ဖူဂျီဝါရာသက်ရောက်မှုကြောင့် ဖြစ်ပေါ်လာသည့် တောင်တရုတ်ပင်လယ်မှ တိုင်ဖွန်း TRAMI

24/10/2024 07:57 AM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

"FUJIWHARA EFFECT ဟုခေါ်သည့် "ဖူဂျီဝါရာသက်ရောက်မှု"အကြောင်းကို မိုးလေဝသပညာရှင်ဆရာကြီးများထံမှလည်ကောင်း၊ ပြည်ပမိုးလေဝသပညာရှင်များထံမှလည်းကောင်း များစွာကြားခဲ့၊ သိခဲ့၊ မှတ်သားခဲ့ရဖူးပါသည်။

ဤဝေါဟာရကို ဂျပန်လူမျိုး မိုးလေဝသပညာရှင်  Sakuhei Fujiwhara က စတင်တွေ့ရှိသောကြောင့် အဆိုပါ မိုးလေဝသပညာရှင်၏ အမည်ဖြင့် Fujiwhara Effect ဟုခေါ်ဝေါ်သတ်မှတ်ခဲ့ကြပြီး လေဖိအားနည်းရပ်ဝန်း သို့မဟုတ် မုန်တိုင်း ၂ လုံး နီးကပ်စွာဖြစ်ပေါ်သည့်အခါ ဤသက်ရောက်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့်နောက်ဆက်တွဲဖြစ်စဉ်များကို လေ့လာခဲ့ကြပါသည်။

ဖူဂျီဝါရာသက်ရောက်မှုသည် ပင်လယ်တခုအတွင်း၊ သို့မဟုတ် ကပ်လျက်တည်ရှိနေသည့် ပင်လယ် ၂ ခုတွင် လေဖိအားနည်းရပ်ဝန်း/မုန်တိုင်း ၂ ခုဖြစ်ပေါ်ပြီး တစ်ခုနှင့်တစ်ခုအကွာအဝေး မိုင် ၁၂၀၀ သို့မဟုတ် ၂၀၀၀ ကီလိုမီတာအတွင်းရှိနေသည့်အခါ ယင်းတို့ ၂ ခုမှ အပြန်အလှန်တုန့်ပြန်မှုကြောင့် - အားပို၍ငယ်သော လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းသည် အားပိုကြီးသည့် လေဖိအားနည်ရပ်ဝန်း/မုန်တိုင်းနှင့် ပူးပေါင်းသွားပြီး ပိုမိုအားကောင်းသော မုန်တိုင်း ၁ ခု ဖြစ်ပေါ်လာစေခြင်းဖြစ်ကြောင်း ကနဦးမှတ်သားခဲ့ရပါသည်။

အသေးစိတ်ထပ်မံလေ့လာရာမှ ဤသက်ရောက်မှုသည် မုန်တိုင်း၂ လုံးအား အောက်ဖော်ပြပါ သက်ရောက်မှုများကို ဖြစ်ပေါ်စေကြောင်းတွေ့ရှိရပါသည် -

(၁) မုန်တိုင်း တလုံးနှင့်တလုံး လှည့်ပတ်ရွေ့လျားစေခြင်း

(၂) မုန်တိုင်း တလုံးနှင့်တလုံး ဆွဲငင်အားဖြင့်ပေါင်းစည်းသွားပြီး ပိုမိုအားကောင်းလာစေခြင်း

(၃) မုန်တိုင်းတလုံးနှင့်တလုံး တွန်းကန်၍ ပိုမိုဝေးကွာသွားစေခြင်း

Fujiwhara Effect ကြောင့် တောင်တရုတ်ပင်လယ်မှ တိုင်ဖွန်း TRAMI နောက်ကြောင်းပြန်လှည့်ခြင်းဖြစ်စဉ်(ကြိုတင်ခန့်မှန်း)

