ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
ယနေ့ခေတ် တောင်သူလယ်သမားများဟာဆိုရင် ယခင်မျိုးဆက်များ လုံးဝစိတ်ကူးယဉ်ကြည့်လို့ပင် မရနိုင်ခဲ့တဲ့ ဖိအားမျိုးစုံအောက်မှာ သီးနှံများကို စိုက်ပျိုးထုတ်လုပ်နေကြရတာ ဖြစ်ပါတယ်။ စိုက်ပျိုးစရိတ်နဲ့ သွင်းအားစုစရိတ်များ မြင့်မားလာခြင်း၊ ကုန်ထုတ်လုပ်မှုနှင့် ပို့ဆောင်ဆက်သွယ်မှု ကွင်းဆက်များ မရေမရာဖြစ်လာခြင်း၊ ရေထုအရင်းအမြစ်များ ရှားပါးလာခြင်းနဲ့ ရာသီဥတုပုံစံများ ခန့်မှန်းရခက်ခဲလာခြင်းတို့ ဖြစ်ကြပါတယ်။ အထူးသဖြင့် ဆူဒန်၊ ယူကရိန်း၊ မြန်မာနဲ့ ဂါဇာတို့မှ တောင်သူတွေအတွက်ကတော့ အခက်အခဲများစွာ ကြုံတွေ့နေရတဲ့ ကြားထဲကနေပဲ သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ဖို့ရာ ပိုမိုကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေပါတယ်။
သို့ပေမဲ့ အဆိုပါအခြေအနေများဟာ တစ်နေရာတည်းမှာပဲ သီးခြားဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်တွေ မဟုတ်တော့ပါဘူး။ ကမ္ဘာကြီး မှီခိုအားထားနေရတဲ့ အစားအစာများကို စိုက်ပျိုးထုတ်လုပ်ပေးနေသော သန်းပေါင်းရာနဲ့ချီတဲ့ တောင်သူလယ်သမားများ လက်တွေ့ရင်ဆိုင်နေရတဲ့ ပကတိအခြေအနေတွေကို ပြသနေတာလည်း ဖြစ်ပါတယ်။
နည်းပညာသုံး စိုက်ပျိုးရေးစနစ် (Smart Farming) ဆိုတာဟာ ဆန်းသစ်တဲ့ ခေတ်မီအသုံးအဆောင် ပစ္စည်းတစ်ခု မဟုတ်ပါဘူး။ သီးနှံတွေကို စိုက်ပျိုးထုတ်လုပ်ရာမှာ ဆုံးဖြတ်ချက်များကို ပိုမိုမှန်ကန်စွာ ချမှတ်နိုင်ဖို့၊ သွင်းအားစုစရိတ်များကို လျှော့ချနိုင်ဖို့နဲ့ ထုတ်လုပ်မှုစွမ်းအားကို မြှင့်တင်ဖို့ရာအတွက် အချက်အလက်များ၊ ဒစ်ဂျစ်တယ် ကိရိယာများနဲ့ တိကျဆန်းသစ်သော နည်းပညာများကို အသုံးပြုပြီး လုပ်ကိုင်ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ဒီနည်းစနစ်ဟာ ကမ္ဘာ့စိုက်ပျိုးရေးကဏ္ဍအပေါ် တိုးပွားလာနေတဲ့ အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းရန်အတွက် မဖြစ်မနေလိုအပ်လာတဲ့ တုံ့ပြန်ဆောင်ရွက်မှုတစ်ခု ဖြစ်လာနေပါပြီ။အဆိုပါနည်းစနစ်ဟာ တောင်သူများအတွက် မည်သည့်အချိန်မှာ သီးနှံစိုက်ပျိုးရမည်၊ မည်သည့်နေရာမှာ မြေဩဇာကျွေးပါက အကျိုးအမြတ် အများဆုံးရရှိနိုင်မည်၊ သီးနှံများအတွက် ရေပမာဏ မည်မျှအထိ အမှန်တကယ် လိုအပ်မည်၊ မည်သည့်နေရာများတွင် ဖျက်ဆီးတတ်သော ရောဂါပိုးမွှားများ ကျရောက်လာနိုင်မည်၊ မည်သည့်စိန်ခေါ်မှုများက အကျပ်အတည်းများအထိ ဖြစ်လာနိုင်မည် စသည်တို့ကို မှန်ကန်စွာ ဆုံးဖြတ်နိုင်ဖို့ရာ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။
စိုက်ပျိုးရေးကဏ္ဍဟာဆိုရင် အဓိကပြောင်းလဲမှုကြီး (၃) ကြိမ်ကို ဖြတ်သန်းခဲ့ပြီးဖြစ်ပါတယ်။
ပထမအကြိမ်မှာတော့ နေရာဒေသအသီးသီးမှာ အခြေချစိုက်ပျိုးနေထိုင်ကြတဲ့ လူ့အဖွဲ့အစည်းများကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။
ဒုတိယအကြိမ်မှာတော့ ပိုမိုကောင်းမွန်သော နည်းလမ်းများနဲ့ စက်ကိရိယာသုံး စိုက်ပျိုးရေးစနစ်များမှတစ်ဆင့် ထုတ်လုပ်မှုစွမ်းအားကို ပြောင်းလဲတိုးတက်စေခဲ့ပါတယ်။
တတိယအကြိမ်မှာတော့ "အစိမ်းရောင်တော်လှန်ရေး (Green Revolution)" ဟာ ပိုမိုကောင်းမွန်အောင် ပေါင်းစပ်ပြုပြင်ထားသော သီးနှံမျိုးစေ့များ၊ မြေဩဇာများနဲ့ ခေတ်မီစိုက်ပျိုးရေး နည်းပညာများကို ပေါင်းစပ်ပြီး လျှင်မြန်စွာ တိုးပွားလာနေတဲ့ ကမ္ဘာ့လူဦးရေကို ကျွေးမွေးစောင့်ရှောက်နိုင်ခဲ့ပါတယ်။
ပြောင်းလဲလာခဲ့ ခေတ်အသီးသီးဟာဆိုရင် ၎င်းတို့ ခေတ်ကာလရဲ့ အဓိက စိန်ခေါ်မှုဖြစ်တဲ့ "လုံလောက်သော အစားအစာ ထုတ်လုပ်နိုင်ရေး" ကို ဖြေရှင်းပေးနိုင်ခဲ့ကြပါတယ်။
စတုတ္ထမြောက် စိုက်ပျိုးရေးကဏ္ဍပြောင်းလဲမှုကြီးကတော့ ယခင်ကနဲ့ မတူညီတောတဲ့ တာဝန်တစ်ခုကို ရင်ဆိုင်နေရပါတယ်။ ယခုရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုကတော့ စိုက်ပျိုးထုတ်လုပ်မှု ပမာဏကို တိုးမြှင့်ရုံသက်သက်မျှသာ မဟုတ်တော့ပါဘူး။ လက်ရှိအချိန်မှာတော့ ယုံကြည်စိတ်ချရမှုနည်းပါးပြီး ပိုမိုရှားပါးလာသော သွင်းအားစုများကို အသုံးပြု၍လည်းကောင်း၊ မရေမရာဖြစ်မှုများ တိုးပွားလာနေသော အခြေအနေများအောက်မှာလည်းကောင်း၊ ပတ်ဝန်းကျင်ဆိုင်ရာ ဖိအားများ ပိုမိုခံစားနေရသော စိုက်ခင်းမြေယာများပေါ်မှာလည်းကောင်း အစားအစာများကို ပိုမိုထုတ်လုပ်နိုင်ဖို့ရာ ဖြစ်ပြီး တစ်ဖက်မှာလည်း စိုက်ပျိုးရေးကဏ္ဍရဲ့ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများကို လျှော့ချပေးဖို့ရာ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
