ဇန်နဝါရီလ ၉ ရက် (ယနေ့) နေ့လယ် ၁ နာရီအချိန်တွင် ရရှိသည့်ဒေတာများအရ နံနက်အစောပိုင်း ၆ နာရီ ခန့်တွင် အပူချိန်အကျဆုံး(အအေးဆုံး)ဖြစ်ပြီး မွန်းလွဲ ၂ နာရီဝန်းကျင်တွင် အပူချိန်အမြင့်ဆုံး (အပူဆုံး) ဖြစ်ကြောင်းတွေ့နေရပါတယ်။
ယနေ့ ဇန်နဝါရီ ၉ ရက် မှ ဇန်နဝါရီ ၁၅ ရက်အထိ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်မြောက်ပိုင်းဒေသများမှအပ ကျန်ပြည်နယ်တိုင်းဒေသအားလုံးတွင် နေ့အပူချိန်များသည် ၃၀ °C အထက်ဆက်လက်ရှိနေမှာဖြစ်ပြီး -
ညအပူချိန်များသည် ကရင်ပြည်နယ်တောင်ပိုင်း၊ မွန်ပြည်နယ်တောင်ပိုင်းနှင့် တနင်္သာရီတိုင်းဒေသများမှအပ ကျန်ပြည်နယ်တိုင်းဒေသအားလုံးတွင် ၂၀ °C အောက်သို့ ကျဆင်းပြီး အအေးပိုလာနိုင်ပါသည်။

⚠️ အထူးသတိပြုရန် ⚠️
နံနက်အစောပိုင်းအေးနေသော်လည်း နေ့လည်ပိုင်းတွင် ပူပြင်းခြောက်သွေ့သည့် ရာသီဥတုအခြေအနေက -
🔸 မီးလောင်ခြင်းကို အားပေးနေသည့်အတွက်လည်းကောင်း၊
🔸 မီးလောင်သည့်အချိန် မီးဧရိယာကျယ်ပြန့်လျှင် ပြင်ပမှတိုးဝင်လာသည့် အားပြင်းသောလေပြင်းများကြောင့်လည်းကောင်း "မီးလောင်ရာ လေပင့်"သည့်အခြေအနေဖြစ်နိုင်တာကြောင့် မီးဘေးအန္တရာယ်ကို အထူးသတိထားကြရမှာဖြစ်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။