အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
290
လွန်ခဲ့သော ၆ နှစ် က · မြန်အောင်

မိုးစပါးကျဲခင်းမှာ ဒန်ကျွဲပင်အများကြီးပေါက်နေတာ နှုတ်ဖို့လည်းမနိုင်လို့ပါ ဘာပေါင်းသတ်ဆေးဖျန်းရမလဲ ညွှန်ပေးစေ...

မိုးစပါးကျဲခင်းမှာ ဒန်ကျွဲပင်အများကြီးပေါက်နေတာ နှုတ်ဖို့လည်းမနိုင်လို့ပါ ဘာပေါင်းသတ်ဆေးဖျန်းရမလဲ ညွှန်ပေးစေချင်ပါတယ်

စိုက်ပျိုး ဗဟုသုတ စပါး စပါးပေါင်းသတ်ဆေးများ
Post image
Post image
7

ဖြေကြားချက် ၇ ခု

116 လွန်ခဲ့သော ၆ နှစ် က

ဂလှိုင်ပေါက်ဖြန်းပေးပါ

232 လွန်ခဲ့သော ၆ နှစ် က

မြတ်ဝမ်းပူကြတော့ကောဘာဆေးသုံးသင့်လည်းဗျ

အတည်ပြုပြီး 93,756 လွန်ခဲ့သော ၆ နှစ် က

မိုးရွာလို့ ရေတင်သွားမယ်ဆိုရင် ၁၀ရက်ကနေ ရက်၂၀သါးအတွင်းဆို ပေါင်းသတ်မြေဆီကျွေးလို့လည်း ရပါတယ် ရေမတင်ရင် ဆေးဖျန်းတဲ့အပိုင်းကိုရွေးချယ်ရမှာပါ ဆေးဖျန်းမယ်ဆို ၁၅ရက်သားလောက်ဆို ( ဇောင်းထက် ၊ တော့ဟာဘီ) စတဲ့ဆေးတွေသုံးလို့ရပါတယ် ဒါမှမဟုတ်ရင် ၁လ​ကျော် (အေမင်းစူပါ ၊ အာမိုဟက်ထရစ်)စတဲ့ဆေးတွေသုံးလို့ရတယ် ရွက်ပြန့်ကတော့ သတ်ရတာလွယ်ပါတယ်

290 လွန်ခဲ့သော ၆ နှစ် က
290 လွန်ခဲ့သော ၆ နှစ် က

ဟုတ်ကဲ့ပါ စပါးနှင့်ရောပေါက်နေတာပါ (၇)ရက်သားပဲရှိပါသေးတယ်

အတည်ပြုပြီး 93,756 လွန်ခဲ့သော ၆ နှစ် က

စပါးနဲ့ရောပေါက်နေတာလား စပါးနဲ့ရောပေါက်နေတာဆိုရင် စပါးသက်တမ်း ၁၀ရက် ၁၅ရက်သားလောက်ဆို (Bensulfuron Methyl) ဖျန်းလို့ရပါတယ် ဒါမှမဟုတ် ၁လသားလောက်မှ နှိမ်နှင်းမယ်ဆို 24D ဖျန်းပါ ရွက်ပြန့်က သတ်ရတာလွယ်ပါတယ်

116 လွန်ခဲ့သော ၆ နှစ် က

စပါးပင်လေးတွေမပေါက်ခင်ပေါင်းသတ်ဆေးဖြန်းသင်တယ်ထပါတယ် တခါမှတော့မလုပ်ဖူး ဘူး မျိုးစေ့ချပြီ မပေါက်ခင် ပေါင်းသတ် ဆေးဖြန်းတာတော့ တွ့ဖူးတယ်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။