အစိမ်းရောင်တော်လှန်ရေး (Green Revolution) ကို မောင်းနှင်ပေးခဲ့တဲ့ နည်းပညာတွေဟာ အလွန်ကြီးမားသော တိုးတက်ဖြစ်ထွန်းမှုများကို ဖန်တီးပေးနိုင်ခဲ့ပေမဲ့လည်း ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ဖို့ရာတော့ အကန့်အသတ်တွေ ရှိနေတာ ဖြစ်ပါတယ်။ ယနေ့အသုံးပြုနေကြရတဲ့ ဓာတုမြေဩဇာတွေဟာ စွမ်းအင်အမြောက်အမြား အသုံးပြုရသော ထုတ်လုပ်မှုစနစ်နဲ့ ထိခိုက်လွယ်သော ကုန်ထုတ်လုပ်မှု ဖြန့်ဖြူးမှု ကွင်းဆက်များအပေါ်မှာလည်း မှီခိုနေရတာ ဖြစ်ပါတယ်။ စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြတဲ့ ဒေသများစွာမှာဆိုရင်လည်း မြေအောက်ရေလွှာတွေဟာ သဘာဝအတိုင်း ပြန်လည်ပြည့်ဖြိုးနိုင်တာထက် ပိုမိုမြန်ဆန်စွာ ခမ်းခြောက်လျက်ရှိပါတယ်။ ထို့ပြင် ယခင်ကကျင့်သုံးခဲ့ကြတဲ့ အထွက်နှုန်းမြှင့်တင်စိုက်ပျိုးသော နည်းလမ်းများမှရရှိတဲ့ ထုတ်လုပ်မှုစွမ်းအားများဟာလည်း နှေးကွေးလာနေပြီ ဖြစ်ပါတယ်။
Photo Crd from Bangkok Post
လွန်ခဲ့သော ရာစုနှစ်ဝက်အတွင်း လည်ပတ်ခဲ့တဲ့ စိုက်ပျိုးထုတ်လုပ်မှုကို ဆက်လက် ထိန်းသိမ်းထားနိုင်ရန်အတွက် ကုန်ကျစရိတ်သက်သာသော ရေအရင်းအမြစ်၊ မြေဩဇာနဲ့ စက်သုံးဆီ အကန့်အသတ်မရှိ ထောက်ပံ့ပေးနိုင်မှု ဆိုတဲ့အရာတွေဟာ ယနေ့အချိန်ကာလမှာတော့ အလွယ်တကူ မရရှိနိုင်တော့ပါဘူး။
နည်းပညာသုံး စိုက်ပျိုးရေးစနစ် (Smart Farming) ကတော့ အခက်အခဲများကနေ ရှေ့ကို ဆက်လက်လှမ်းချီနိုင်မဲ့ နည်းလမ်းကောင်းတစ်ခုကို ဖန်တီးပေးနိုင်ပါတယ်။ ၎င်းစနစ်ဟာ ထုတ်လုပ်သူများအား အရင်းအမြစ်များကို ပိုမိုထိရောက်စွာ အသုံးပြုနိုင်စေရန်၊ ပိုမိုမှန်ကန်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်စေရန်နဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများကို လျှော့ချနိုင်စေရန် ကူညီပေးနိုင်တာ ဖြစ်ပါတယ်။ ပိုပြီးအရေးကြီးတဲ့ အချက်တစ်ချက်ကတော့ နည်းပညာသုံး စိုက်ပျိုးရေးစနစ် (Smart Farming) ကို ကမ္ဘာ့နေရာအတော်များများမှာ စတင်ကျင့်သုံး ဆောင်ရွက်နေကြပြီပဲ ဖြစ်ပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ရဲ့ လက်တွေ့လုပ်ဆောင်နေသော