ဖြေကြားချက် ၇ ခု
2:2:50..5:5:50 အချိုးတွေကိုမရှင်းပြခင်အခြေခံအချိုးလေးကိုဦးစွာရှင်းပြပါမယ်။၁%ဆေးရည်(1:1:100)ကိုအခြေခံထားမယ်ဆိုရင် ထုံး၁၀ကျပ်သား +ဒုတ္ထာ ၁၀ကျပ်သား +ရေ၄ဂါလံရောစပ်ရပါမယ်။2:2:50ဆိုရင် ရေ၂ဂါလံကို ထုံးနဲ့ဒုတ္ထာ ၂၀ကျပ်သားစီထည့်စပ်ရပါမယ်။4%ဆေးရည်ဖြစ်သွားတာပေါ့ (4:4:100)။1%ဆေးရည်ကိုအရွက်မှာကျတဲ့မှိုရောဂါကိုနှိုမ်နင်းရာမှာအသုံးပြုပါတယ်။2%အထက်ဆေးရည်တွေကိုတော့စိုက်ခင်းမြေကြီးမှာကျတဲ့မှိုရောဂါတွေကိုနှိုမ်နင်းရာမှာအသုံးပြုပါတယ်။အခြေခံအချိုးပေါ်အခြေခံပြီး တွက်ချက်ကြည့်ပါခင်ဗျာ။5:5:50ကတော့ဆေးရည်အမြောက်အများဖျော်စပ်ရာမှာအသုံးပြုပါတယ်။ထုံး၅ပေါင်+ဒုတ္ထာ၅ပေါင်+ရေဂါလံ၅၀ရောစပ်မယ်ဆိုရင် 5:5:50 ပေါ့ဗျာ။(ထုံးနဲ့ဒုတ္ထာကို ရေရှိတဲ့ပုံးထဲကိုပြိုင်တူထည့်ရင် အာနိသင်ပိုရှိတယ်လို့ပညာရှင်တွေကပြောပါတယ်)
မှိုရောဂါအတွက် ဆေးခါးတစ်ခွက် ဒီဆောင်းပါးလေးထဲမှာ အသေးစိတ်ရှင်းပြထားပါတယ်ဗျ။
ဘော်ဒို၂.၂.၅၀ နဲ့ ၅.၅.၅၀ ကျ ဘယ်လိုလုပ်ရမလဲ
ကျေးဇူးပါ ရှင့်
တောင်သူများအတွက် အသုံးဝင်ပြီး ကုန်ကျစရိတ် သက်သာစေမည့် ဘော်ဒိုဆေးရည် ပြုလုပ်နည်း စာတန်းလေးနှိပ်ပြီး လေ့လာနိုင်ပါတယ်ဗျ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ကွမ်းခြံထဲကို*ခြ*ဝင်နေလို့ပါဘာဆေးဖျန်းရမလဲ လမ်းညွန်ကြပါအုံးဆရာတို့ရေ
ဖြေကြားချက် 2 ခု
ကွမ်းညွှန့်အမျိုးအစား ဘယ်နှမျိုးရှိလဲသိချင်ပါတယ် နောက်ပြီးဘယ်မျိုးကအကောင်းဆုံးလဲ။ ဥပမာ၊ ရိုးစိမ်း၊ ရိုးနီ အဲ့...
ဖြေကြားချက် 0 ခု
ရောဂါ ဖစ်pသားခြံ ကိုဖျက်၍ တစ်လ ကြာမှ အမိုးအကာ တိုင် ပြန်သုံးမယ် မြေ နေရာလဲပန်စိုက်ရန်သင့်တော်ပါ့ရဲ့လားဗျ မြေ...
ဖြေကြားချက် 5 ခု
ဘာအစာ ကျွေးရင်ကောင်းလဲ
ဖြေကြားချက် 0 ခု
ဆေး AI သိတဲ့ software လေးရှိရင်ပြောပေးပါလား
ဖြေကြားချက် 6 ခု