အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,045
လွန်ခဲ့သော ၆ နှစ် က

ေမြပဲဥများ ခြစားခြင်းကို ဘယ်လိုကာကွယ်ပါသလဲ သိချင်ပါတယ်ခဗျာ။

ပိုးမွှားရောဂါ မြေပဲ မြေပဲခြ
3

ဖြေကြားချက် ၃ ခု

100,154 လွန်ခဲ့သော ၆ နှစ် က

Chlorpyrifos က အဆိပ်တော့ပြင်းပါတယ် သူက အဆိပ်ငွေ့အာနိသင်ရှိလို့ ခိုအောင်းနိုင်တဲ့ပိုးတော်တော်များများကို သေနိုင်တယ် လူတွေကိုတောင် အဆိပ်ဖြစ်စေနိုင်လို့ သုံးမယ်ဆို လမ်းညွှန်ထားတဲ့အတိုင်းသုံးပေးဖို့တော့လိုမယ် ကိုယ့်ကိုယ်ကိုအကာအကွယ်တွေ သေချာဝတ်ဆင်ပြီးမှ ဖျန်းသင့်တယ် ပြီးတော့ ဓာတ်ကြွင်းအာနိသင်ကလည်း အရွက်တွေပေါ်မှာ ၁၀ရက်ကနေ၁၄လောက်ထိ ကပ်ကျန်နေနိုင်လို့ အဲ့အချက်ကိုသတိထားပြီး ရိတ်သိမ်းခါနီးကပ်မဖျန်းမိဖို့တော့လိုတယ် ရက်သေချာတွက်ပြီးမှ ဖျန်းပေါ့ မြေပဲပင်အပေါ်မှာ အကျိုးသက်ရောက်လားဆိုတော့ အဲ့လိုသီးသန့်ရယ်တော့ မရှိဘူး အခုနက ဓာတ်ကြွင်းအာနိသင်တော့ရှိတယ် ပြီးတော့ သူနဲ့ရောမဖျန်းသင့်တဲ့ ဆေးတွေလည်းရှိတယ် ဆေးcompanyတွေကတော့ ပဲမျိုးရင်းဝင်တွေအတွက်လည်း ထုတ်ထားတွေတွေ့တယ် အာ့ကြောင့် မြေပဲပင်ပေါ်တော့ ထူးခြားပြီး effect မရှိဘူး ဆေးအဆိပ်ပြင်းတာကိုတော့ သတိကပ်သင့်တယ်

581 လွန်ခဲ့သော ၆ နှစ် က

chlopyrifos 20EC က မြေပဲနဲ့ တိုက်ရိုက်ထိတွေ့မိရင် ဘယ်လို side effect ရှိနိုင်ပါသလဲ?

100,154 လွန်ခဲ့သော ၆ နှစ် က

မြေပဲမှာ ခြဖျက်ဆီးမှုကို ကာကွယ်ဖို့ အတွက်ဆိုရင် ကောင်းစွာဆွေးမြေ့နေတဲ့ သဘာ၀မြေသြဇာတွေကို သုံးပြီး၊ ခြများရဲ့ အသိုက်အမြုံ (ခြအုံ)တွေကို အရင်ရှာပြီး ဖျက်ဆီးပစ်ရပါမယ်။ မြေပဲတောင့်များကို ရိတ်သိမ်းချိန်ရောက်တာနဲ့ စောစော ရိတ်သိမ်းခြင်းကလည်း ခြစားခြင်းကြောင့် ပျက်စီးမှုကိုလျော့စေပါတယ်။ chlopyrifos 20 EC ကို သုံး၍လည်း ခြကို နှိမ်နင်းနိုင်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။