စီမံကိန်းများဟာဆိုရင် နည်းပညာသုံး စိုက်ပျိုးရေးစနစ်ရဲ့ ဖြစ်နိုင်ချေရှိသော အခြေအနေများကို နမူနာပြသလျက်ရှိပါတယ်။ FAO ရဲ့ ကန္တာရကျိုင်းကောင်များ ကျရောက်နိုင်မှုကို ကြိုတင်သတိပေးတဲ့စနစ်ဟာဆိုရင် ဂြိုဟ်တုဓာတ်ပုံများ၊ ရာသီဥတုအချက်အလက်များနဲ့ ကွင်းဆင်း သတင်းအချက်အလက်များကို ပေါင်းစပ်အသုံးပြုထားတာကြောင့် သီးနှံများကို မဖျက်ဆီးနိုင်ခင် ကြိုတင်ခန့်မှန်းချက်များ ထုတ်ပြန်နိုင်တာကြောင့် အစိုးရများအနေနဲ့ဆိုရင်လည်း ပြဿနာဖြစ်မှ တုံ့ပြန်ရခြင်းမဟုတ်ဘဲ ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
SoilFER စီမံကိန်းဆိုရင်လည်း မြေဆီလွှာဆိုင်ရာ မြေပုံအညွှန်းရေးဆွဲမှုတွေကို ပိုမိုကောင်းမွန်လာစေပြီး ရရှိလာသော အချက်အလက်များကို အမေရိကအလယ်ပိုင်းနဲ့ ဆာဟာရ အာဖရိကဒေသများရှိ တောင်သူများအတွက် လက်တွေ့ကျသော မြေဩဇာသုံးစွဲမှုဆိုင်ရာ အကြံပြုချက်များကို ပံ့ပိုးပေးလျက်ရှိပါတယ်။ အဆိုပါအစီအစဉ်ဟာ အစိုးရများနဲ့ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် စိုက်ပျိုးရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်စေရန်အတွက် ပထဝီဝင်ဆိုင်ရာအချက်အလက်များ (Geospatial Data)၊ ဈေးကွက်အချက်အလက်များနဲ့ လူမှုစီးပွားရေးဆိုင်ရာ အချက်အလက်များကို ပေါင်းစပ်ပေးထားတာ ဖြစ်ပါတယ်။
အဆိုပါဆောင်ရွက်ချက်တွေဟာ စမ်းသပ်ဆောင်ရွက်ဆဲ စီမံကိန်း (Pilot projects) များ မဟုတ်ကြပါဘူး။ ၎င်းတို့မှာ ပိုးမွှား၊ ရောဂါကျရောက်နိုင်သော ဘေးအန္တရာယ်များကို ကြိုတင်ခန့်မှန်းခြင်း၊ သီးနှံများ ပျက်စီးထိခိုက်နိုင်ခြေကို အကဲဖြတ်ခြင်းနဲ့ ပိုမိုမြန်ဆန်ပြီး အချက်အလက်စုံလင်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် ကူညီပေးသည့် AI (ဉာဏ်ရည်တု) အခြေပြု ကိရိယာများ အပါအဝင် တိုင်းတာရရှိနိုင်သော ရလဒ်ကောင်းများကို လက်တွေ့ပေးစွမ်းနေတဲ့ လုပ်ငန်းဆောင်ရွက်မှု အစီအစဉ်များ ဖြစ်ကြပါတယ်။
