အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
4,485
လွန်ခဲ့သော ၆ နှစ် က · မှော်ဘီ

မိုးရာသီမှာ ထိုင်ဝမ်ကန်စွန်းရွက်စိုက်လို့ရပါသလား။ နည်းလမ်းပေးကြပါ ဆရာတို့။ (ကုန်းကန်စွန်း)

စိုက်ပျိုးနည်း ကန်စွန်းရွက်
2

ဖြေကြားချက် ၂ ခု

4,485 လွန်ခဲ့သော ၆ နှစ် က

မိုးရေထိရင် အရွက်ပြောက်ထတာ ဘာကြောင့်လဲ

47,132 လွန်ခဲ့သော ၆ နှစ် က

မိုးအရမ်းမများရင်စိုက်နိုင်ပါတယ်။ ကုန်းကန်စွန်းစိုက်နည်းပါ----- မြေကိုထွန်ယက်ပြီး (၃)ပေအကျယ်၊ အရှည် အသင့်အတင့်ထားရှိပြီး (၄)လက်မအမြင့်ဘောင်တွေကို ပြုလုပ်ပါ။ ဘောင်ပေါ်မှာ အစေ့တွေကို ပင်ကြား×တန်းကြား (၄×၆)လက်မထားပြီး တစ်ကျင်းကို မျိုးစေ့ (၂-၃ )စေ့ကို လက်မဝက်အနက်မြှုပ်ပြီး စိုက်ပျိုးပါ။ ကျင်းတွေကို မြေနဲ့ဖုံးပြီး ကောက်ရိုး ဒါမှမဟုတ် စပါးခွံ(၂) လက်မ အထူ ခန့် ရအောင် ထူထူဖုံးပေးပါ။ (၂-၃)ရက်အတွင်း အပင်တွေပေါက်လာပြီး (၃-၄) ပတ်သားမှာ အပင်ရင်း ကနေ ဖြတ်ပြီး ခူးဆွတ်ရောင်းချနိုင်ပါတယ်။ အပင်တွေဖြတ်ပြီး နွားချေး၊ မြေဆွေးတွေကို ထပ်မံထည့်ပေးရင်နောက် ထပ် (၇-၁၀)ရက်အတွင်းမှာ ထပ်မံခူးယူနိုင်မှာဖြစ်ပါတယ်။ ကန်စွန်းရွက်ကို (၃-၄) ကြိမ်ခူးဆွတ်ပြီးရင်နောက် ထပ် အသစ်ပြန်လည်စိုက်ပျိုးပေးဖို့ လိုအပ်ပါတယ်။ (၃×၂၀) ပေ အရွယ်ရှိတဲ့ ဘောင်တစ်ဘောင်အတွက် မျိုးစေ့နို့ဆီဗူး တစ်ဗူးခန့်လိုအပ်မှာဖြစ်ပါတယ်။

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။