နိုဝင်ဘာ ၁၈၊ ၁၉ ရက်များတွင် မိုးဖွဲဖွဲရွာနိုင်သည့် ဒေသများ
နိုဝင်ဘာ ၁၆ ရက် ည ၁၀ နာရီ ၅၅ မိနစ်တွင် ရရှိသည့်ဒေတာများအရ
🔸 ဖိလစ်ပိုင်နိုင်ငံကို ဦးတည်တိုက်ခတ်လာတဲ့ စူပါတိုင်ဖွန်းမုန်တိုင်း "MAN YI" - ဖိလစ်ပိုင်အမည် PEPITO က ဒီနေ့ ညပိုင်းမှာ ဖိလစ်ပိုင်အရှေ့ဘက်ကမ်းခြေအနီးချဉ်းကပ်လာစဉ် အဆင့်-၅(CATEGORY-5)စူပါတိုင်ဖွန်းမုန်တိုင်းကြီးဖြစ်လာကြောင်း၊ တစ်နာရီလေတိုက်နှုန်း မိုင် ၁၆၀ ခန့် ရှိနေကြောင်း သိရပါတယ်။
🔸 မုန်တိုင်းများရဲ့ လမ်းကြောင်းအရွယ်အစားနဲ့ အင်အားလေ့လာဆန်းစစ်တဲ့ CIMSS က လေတိုက်နှုန်း 140 knots(တစ်နာရီ ၁၆၁ မိုင်နှုန်း)ရှိကြောင်း အတည်ပြုထားတာတွေ့ရပါတယ်။
🔸 စူပါတိုင်ဖွန်းမုန်တိုင်း MAN YI(PEPITO)သည် မနက်ဖြန် နိုဝင်ဘာ ၁၇ ရက် မြန်မာစံတော်ချိန် နံနက် ၉ နာရီဝန်းကျင် ဖိလစ်ပိုင်နိုင်ငံ အရှေ့ဘက်ကမ်းခြေကို Maria Aurora မြို့အနီးမှ ဖြတ်ကျော်စဉ် အဆင့်-၃(CATEGORY-3)တိုင်ဖွန်းမုန်တိုင်းအဖြစ်အားလျော့သွားပြီး၊ ကုန်းတွင်းပိုင်းကို ARITAO နဲ့ BAGUIO မြို့များအနီးမှ ဖြတ်ကျော်ပြီးတဲ့နောက် ဖိလစ်ပိုင် အနောက်ဘက်ကမ်းခြေမြို့ SAN FERNANDO မြို့အနီးမှ တောင်တရုတ်ပင်လယ်ထဲကို နိုဝင်ဘာ ၁၇ ရက် ည ၈ နာရီခန့်မှာ စတင်ဝင်ရောက်မယ်၊ တောင်တရုတ်ပင်လယ်တွင်း စတင်ဝင်ရောက်ချိန်မှာ CATEGORY-1 တိုင်ဖွန်းမုန်တိုင်းအဆင့်အထိ အားလျော့သွားနိုင်မှာဖြစ်ကြောင်း အတည်ပြုခန့်မှန်းချက်များမှာတွေ့ရပါတယ်။
🔸 တောင်တရုတ်ပင်လယ်ထဲမှာ အနောက်ဘက်(ဗီယက်နမ်ကမ်းခြေဘက်)ကိုရွေလျားရင်း တဖြည်းဖြည်းအားလျော့လာပြီး ဗီယက်နမ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ချိန်မှာတော့ အပူပိုင်းမုန်တိုင်းအဆင့်ဖြင့်သာ ဖြတ်ကျော်ဝင်ရောက်ကာ ဗီယက်နမ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ပြီး ချက်ချင်း အားပျော့ပျက်ပြယ်သွားမှာဖြစ်ကြောင်း ကြိုတင်ခန့်မှန်းထားပါတယ်။

🔸 လက်ရှိအချိန်မှာ မုန်တိုင်းအရှိန်သက်ရောက်မှုက မြန်မာနိုင်ငံကို သက်ရောက်နိုင်ချေ အလွန်နည်းပါးမှာဖြစ်ပြီး၊ နိုဝင်ဘာ ၁၇ ရက် ည ပိုင်းနဲ့ ၁၈ ရက်နေ့များတွင် - ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းအရှေ့ခြမ်း+အနောက်ခြမ်း ဒေသအချို့မှာ မိုးအနည်းငယ်(၁၅ မီလီမီတာ - လက်မဝက်ကျော်ကျော်ခန့်) ရွာသွန်းနိုင်ကြောင်းတွေ့ရပါတယ်။
🔸 အထက်ဖော်ပြပါ ပြည်နယ်တိုင်းဒေသအချို့မှာ မိုးဖွဲရွာသွန်းနိုင်မဲ့ အခြေအနေက နိုဝင်ဘာ ၁၈ ရက်မှ ၁၉ ရက် အထိ မိုးဖွဲဖွဲပြတ်တောင်းရွာနိုင်ချေ ဆက်လက်ရှိနေမှာဖြစ်ကြောင်း တွေ့ရတဲ့အတွက် စပါးရိတ်/စပါးလှမ်းနေဆဲတောင်သူများ သတိထားနိုင်ကြပါရန် အသိပေးတင်ပြလိုက်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မိုးလေဝသ
Myo Myint
လွန်ခဲ့သော ၁ နှစ် ကမိုးကဆွေနိုင်ပါသလားဗျာ
ဆက်စပ်ဆောင်းပါးများ
အသံ
လေးမျက်နှာဒေသ၌ ရေကြီးရေလွှမ်းမိုးမှု ကျဆင်းရန် အလွန်နှေးကွေးနေ
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
ပြည်နယ်နှင့် တိုင်းဒေသများအလိုက် မိုးရေချိန်ခန့်မှန်းချက်
