LDP and SDP အကြောင်းကို အကျယ်ရှင်းပြနိင်မလား အဲံ့တာတွေက ပန်ိးပင်တစ်မျိုးထည်း အကျုံးဝင်တာလား တခြား နစ်ရှည်ပင်...
LDP and SDP အကြောင်းကို အကျယ်ရှင်းပြနိင်မလား အဲံ့တာတွေက ပန်ိးပင်တစ်မျိုးထည်း အကျုံးဝင်တာလား တခြား နစ်ရှည်ပင်တွေကော လုပ်နျင်မလား
LDP and SDP အကြောင်းကို အကျယ်ရှင်းပြနိင်မလား အဲံ့တာတွေက ပန်ိးပင်တစ်မျိုးထည်း အကျုံးဝင်တာလား တခြား နစ်ရှည်ပင်တွေကော လုပ်နျင်မလား
ဟုတ်ကဲ့ပါ။ ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။ အကိုလည်း ရှေ့ဆက်ပညာရပ်များစွာ လေ့လာနိုင်ပါစေ ?
ကျေးဇူးတင်ပါတယ် ညမလေး ခုလို နားမလည်တဲ့ဟာကို နားရည်ဝလာအောင် ရှင်းပြပေးတာကျေးဇူးတင်ပါတယ် ဆရာကြီး ဆောင်းပါးကိုဖတ်မိလို့ ဒီမေးခွန်းတွေမေးဖြစ်တာပါ ဆက်လေ့လာပါ အားပေးပါတယ် စိုက်ပျိုးရေး က အဓိက အသက်သွေးကြောဖြသ်လာပါပြီ အောင်မြင်ပါစေ ငါ့ညမ
ပန်းပွင့်တာက အလင်းတာနဲ့ အခြားပတ်ဝန်းကျင်အခြေအနေတွေအပေါ်မှာမူတည်နေတယ် ဆိုပေမယ့် အပင်တစ်ပင်ရဲ့ ပန်းပွင့်ခြင်းဟာ အဲ့ဒီအပင်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကြောင့်သာ ဖြစ်ရတာပါ။ ပန်းပွင့်ဖို့အတွက် ဟော်မုန်းဆိုပြီးရှိပါတယ်။ အဲ့ဒီဟော်မုန်းတွေ ထွက်မှသာ အပင်ကပန်းပွင့်နိုင်တာပါ။ အပင်တွေရဲ့ ပန်းပွင့်ခြင်းကို စမ်းသပ်ကြတဲ့ ပညာရှင်တွေရဲ့ သုတေသနများစွာလည်းရှိပါတယ်။ ဥပမာ နေ့တာရှည်တဲ့အခြေအနေတစ်ခုမှာ SDP ရဲ့ အရွက်တစ်ရွက်ကို အမဲရောင်စက္ကူနဲ့ အမှောင်ချပေးတဲ့အခါ ပန်းပွင့်ခြင်းကိုဖြစ်စေတာမျိုး၊ LDP အပင်တစ်ပင်ကို နေ့ရောညပါ အလင်းပေးထားတဲ့အခါ အချိန်မတန်ခင် ပန်းတွေပွင့်လာတာမျိုးပါ။ နောက်ပြီး ပန်းပွင့်ဖို့အတွက် florigin ဟော်မုန်းကို အပြင်ကနေ ပတ်ဖျန်းပေးတာမျိုးလည်း စိုက်ပျိုးသူတွေ ပြုလုပ်ကြပါတယ်။ အကိုပြောသလို မျိုးအသစ်ထုတ်တာမျိုးကျတော့ plant breeding ပိုင်းနဲ့ ဆိုင်သွားတယ်လို့ ထင်ပါတယ်။ အဲ့ဒီအပိုင်းက ညီမတို့တက္ကသိုလ်မှာ ဘာသာရပ်ကြီးတစ်ခုအနေနဲ့ သင်ကြရပါတယ်။ ညီမနဲ့ သိပ်မရင်းနှီးတဲ့ ဘာသာရပ်လည်း ဖြစ်တာမို့ အခုထိလည်း လေ့လာနေဆဲပါပဲရှင့်။ ပန်းပွင့်ခြင်းနဲ့ ပတ်သက်ပြီး အလင်းတာ သက်ရောက်မှု (photoperiodism effect) တစ်ခုတည်းနဲ့မဟုတ်ဘဲ တခြား သက်ရောက်မှုတွေ၊ အပင်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေနဲ့ ဆက်နွယ်ပြီး ရှင်းပြထားတဲ့ ဆရာကြီး ဦးဖရက်သိန်းဖေရဲ့ ဆောင်းပါးတစ်ပုဒ်တော့ ဖတ်ဖူးပါတယ်ရှင့်။ farmer ဂျာနယ် အတွဲ ၅၊ အမှတ် ၆၁ မှာ ပါတဲ့ ဆောင်းပါးဖြစ်ပြီး၊ ဆရာကြီးရဲ့ Facebook page မှာလည်း ပို့စ်အနေနဲ့ တင်ပေးထားတာရှိပါတယ်။ LDPs and SDPs list ဆိုပြီးလို့တော့ စာအုပ်မျိုး ရှာမတွေ့ေသးပါဘူးရှင့်။ လေ့လာမှုအားနည်းသေးတာကြောင့်မို့ တောင်းပန်ပါတယ်ရှင့်။ ပြီးတော့ ဒီအကြောင်းတွေကို စိတ်ဝင်စားတာသိရလို့ ဝမ်းသာပါတယ်။ ညီမလည်း စာတွေပြန်ဖတ်ဖြစ်သွားတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။
ဆက်မေးပါရစေ ငါ့ညမ က စိုက်ပျိုးရေးကျောင်းတက်ပုံရပါတယ် အကိုသိချင်တာ အပင်တွေကို မျိုးအသစ်ဖြစ်အောင် ဘယ်လို ထုတ်ယူရတာလည်းရှင်းပြပေးပါ စာအုပ်ရှိခဲ့ရင် လမ်းညွန်ပါ
hello sis ဒါဆို အဲပင် တွေ နစ်ရှည် ပင်တွေ ပန်းပွင့်မှ အသီးဖြစ်လာတာလေ ဆိုတော့ အကိုသိချင်တာက အချိန်မ ကျ ခင် ပန်းကို ပွင့်လာနိင်အောင်လုပ်ရင် အသီးရမယ်ပေါ့ ပြီးတော့ အပင် တွေရဲ့ ldp and sdp စာရင်းတွေကို ဘယ်မှာရှာလို့ရနိင်သလည်း ပြီး နဂို အကိုနားလည်ထား တာက ရာသီဥတု နဲ့သက်ဆိုင်တယ်ပေါ့ အပင်က သူတို့ကြောက်တဲ့ရာသီဥတု ရောက်ရင် မျိုးချံတဲ့အနေနဲ့သီးပွင့်ကျတယ်ပေါ့ ဒူးရင်း ဆို အေးပြီးခြောက်သွေတဲ့ရာသီဥတု ကိုကြောက်တယ်လို့ ဆိုပါတယ် ဒါဆို အပေါ်က စာတွေနဲ့ ရာသီဥတု ဘယ်လိုမျိုး ဆက်ရှက် နေလည်းဆိုတာ ရှင်းပြပေးပါအူး စာအုပ်ရှိရင်လည်းလမ်းညွန်ပေးပါ စိတ်ဝင်စားလို့ပါ ကျေးဇူးလည်းတင်ပါတယ်
ကျောင်းမှာသင်ခဲ့ဖူးတဲ့ အပင်တွေရဲ့ အလင်းတာကိုတုန့်ပြန်တဲ့အကြောင်း နားလည်သလောက် အကျဉ်းချုပ်ပြန်ပြောပြပေးပါမယ် အလင်းတာတုန့်ပြန်မှုအရ အပင်တွေကို အမျိုးအစားခွဲခြားတာဟာ များသောအားဖြင့် ပန်းပွင့်ခြင်းအပေါ်မှာ အခြေခံပါတယ်။ အဓိကအမျိုးအစား နှစ်မျိုးရှိပါတယ်။ Short day plants(SDPs) နဲ့ Long day plants(LDPs) ပါ။ နေရောင်ခြည်ရရှိမှု အချိန်အတိုင်းအတာကိုမူတည်ပြီး အပင်ရဲ့ပန်းပွင့်ခြင်းတွေက ကွဲပြားသွားတာပဲဖြစ်ပါတယ်။ ဒီနေရာမှာ SDPs အပင်တစ်ပင် ပန်းပွင့်တာကို အားပေးဖို့အတွက်ဆိုရင် သတ်မှတ်ထားတဲ့ တစ်နေ့တာကြာချိန် (critical day length) အောက် လျော့နည်းတဲ့တစ်နေ့တာကြာချိန် (ပိုကြာတဲ့ညတာ) ကို လိုအပ်ပါတယ်။ LDPs အတွက်ဆိုရင်တော့ critical day length ထက် ပိုများတဲ့ တစ်နေ့တာကြာချိန် (ပိုတိုတဲ့ညတာ)ကိုလိုအပ်ပါတယ်။ Critical day length ဆိုတာကတော့ အပင်မျိုးစိတ်တွေကိုလိုက်ပြီး အမျိုးမျိုးရှိပါတယ်။ အများစုသော ဂျုံမျိုးတွေဟာ LDPs