အဆိုပါနည်းပညာတွေရဲ့ အကျိုးကျေးဇူးတွေကိုတော့ သီးနှံစိုက်ခင်းအဆင့်မှာကိုပဲ ပေါ်လွင်ထင်ရှားစွာ မြင်တွေ့နိုင်ပါတယ်။ ဥပမာအားဖြင့် ခေတ်မီစိုက်ပျိုးရေးခြံကြီးတွေမှာဆိုရင် စိုက်ပျိုးခြင်းနဲ့ ရိတ်သိမ်းခြင်းဆိုင်ရာ ဆုံးဖြတ်ချက်များကို ပိုမိုကောင်းမွန်အောင် ပြုလုပ်နိုင်ရန်အတွက် GPS လမ်းညွှန်စနစ်သုံး စက်ကိရိယာများ၊ မြေဆီလွှာ လိုအပ်ချက်ပေါ်မူတည်၍ မြေဩဇာ ပမာဏအမျိုးမျိုး မျှတစွာကျွေးသည့်စနစ်များ (Variable-rate application)၊ သီးနှံအထွက်နှုန်းပြ မြေပုံရေးဆွဲခြင်းနဲ့ အချိန်နဲ့တပြေးညီ ရာသီဥတု စောင့်ကြည့်လေ့လာခြင်းတို့ကို ပိုမိုတိုးမြှင့် အသုံးပြုလာကြတာ ဖြစ်ပါတယ်။
ဒီနည်းပညာတွေက လက်တွေ့မှာ တကယ်အလုပ်ဖြစ်ပါတယ်။ ပိုပြီး လေးလေးနက်နက် စဉ်းစားစရာ ဖြစ်လာတဲ့ မေးခွန်းကတော့ "ဒီနည်းပညာကို ဘယ်သူတွေ လက်လှမ်းမီ သုံးစွဲနိုင်သလဲ" ဆိုတာပဲ ဖြစ်ပါတယ်။
အဆိုပါနည်းစနစ်တွေကို အသုံးပြုနိုင်ဖို့ဟာ စိုက်ပျိုးရေးကဏ္ဍရဲ့ အကြီးမားဆုံး စိန်ခေါ်မှုအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။ နည်းပညာသုံးစိုက်ပျိုးရေးစနစ် (Smart Farming) ရဲ့ အကျိုးကျေးဇူးတွေဟာ နည်းပညာသစ်များကို လက်ခံကျင့်သုံးရန်အတွက် လိုအပ်သောအရင်းအမြစ်များ၊ ကွန်ရက်ချိတ်ဆက်နိုင်မှုများနဲ့ အဖွဲ့အစည်းဆိုင်ရာ ပံ့ပိုးကူညီမှုများ ရရှိထားပြီးဖြစ်သော ထုတ်လုပ်သူများထံမှာသာ အဓိက စုပြုံလျက်ရှိနေတာ ဖြစ်ပါတယ်။
ကမ္ဘာ့ အစားအစာရဲ့ သုံးပုံတစ်ပုံခန့်ကို စိုက်ပျိုးထုတ်လုပ်ပေးနေတဲ့ တောင်သူငယ်တွေဟာဆိုရင် မကြာခဏဆိုသလို နောက်ချန်ထားခံရလေ့ရှိပါတယ်။ အမျိုးသမီးများနဲ့ လူငယ်တောင်သူတွေဟာ နည်းပညာနဲ့ ဘဏ္ဍာရေးဆိုင်ရာ လက်လှမ်းမီနိုင်မှုမှာ အတားအဆီးများနဲ့ ပိုမိုရင်ဆိုင်ရလေ့ရှိပြီး ၎င်းအခြေအနေကပဲ စိုက်ပျိုးရေးကဏ္ဍတစ်ခုလုံးရဲ့ ထုတ်လုပ်မှုစွမ်းအားနဲ့ အခွင့်အလမ်းတို့ကို လျော့ကျစေနိုင်တာ ဖြစ်ပါတယ်။အဆိုပါ ကွဲပြားခြားနားမှုများနဲ့ မညီမျှမှုများကို ဖြေရှင်းဖို့ရာအတွက် စုပေါင်းဆောင်ရွက်ဖို့ရာ လိုအပ်ပါတယ်။ အစိုးရများအနေနဲ့ စည်းမျဉ်းစည်းကမ်းများကို ခေတ်မီအောင် ပြုပြင်မွမ်းမံရမှာဖြစ်ပြီး ခေတ်မီစိုက်ပျိုးရေးစနစ်မှာ မှီခိုအားထားလာရတဲ့ ဒစ်ဂျစ်တယ်ဆိုင်ရာ အခြေခံအဆောက်အအုံတွေမှာ ပိုမိုရင်းနှီးမြှုပ်နှံရမှာ ဖြစ်ပါတယ်။ ဖွံ့ဖြိုးရေးဘဏ်များအနေနဲ့လည်း အချက်အလက်စနစ်များနဲ့ ထိရောက်တိကျသောစိုက်ပျိုးရေးစနစ် (Precision Agriculture) တို့ကို ရွေးချယ်စရာ နည်းပညာသစ်များအဖြစ် မရှုမြင်ဘဲ မရှိမဖြစ် လိုအပ်သော အခြေခံအဆောက်အအုံများအဖြစ် သတ်မှတ်ပေးသင့်တာ ဖြစ်ပါတယ်။
