ဖြေကြားချက် ၁ ခု
ငါးအမီနိုအက်စစ်ပြုလုပ်နည်း သကြား - ၃ ပိသာ ငါး - ၁ ပိသာ (အရိုး နှင့် ခေါင်း) ၁။ ငါးအရိုး၊ခေါင်းများကိုစဉ့်အိုးတွင်ထည့်ပါ။ ၂။ သကြားညိုနှင့်ဆတူရောပါ။ ထန်းလျှက်ဆတူကိုရေပျော်အောင်ကျိုပါ။ ၃။၂-၃ ရက်ခန့်ကြာသောအခါ အသားများအရည်ပျော်ဝင်သွားမည်။၇-၁၀ ရက်တွင်အချဉ်ဖောက်လာမည်။ အပေါ်ယံအခဲများကိုထုတ်ယူ၍ ဒေသအဏုဇီဝပိုးဖြင့်ရောလိုက်ပါ။ ၄။အဖတ်များကိုဖယ်ထုတ်ပြီးပါကအတွင်းရှိသောအရည်ကိုသာသုံးပါ။ ၁ လပြည့်သည်အထိနေ့စဉ်မွှေပါ။ အသုံးပြုပုံနှင့် အကျိုးအာနိသင်များ ငါးအမီနိုအက်စစ်ကိုသာမန်အားဖြင့် ရေအဆ(၁၀၀၀၀)ရောနိုင်သည်။ နိုက်ထရိုဂျင်ဓါတ် ပြည့်ဝသည့် အပင်များကြီးထွားစေခြင်သည့်ဇောဖြင့် သီးပွင့်ဝေဆာဖို့အားယူချိန်တွင်ထည့် မသုံးပါနှင့်။ အရွက်များဖူးငုံဝေဆာချိန်တွင် သုံးနိင်သည်။ ငါးအက်စစ်ရည်သုံးခြင်းသည်ထူးခြားသည်။ ပိုးမွှားများကိုမောင်းနှင်နိုင်သည်။ ထိုသို့ထုတ်လုပ်ရာတွင် ငါးအဆီများကိုသီးသန့် စုဆောင်းပါ။ ထိုအဆီများကိုရေနှင့်ရောပြီးအပင်များကိုပက်ဖျန်းပါ။ အနံ့ပြင်း၍ ပိုးမွှားများထွက်ပြေးကြသည်။ ငါးအမီနိုအက်စစ်သည် ဒေသခံအဏုဇီဝထုတ်လုပ်ရာတွင် လည်းကောင်း၊ သစ်ရွက်ဆွေး ပြုလုပ်ရာတွင် လည်းကောင်း များစွာထောက်ပံ့ကူညီသည်။ ငါးအရိုးများသည် (၁)ကြိမ်တစ်ခါတည်းဖြင့် အချဉ်မဖောက်နိုင်ပါ။ ၁၀ ကြိမ်အထိသုံးနိုင် သည်။ ငါးအရိုးများသည်သဘာဝထုံးဓါတ်ပြည့်ဝကြသည် အံ့ဖွယ်အသုံးတည့်သည်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဘော်နိုမိုသတ်ဆေးရည်အပြင်တခြားသြဂဲနစ်မိုးသတ်ဆေးတမျိုးလောက်ဖော်ပြပေးပါခမျာ
ဖြေကြားချက် 1 ခု
ကိုက်လံစိုက်နည်းသိချင်ပါတယ်ကျေးဇူးတင်ပါတယ်
ဖြေကြားချက် 1 ခု
ငါးအမိုင်နိုအက်စစ်ပြုလုပ်ရာတွင် သကြား သို့ ထန်းလျက် သို့ ကြံသကာကို ၁. ရေနှင့် ကြိုချက်ပြီးမှထည့်တာနှင့် ၂. ဒီအ...
ဖြေကြားချက် 1 ခု
ကျွန်တော်ရဲ့မြေမှာ ခြတွေရှိနေပါတယ် ဒန့်သလွန်စိုက်ဘို့အတွက် ဘယ်လိုကာကွယ်နှိမ့်နင်းရမယ်ဆိုတာသိပါရစေခင်ဗျ
ဖြေကြားချက် 1 ခု
စပါးခွံဖွဲပြာမြေသြဇာပြုလုပ်နည်း ထဲကအတိုင်း စမ်းလုပ်ကြည့်တာ သိပ်အဆင်မပြေဘူးဖြစ်နေတယ်ဗျ။ဖွဲပြာတွေက ကျွမ်းသွားတယ်...
ဖြေကြားချက် 1 ခု