တွေဖြစ်ကြပြီး နေ့တာရှည်တဲ့ နွေရာသီလိုကာလမျိုးမှာ ပန်းပွင့်တာကို ပိုပြီးလှုံ့ဆော်ပေးပါတယ်။ LDPs ဥပမာအပင်တွေကတော့ - ဂေါ်ဖီထုပ်၊ မုံလာဥ၊ ကြက်သွန်နီ၊ ဘာလီ၊ ဂျုံပင်၊ ဘိန်းပင် စတာတွေဖြစ်ပါတယ်။ ဂန္မမာမျိုးအများစုကတော့ SDPs တွေဖြစ်ကြပြီး နေ့တာတိုတဲ့ ဆောင်းရာသီလိုကာလမျိုးမှာ ပန်းပိုပွင့်ကြပါတယ်။ SDPs အပင်တွေကို ဥပမာပေးရရင် စပါး၊ လျှော်ပင်၊ ဆေးရွက်ကြီး၊ ပဲပုပ်၊ ဂန္ဓမာ စတာတွေပဲဖြစ်ပါတယ်။ SDPs မှာ တစ်နေ့တာကြာချိန် တိုမှသာ ပန်းပွင့်တဲ့ ပုံစံ(qualitative SDPs) နဲ့ တစ်နေ့တာကြာချိန် တိုလေလေ ပန်းပွင့်မှုအရှိန်မြင့်လေလေ ဆိုတဲ့ပုံစံ (quantitative SDPs) ဆိုပြီး နှစ်မျိုးရှိပါတယ်။ အဲ့ဒီလိုပဲ LDPs မှာလည်း တစ်နေ့တာကြာချိန် ရှည်မှသာ ပန်းပွင့်တဲ့ပုံစံ (qualitative LDPs) နဲ့ တစ်နေ့တာကြာချိန် ရှည်လေလေ ပန်းပွင့်မှုအရှိန်တက်လေလေဆိုတဲ့ ပုံစံ (quantitative LDPs) ဆိုပြီးရှိပါတယ်။ ဒါ့အပြင် အလင်းတာရရှိမှု ဘယ်အခြေအနေမှာမဆို ပန်းပွင့်နိုင်တဲ့အပင် day neutral plants (DNPs) ဆိုတာလည်းရှိပါသေးတယ်။ ဒီလိုအပင်မျိုးတွေကိုတော့ အီကွေတာနားနီးပြီး တစ်နေ့တာကြာချိန်ဟာ တစ်နှစ်ပတ်လုံးပုံသေဖြစ်နေတဲ့ ဒေသတွေမှာ တွေ့ရတတ်ပါတယ်။ ဥပမာ အနေနဲ့ ဗိုလ်စားပဲ နဲ့ ကန္တာရအပင်တွေ ဖြစ်ကြပါတယ်။ အလင်းတာ(photoperiodism) ကြောင့် ပန်းပွင့်မှုကွဲပြားတာဟာ ပန်းပွင့်တဲ့ ဘယ်အပင်မှာမဆို ဖြစ်တဲ့အတွက်ကြောင့် ပန်းအဓိကထားတဲ့ အပင်တွေမှမဟုတ်ဘဲ အခြားသော နှစ်ရှည်ခံပင်၊ နှစ်ရာသီခံပင်၊ တစ်ရာသီခံပင် စတဲ့ ပန်းပွင့်ကြတဲ့ အပင်တွေအကုန်လုံးအတွက်အကြုံးဝင်ပါတယ်။ ကျောင်းမှာသင်ခဲ့ဖူးတဲ့ စာကိုနားလည်သလိုအကျဉ်းချုပ်ပြန်ပြောပြထားတာမို့ မရှင်းတဲ့နေရာရှိရင် ပြန်မေးပေးပါရှင့်။ လေ့လာဆဲဖြစ်တာမို့ မှားတာရှိရင်လည်း ထောက်ပြပေးစေလိုပါတယ်။
ဆက်စပ်မေးခွန်းများ
ဒူးရင်းပင်တွေ က ဘယ်ရာသီမှာအပွင့်စပွင့်ကြပါသလည်း ဘာကြောင့်အပွင့်ဖြစ်လာရတာလည်း
ဖြေကြားချက် 1 ခု
ဒူးရင်းပင်ပျိုးပင်ရောင်းမည်
ဖြေကြားချက် 1 ခု
.....
ဖြေကြားချက် 0 ခု
အပင်တွေကိုမျိုးစိတ်အသစ်ဖြစ်အောင် ဘယ်လိုမျိုးပြုပြင် စိုက်ထုတ်ရပါသလည်း စာအုပ်ရှိရင် လမ်းညွန်ပေးပါ
ဖြေကြားချက် 3 ခု
ဒူးရင်းပင် ဘယ်လို့မျိုးစိုက်ရပါလဲ ဘယ်လို့မြေအနေထားတွေကိုပိုကြိုက်ပါလဲ သိလိုမေးမြန်းခြင်းဖြစ်ပါသည်
ဖြေကြားချက် 3 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။