်တိုက်တွေ စဖြစ်လာတာတွေ့ရပါတယ်။ မိုးတိမ်တောင်တွေကြောင့် ဖြစ်လာနိုင်မယ့် ခြောက်သွေ့စိုက်ဆင်းလေပြင်းအန္
မိုးတိမ်တောင်ကြီးတွေဖြစ်လာပါက ယင်းအပေါ်မှာရှိနေသည့် အပူချိန်က အနုတ် ၆၇၊ ၆၈ ကနေ အနုတ် ၉၀ ဒီဂရီစင်တီဂရိတ်လောက်ထိ အေးသွားနိုင်သည်ဟု သိရသည်။
ယင်းအနေအထားတွင် မိုးရွာနိုင်သည်၊ မရွာနိုင်ဘူးဆိုသည်မှာမူ အပူချိန်၊ မိုးရေပေါက်ဖြစ်နိုင်သည့်ပွိုင့်
“ အဲ့ဒီဟာကို ကျွန်တော်တို့က စိုက်ဆင်းလေပြင်းကနေ ဖြစ်လာတဲ့ လေပြင်းလို့ ခေါ်တယ်။ တစ်နာရီ မိုင် ၁၅၀ ကနေ ၁၆၀ လောက်ထိ တိုက်နိုင်တယ်။ အဲ့တော့ ဆရာကြီး ဦးထွန်းလွင်ကတော့ မိုးတိမ်တောင်ကြီးတွေဖြစ်လာရင် စိုက်ဆင်း လေပြင်းကဖြစ်တတ်တယ်။ ဖြစ်လည်းဖြစ်ခဲ့ဖူးတာတွေ ရှိတယ်။ အဲ့တော့ အဲ့အချိန်ကျရင် လေပြင်းက မုန်တိုင်းတိုက်သလိုမျိုး နာရီနဲ့ချီပြီး မကြာဘူး။ မိနစ်ပိုင်းပဲ။ တစ်မိနစ် နှစ်မိနစ်လောက်အတွင်း ဝုန်းဝုန်း ဝုန်းနဲ့ ပစ်တိုက်ပြီး သစ်ပင်တွေလဲ၊ ဘာတွေလဲ၊ စိုက်ခင်းတွေဆိုလည်း ပျက်စီးပေါ့နော်။ ဖြစ်နိုင်တယ်” လို့ ဦးဝင်းနိုင်က ဆိုသည်။
မိုးဦးစ လေဦးစအချိန်နှင့် ယခုကာလလိုမျိုး မိုးဦးနဲ့ဝေးနေသေးသည့်အချိန် မုတ်သုန်လည်း မဝင်သေးတဲ့အချိန်မျိုးတွင် မိုးတိမ်တောင်ကြီးတွေ ဖြစ်လာရင် စိုက်ဆင်းလေပြင်းဆိုတာ ဖြစ်တတ်ကြောင်းနှင့် အဲ့ဒီအချိန်မျိုးမှာ မိုးကြိုးမုန်တိုင်းဆိုတာပါ ပါလာမည်ဆိုလျှင်တော့ လူတွေ၊ တိရစ္ဆာန်တွေ မိုးကြိုးပစ်ခံရနိုင်သည့် အန္တရာယ်ရှိသည်ဟုလည်း ဦးဝင်းနိုင်က ပြောသည်။
“ အဲ့ဒီကြားထဲမှာမှ ခုန ကျွန်တော် ပြောတဲ့ အမြင့်က အပူချိန်ကျနေတဲ့နေရာမှာ ခဲနေတဲ့ရေတွေက အောက်ကို တဖြည်းဖြည်းကျလာတဲ့အခါကျတော့ မိုးသီးတွေပါ ပါလာတာပေါ့။ မိုးသီးဆိုတော့ သိတဲ့အတိုင်း စိုက်ခင်းတွေပျက်တယ်၊ သီးနှံတွေပျက်တယ်။ ခုနပြောသလို ဘက်ပေါင်းစုံကို ပြန့်ထွက်သွားတဲ့လေပြင်းတိုက်လို
" ဧပြီ ၁၉ ရက် ညပိုင်းမှာတော့ မိုးတိမ်တောင်တွေက နေပြည်တော်၊ အောင်သာ၊ ဆွာ၊ ပျဉ်းမနား၊ တပ်ကုန်း၊ ရမည်းသင်း၊ ကလောနဲ့ တောင်ကြီးမြို့တွေပေါ်ထိ ရောက်ပါတယ်။ မိုးတော့ မများနိုင်ပေမဲ့ လေပြင်းတိုက်ခတ်နိုင်ခြေ တစ်နာရီ မိုင် ၃၀ ကျော်ထိ ရှိနိုင်တာကြောင့် လေပြင်းအန္တရာယ် သတိထားကြရပါလိမ့်မယ်" လို့လည်း ဦးဝင်းနိုင်က ယနေ့ညပိုင်းမှာ သူ့ရဲ့ဖေ့စ်ဘုတ် စာမျက်နှာကနေ ထပ်မံသတိပေးမှု ပြုလုပ်ထားသည်။
ဓာတ်ပုံခရက်ဒစ် - Win Naing Facebook page
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
အသံ
လေးမျက်နှာဒေသ၌ ရေကြီးရေလွှမ်းမိုးမှု ကျဆင်းရန် အလွန်နှေးကွေးနေ
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
ပြည်နယ်နှင့် တိုင်းဒေသများအလိုက် မိုးရေချိန်ခန့်မှန်းချက်
ဆက်စပ်မေးခွန်းများ
