ဖြေကြားချက် ၅ ခု
ok
အညိုရောင်ပြောင်းပြီး အက်ကွဲခါစဖြစ်နေတဲ့ အသီးတောင့်ထဲက အစေ့ကိုထုတ်ယူပါ။ ပန်းအိုး ဒါမှမဟုတ် ပလက်စတစ်အိတ်ထဲကို မြေဆွေးမြေဩဇာထည့်ပြီး အစေ့ကို တစ်လက်မအနက်လောက်မှာ ထည့်ပြီး စိုက်ပါ။ အစေ့စိုက်ထားတဲ့ အိတ်(သို့)အိုးကို နေရောင်ခြည်ရတဲ့ အခန်းတွင်းတနေရာမှာထားပါ။ အစေ့စိုက်ထားတဲ့ မြေကြီးကို အစိုဓာတ်အမြဲရှိနေဖို့ကိုလည်း ဂရုစိုက်ပေးပါ။ အပင်ပေါက်ကလေးက အရွက်တစ်ရွက်လောက်စထွက်လာပြီဆိုရင် အိုးအကြီးတစ်ခုထဲကို ပြောင်းပေးပါ။ အပင်ပေါက် ၁၈လက်မ လောက်အမြင့်ရှိလာပြီဆိုရင်တော့ အပြင်ကို ပြောင်းရွှေ့စိုက်လို့ရပါပြီ။ အပြင်ကိုပြောင်းစိုက်လိုက်တဲ့ အပင်နေရာဟာ နေရောင်ခြည်ရရှိပြီး ရေနုတ်အားကောင်းရပါမယ်။ အပင်ငယ်တွေကို ပထမနှစ်လမှာ တစ်ပတ်နှစ်ကြိမ်ရေလောင်ပေးရပါမယ်။ နောက်ပိုင်းမှာ တော့တစ်ပတ်တစ်ကြိမ်လောင်းပေးရင်ရပါတယ်။ အပင်အသက်တစ်နှစ်လောက်ရှိလာရင်တော့ ရေကိုနှစ်ပတ်တစ်ကြိမ်လောက်ပဲ လောင်းပေးရင်ရပါတယ်။ အပင်တော်တော်ကြီးလာပြီဆိုရင်တော့ ခြောက်သွေ့တဲ့ရာသီမှာပဲ ရေပေးရပါမယ်။ မြေဩဇာကိုတော့ အပင်စိုက်ပြီး ၄ပတ်ကနေ ၆ပတ်ရောက်တဲ့အခါမှာ NPK 12:6:8 နှုန်းကျွေးပေးပါ။ အပင်စိုက်ရင်ရေမဝပ်စေရပါဘူး၊ ကြီးထွားနှုံး နှေးကွေးတဲ့အပင်ဖြစ်ပါတယ်။ အပင်ကြီးမျိုးဖြစ်ပြီး ၂၅ ပေ ခန့်မြင့်ပါတယ်။ အပူပိုင်းဒေသပေါက်ပင်ဖြစ်ပါတယ်။ တပေပူတ လို့လည်းခေါ်ကြပါတယ်။ သပြေဘူတအပင် ပျိုးတဲ့အကြောင်းကို စာထဲမှာရှာပြီး အဆင်ပြေသလို ဘာသာပြန်ပေးထားတာပါရှင့်။ အဆင်ပြေပါစေ။
ဟုတျကဲ့
Hi
ဆက်စပ်မေးခွန်းများ
ညပိုင်းမိုးရွာရင် ညနေပိုင်းမှာ ပိုးသတ်ဆေး ဖျန်းထားတာ ကောင်းလား အာနိသင်ရှိသေးလား မိုးမရွာခင် ဘယ်နှနာရီလောက်...
ဖြေကြားချက် 1 ခု
ခရေပင်ကိုကိုင်ကူးလို့ရလားဆရာ ဘယ်လိုကူးရမလဲသိချပါတယ်
ဖြေကြားချက် 2 ခု
အောင်သပြေစိုက်ချင်လို့ ရန်ကုန်မှာ အောင်သပြေငုတ်တွေ ဘယ်မှာဝယ်ရလဲ စျေးနူန်းလဲ သိချင်ပါတယ် အောင်သပြေ ငုတ်စိုက်...
ဖြေကြားချက် 2 ခု
သပြေဘူတ မျိုးစေ့ ၊ ပျိုးပင် အစုံ ကို ရန်ကုန် ဘယ်မှာ ရောင်းလဲဗျ။
ဖြေကြားချက် 0 ခု
သပြေပင် တွင် အရွက်ပေါက်ဖြစ်နေပါတယ် ဘယ်လို ဖြေရှင်းရပါမလဲ သိချင်ပါတယ်
ဖြေကြားချက် 2 ခု