စိုက်ပျိုးရေးကဏ္ဍရဲ့ စတုတ္ထမြောက်ပြောင်းလဲမှုကြီးကတော့ စတင်နေပြီဖြစ်ပါတယ်။ မေးစရာရှိတာက ၎င်းရဲ့ အကျိုးကျေးဇူးတွေဟာ နည်းပညာကို အလိုအပ်ဆုံးဖြစ်နေတဲ့ တောင်သူများထံ ရောက်ရှိနိုင်မှာလား သို့မဟုတ် နည်းပညာအရ ဖြစ်နိုင်ခြေရှိတာနဲ့ လက်တွေ့ လက်လှမ်းမီနိုင်မှုတို့ကြားက ကွာဟချက်ဟာ ဆက်လက် ကျယ်ပြန့်လာမလား ဆိုတာပဲ ဖြစ်ပါတယ်။
ကိုးကားလင့်ခ် >> https://www.bangkokpost.com/opinion/opinion/3287259/smart-farming-key-to-our-future
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ကော်ဖီစိုက်က ပင်လယ်ရေမျက် ဘယ်လောက်ရှိမှ စိုက်လို့ကောင်တာလဲ
khunloonkyaw • ဖြေကြားချက် 0 ခု
မြေပဲပင်လေးတေကဝါနေလို့ဘာဆေးသုံးသင့်ပါသလဲရှင့်
ThuThu • ဖြေကြားချက် 0 ခု
ကွမ်းပင်ခြေပုတ် ခါးရိ မြစ်ခြောက်ဆွေးေဒါင်းမြီးကွက်ကရောဂါတစ်မျိုးတည်းကဖြစ်တာလားဘာေဆးေတွသုံးသင့်လည်းအလှည့်ကျသုံးရမယ်ဆေးေတွညွှန်းေပးပါအုံး ဒိုင်မီသိုေမာ့နဲ့ကလိုရိုသာလိုေနးအရောေတာ့ဖျန်းထားတယ်နှစ်ရက်ရှိပြီ
ye • ဖြေကြားချက် 0 ခု
ငါးမွေးမြူဖို့ဘာတွေသိထားသင့်လဲ အခုမှစလုပ်မှာမို့လို့ပါ
Shine Trading And Manufacturing • ဖြေကြားချက် 3 ခု
ဖြုတ်ပိုး
Zaw. Gyi • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၁၇ -၂၁.၈.၂၀၂၆)
22/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026
ဗီဒီယို
တောင်ပံလေးနဲ့တောင်မှ စိုက်ပျိုးသူ တောင်သူတွေကို အကျိုးပြုပေးနေတဲ့ ပုစဉ်းရင်ကွဲ
21/08/2026
အသံ
ပန်းပွင့်ချိန်ကို မီးနဲ့ထိန်းချုပ်ပြီး စျေးကောင်းရယူနည်း
21/08/2026
အသံ
ငရုတ်သီး ဈေး အမြင့်တွင် ဆက်ရှိနေ
21/08/2026
More from ဇင်ထူးနိုင်
အားလုံး
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
17/07/2026
ထိုင်းမှာ ကြံပင်ကို ဇီဝလောင်စာဆီ ပြောင်းပြီး အသုံးချနိုင်တော့မည်
15/06/2026
ဘက်စုံသုံးရုံတင်မက ကမ်းရိုးတန်းကိုပါ ကာကွယ်ပေးနိုင်တဲ့ ပင်လယ်ကဗွီးပင်
28/05/2026
ညောင်ရွက်တွေ ဘာလို့ဝါ ... အတိတ်နမိတ်လား သဘာဝဖြစ်စဥ်လား?
24/05/2026