ဧရာဝတီနဲ့ ချင်းတွင်းမြစ်ဖျားဆီသို့ ပြန်လည်စောင့်ကြည့်ခြင်း

05/08/2024 09:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

🔸 ပထမရေကြီးကာလ ပြီးဆုံးလုနီးနီးအချိန်မှာ ဧရာဝတီနဲ့ ချင်းတွင်းမြစ်ဖျားပိုင်းမှာ မိုးပြန်ကောင်းလာတာတွေရတဲ့အတွက် သတိထားစောင့်ကြည့်ရန်လိုလာပါတယ်။

🔸 နောက်လာမဲ့ ၁၄ ရက်အတွင်းမှာ မြစ်ကြီးနားမြို့နဲ့ ခန္တီးမြို့တွေမှာ မိုးရေချိန် ၁ လက်မခန့် မှ ၁ လက်မခွဲခန့် နေ့စဉ်မိုးရွာနိုင်ကြောင်းတွေ့ရပါတယ်။ ဧရာဝတီမြစ်ဖျားပိုင်းနဲ့ ချင်းတွင်းမြစ်ဖျား မြစ်ကြီးနား၊ ခန္တီးမြို့တွေအပြင် ဖားကန့်၊ ကာမိုင်းစတဲ့မြို့တွေမှာလဲ အလားတူမိုးများနိုင်ချေတွေကို တွေ့ရပါတယ်။

🔸 ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းနဲ့ သံလွင်မြစ်တွေရဲ့ အောက်ဘက်ဒေသတွေအပြင် လှိုင်မြစ်၊ ပဲခူးမြစ်တွေမှာလဲ မြစ်ရေတွေက မြင့်တက်နေတာ သိကြပြီးဖြစ်ပါတယ်။ 

🔸 ဒါကြောင့် မိုးရာသီရဲ့ မိုးလယ်ကာလလဲ မကုန်နိုင်သေးချိန်အတွင်း မိုးများပြီး အထက်ဘက်က ရေပမာဏများများ နောက်တကြိမ်ဆင်းလာဦးမယ်ဆိုရင် အောက်ဘက်မှာ မြစ်ရေအခံတွေရှိနှင့်ပြီး ဖြစ်တာကြောင့် ဒုတိယရေကြီးကာလ ထပ်မံဖြစ်ပေါ်နိုင်တာကို သတိထားကြရပါမယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်