ဆက်စပ်မေးခွန်းများ
မြေပဲရက်၄၀သါးမှာ ဆင်မြေသြဇာမှုန့်ပက်ချင်လို့ ပက်တဲ့အခါရွက်ပေါ်တင်ရင် လောင်နိုင်လားခင်ဗျ။
Messi • ဖြေကြားချက် 0 ခု
မြစ်သားမျိုးစိုက်ရလားဗျ ဆရာတို့ပြောပြပါအူံး
မောပ်တိုးတတ် • ဖြေကြားချက် 1 ခု
ကျနော်မြေဩဇာပစ္စည်း အပင်စိုက်ပျိုးရေးအတွက်လိုအပ်တဲ့ပစ္စည်းတေရောင်ူပါတယ်။ နွားချေးမြေဩဇာကို ပုံမှန် အခြောက် ရောင်းပါတယ်။ အသုံးပြုသူ customers တွေ ပိုပြိးထိထိရောက်ရောက်တစ်ခါတည်းအသုံးပြုလို့ရအောင်နွားချေးမြေဩဇာကို အဆွေးခံပြီး စီးပွားရေးဖြစ်ရောင်းလိုသောကြောင့် ဘယ်လိုပုံစံမျိုး အဆွေးခံပြီး ရောင်းချပါက အသုံးပြုသူတွေအတွက်အဆင်ပြေမည်းနည်း။ နွားချေးဆွေးကိုဘယ်လို ကြာရှည်ခံအောင်ပြုလုပ်ရမည်နည်း။ကျေးဇူးပြု၍အသေးစိတ်လေးဖြေကြားပေးပါဗျ။ ကျေးဇူးတသ်ပါတယ် ခဗျ။
จูเนียร์ ร์ร์ • ဖြေကြားချက် 2 ခု
ဆရာမဂ်လာပါ🙏🙏🙏 ကျနော်ကန်စွန်းပင်လေးတွေ အစိမ်းလိုက်ညိုးနေလို့ပါဆရာ အပင်နုတ်ကြည့်တော့လည်း အမြစ်တွေကောင်းတယ်ဆရာ ဘာကြောင့်ညိုးရပါသလဲဆရာ ဘက်တီးရီးယားကြောင့်ညိုးတာလား မြေဆောင်မိူကြောင့်လားဆရာ ပိုးသက်ဆေးနဲ့အားဆေးတော့တွဲဖျန်းထားပါတယ် ၅ရက်မြောက်ရှိပါပြီ ရေ.၂၀လီတာကို Acetamiprid..5% (20)Cc Aminoacid..40%(20)Cc 15-15-30.......... 4ဇွန်းတွဲဖျန်းထားပါတယ် ဖျန်းပီ၅ရက်မြောက်မှာ ခုလိုပင်ညိုးလေးတွေတွေ့နေရလို့ပါဆရာ ဖြေကြားပေးပါအုံးနော်🙏🙏🙏
WaneBo • ဖြေကြားချက် 1 ခု
နွားကခြောက်လသားပါ။နားအထဲမှာပြည်ရှိပါတယ်။ပုပ်ဆော်နံပါတယ်။ နားအစပ်နားမှာလည်းအပေါက်ကလေးဖြစ်ပြီးပြည်ရှိပါတယ်။နားရွက်မလှုပ်နိုင်ပါ။အစာလည်းအနည်းငယ်စား။နို့လည်းဆို့။စမြုံ့လည်းပြန်ပါတယ်။ အချိန်တိုင်းအိပ်နေတာပါ။အသက်ရှူရင်လည်း လည်ပင်းက တဂွီဂွီအသံမြည်ပါတယ်။နှာရည်ကအဖြူရောင်တွေကျတာလည်းရှိပါတယ်။တခါတလေအစာဖတ်ကလေးတွေပါပါလာတတ်ပါတယ်။ dexa genta procaine penicillin ညွှန်ကြားမှူနဲ့ထိုးပါတယ်။ အနည်းငယ်ပဲဆင်ပြေပါတယ်။ နွားမလန်းပါ။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြစ်နေတာကဆယ်ရက်လောက်ရှိပါပီ။ဆေးထိုးတာကတော့ 3ရက်လောက်ပဲကြာပါသေးတယ်။ဖြေကြားပေးပါခင်ဗျာ
အုန်းကျော် • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
လေးမျက်နှာဒေသ၌ ရေကြီးရေလွှမ်းမိုးမှု ကျဆင်းရန် အလွန်နှေးကွေးနေ
24/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၁၇ -၂၁.၈.၂၀၂၆)
22/08/2026
More from ဦးဝင်းနိုင်
အားလုံး
အသံ
လေးမျက်နှာဒေသ၌ ရေကြီးရေလွှမ်းမိုးမှု ကျဆင်းရန် အလွန်နှေးကွေးနေ
24/08/2026
ပြည်နယ်နှင့် တိုင်းဒေသများအလိုက် မိုးရေချိန်ခန့်မှန်းချက်
07/08/2026
အသံ
ဩဂုတ် ၉ - ၁၁ ရက်အတွင်း သတိပြုရမည့် မြို့နယ်များ (ရခိုင်၊ တနင်္သာရီ၊ ဧရာဝတီ)
04/08/2026
ဧရာဝတီတိုင်းအတွင်း မိုးဆက်လက် ရွာသွန်းနိုင်ခြေ ရှိ
02/08/2026
ဩဂုတ်လ ၁၁ ရက်မှ ၁၃ ရက်အတွင်း မိုးရွာသွန်းမှုပိုမိုအားကောင်းလာမည့် ဒေသများ
30/07/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....