တောင်တရုတ်ပင်လယ်အတွင်း ဗီယက်နမ်ကမ်းခြေသို့ ဦးတည်ရွေ့လျားသည့် တိုင်ဖွန်းမုန်တိုင်း TRAMI သည် နောက်ကြောင်းပြန်လှည့်ကာ ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်တွင် တိုင်ဖွန်းမုန်တိုင်းဖြစ်လာမည့်(လက်ရှိအချိန်တွင် INVEST-98W)၏ ဆွဲအားကြောင့် အောက်တိုဘာလ ၂၈ ရက်နေ့တွင် နောက်ကြောင်းပြန်လှည့်မည်ဖြစ်ကြောင်း ကြိုတင်ခန့်မှန်းချက်များမှ သိရှိကြရပြီးဖြစ်ပါသည်။

ECMWF Model Forecast

အောက်တိုဘာ ၃၁ ရက် နံနက် ၁ နာရီတွင် တဘက်ပင်လယ်မှ(လက်ရှိအချိန်တွင် INVEST-98W)သည် ဂျပန်နိုင်ငံတောင်ဘက်ပင်လယ်ပြင်ဆီသို့ ရွေ့လျားရင်းအားပျော့သွားသည့်အတွက် Fujiwhara Effect ပျက်ပြယ်ပြီး တိုင်ဖွန်း TRAMI သည် အနောက်ဘက်သို့ ပြန်လှည့်လာစဉ် မူလလမ်းကြောင်းမှ မြောက်ဘက်သို့ပိုမိုရောက်ရှိသွားပြီးနောက် ဟိုင်နမ်ကျွန်း၏အရှေ့မြောက်ဘက် တရုတ်ပြည်မကမ်းခြေကိုဖြတ်ကျော်ဝင်ရောက်သွားမည်ဟု ECMWF ကြိုတင်ခန့်မှန်းချက်တွင် တွေ့ရပါသည်။

GFS Model Forecast

GFS Model ကြိုတင်ခန့်မှန်းချက်တွင်မူ လက်ရှိ INVEST-98W က အားပိုကောင်းလာပြီး တိုင်ဖွန်း TRAMI ကို ဝါးမြိုသွားမှာဖြစ်ကြောင်း(TRAMI လုံးဝပျက်ပြယ်သွားမှာဖြစ်ကြောင်း)တွေ့ရပါသည်။

AI Forecast

ECMWF AI forecast တွင် လက်ရှိ INVEST-98W ၏ သက်ရောက်မှုကြောင့် တိုင်ဖွန်း TRAMI နောက်ကြောင်းပြန်လှည့်အပြီး FUJIWHARA EFFECT သက်ရောက်မှုမှလွတ်မြောက်ချိန်တွင်အားလျာ့သွားကာ ဗီယက်နမ်ကမ်းခြေကို လေဖိအားနည်းရပ်ဝန်းအဖြစ်ဖြင့်သာ ချည်းကပ်ဖြတ်ကျော်ပြီး အားပျော့ပျက်ပြယ်သွားမှာဖြစ်ကြောင်း တွေ့ရပါသည်။

ယခု တွေ့ရှိပြီး ကြိုတင်ခန့်မှန်းချက်များကြောင့် တိုင်ဖွန်းမုန်တိုင်း TRAMI သည် -

  • (၁) ရွေ့လျားလာရာ အရှေ့ဘက်အရပ်သို့ ဂငယ်ကွေ့(U-TURN)ပြန်လည်ကွေ့နိုင်ပါမည်။
  • (၂) မူလလမ်းကြောင်းအတိုင်း အနောက်ဘက်(ဗီယက်နမ်ကမ်းခြေဘက်သို့) ပြန်လည်ရွေ့လျားချိန်တွင် လုံးဝအားပျော့ပျက်ပြယ်ခြင်း(သို့မဟုတ်)ဗီယက်နမ်ကမ်းခြေအနီးတွင် အားပျော့ပျက်ပြယ်ခြင်း ၂ ခု အနက် ၁ ခု ဖြစ်နိုင်ကြောင်းတွေ့ရပါသည်။

ထို့ကြောင့် တောင်တရုတ်ပင်လယ်မှ တိုင်ဖွန်းမုန်တိုင်း TRAMI ကြောင့် မုန်တိုင်းအကြွင်းအကျန်များ မြန်မာနိုင်ငံဘက်သို့ရွေ့လျားလာပြီး မိုးများနိုင်/ရေကြီးနိုင်မည့် အန္တရာယ်မရှိနိုင်ပါကြောင်း လေ့လာသုံးသပ်တင်ပြလိုက်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်