ကျနော်မြေဩဇာပစ္စည်း အပင်စိုက်ပျိုးရေးအတွက်လိုအပ်တဲ့ပစ္စည်းတေရောင်ူပါတယ်။ နွားချေးမြေဩဇာကို ပုံမှန် အခြောက် ရောင်းပါတယ်။ အသုံးပြုသူ customers တွေ ပိုပြိးထိထိရောက်ရောက်တစ်ခါတည်းအသုံးပြုလို့ရအောင်နွားချေးမြေဩဇာကို အဆွေးခံပြီး စီးပွားရေးဖြစ်ရောင်းလိုသောကြောင့် ဘယ်လိုပုံစံမျိုး အဆွေးခံပြီး ရောင်းချပါက အသုံးပြုသူတွေအတွက်အဆင်ပြေမည်းနည်း။ နွားချေးဆွေးကိုဘယ်လို ကြာရှည်ခံအောင်ပြုလုပ်ရမည်နည်း။ကျေးဇူးပြု၍အသေးစိတ်လေးဖြေကြားပေးပါဗျ။ ကျေးဇူးတသ်ပါတယ် ခဗျ။
จูเนียร์ ร์ร์ • ဖြေကြားချက် 0 ခု
ဆရာမဂ်လာပါ🙏🙏🙏 ကျနော်ကန်စွန်းပင်လေးတွေ အစိမ်းလိုက်ညိုးနေလို့ပါဆရာ အပင်နုတ်ကြည့်တော့လည်း အမြစ်တွေကောင်းတယ်ဆရာ ဘာကြောင့်ညိုးရပါသလဲဆရာ ဘက်တီးရီးယားကြောင့်ညိုးတာလား မြေဆောင်မိူကြောင့်လားဆရာ ပိုးသက်ဆေးနဲ့အားဆေးတော့တွဲဖျန်းထားပါတယ် ၅ရက်မြောက်ရှိပါပြီ ရေ.၂၀လီတာကို Acetamiprid..5% (20)Cc Aminoacid..40%(20)Cc 15-15-30.......... 4ဇွန်းတွဲဖျန်းထားပါတယ် ဖျန်းပီ၅ရက်မြောက်မှာ ခုလိုပင်ညိုးလေးတွေတွေ့နေရလို့ပါဆရာ ဖြေကြားပေးပါအုံးနော်🙏🙏🙏
WaneBo • ဖြေကြားချက် 0 ခု
နွားကခြောက်လသားပါ။နားအထဲမှာပြည်ရှိပါတယ်။ပုပ်ဆော်နံပါတယ်။ နားအစပ်နားမှာလည်းအပေါက်ကလေးဖြစ်ပြီးပြည်ရှိပါတယ်။နားရွက်မလှုပ်နိုင်ပါ။အစာလည်းအနည်းငယ်စား။နို့လည်းဆို့။စမြုံ့လည်းပြန်ပါတယ်။ အချိန်တိုင်းအိပ်နေတာပါ။အသက်ရှူရင်လည်း လည်ပင်းက တဂွီဂွီအသံမြည်ပါတယ်။နှာရည်ကအဖြူရောင်တွေကျတာလည်းရှိပါတယ်။တခါတလေအစာဖတ်ကလေးတွေပါပါလာတတ်ပါတယ်။ dexa genta procaine penicillin ညွှန်ကြားမှူနဲ့ထိုးပါတယ်။ အနည်းငယ်ပဲဆင်ပြေပါတယ်။ နွားမလန်းပါ။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြစ်နေတာကဆယ်ရက်လောက်ရှိပါပီ။ဆေးထိုးတာကတော့ 3ရက်လောက်ပဲကြာပါသေးတယ်။ဖြေကြားပေးပါခင်ဗျာ
အုန်းကျော် • ဖြေကြားချက် 0 ခု
ခရမ်းသီးလုံးဖောက်ပိုးတွေ အရမ်းဆိုးနေလို့ ဆေးကောင်းကောင်းလေး လမ်းညွှန်ပေးပါအုံး ဆရာတို့
ကိုငြိမ်းဦး • ဖြေကြားချက် 0 ခု
မဂင်လာပါဆရာတို့ခင်ဗျာ။ နွားက 6လသားအရွယ်ပါ။နားတဖက်မှာ အထဲမရောက်ပဲ အ၀နားမှာအပေါက်ကလေးဖြစ်ပြီးပြည်တည်ပါတယ်။နားအထဲမှာပဲ အဲနေရာကနေပဲစီးကျသလားမသိပါ ပြည်စတွေရှိပါတယ်။နားရွက်မလှူပ်နိုင်ပါ။ဖျားပါတယ်။အဖျားကျဆေးထိုးပြီးလည်းနားကမသက်သာပါ။gentamycin dexa procaine penicillin ကိုလည်းကျွမ်းကျင်သူရဲ့ပြောကြားမှုနဲ့ထိုးပါတယ်။ သက်သာမှူသိပ်မရှိပါ။ အစာစားပါတယ်။နို့စို့ပါတယ်။စာမြုံ့အနည်းငယ်ပြန်ပါတယ်။ ခုတခါထပ်ဖြစ်နေတာက နှားခေါင်းကအဖြူရောင်အနှစ်တွေကျပါတယါ။အသက်ရှုတဲ့အခါ လည်ပင်းမှာတဂွီဂွီအသံတွေမြည်ပါတယ်။အစာမစားတဲ့အချိန်အိပ်နေတာများပါတယ်။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြေကြားပေးပါခင်ဗျာ။
အုန်းကျော် • ဖြေကြားချက် 0 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
လေးမျက်နှာဒေသ၌ ရေကြီးရေလွှမ်းမိုးမှု ကျဆင်းရန် အလွန်နှေးကွေးနေ
24/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၁၇ -၂၁.၈.၂၀၂၆)
22/08/2026
More from Green Way
အားလုံး
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026