ဖြေကြားချက် ၄ ခု
ကျေးဇူးပါ
ဟုတ်ကဲ့ ခြတောင်ပို့ပါ။ ခြတောင်ပို့အတွင်းပိုင်းကမြေသားကိုယူရမှာပါရှင့်။
တောင်ပို့မြေစိုတာချအုံလေးပြောတာလား
Facebook မှာ ဖတ်ဖူးတဲ့ တနိုင်တပိုင် တောင်ပို့မှိုဖောက်နည်းကို မျှဝေပေးပါမယ်။ ပထမဦးစွာ တောင်ပို့မြေနဲ့ ထမင်းဖြူတို့ကို ဇလုံတစ်ခုထဲ မှာရောထည့်ပြီး သမအောင် မွှေပေးရပါမယ်။ ထို့နောက် ရေကိုဖျန်းလိုက် မွှေလိုက်ဖြင့် ရေသန်ဘူး ၂ဘူးစာ ကုန်တဲ့အထိ မွှေပေးရပါမယ်။ ပြီးနောက် ထိုဇလုံကို နေရောင်ခြည် တိုက်ရိုက်မကျတဲ့နေရာ မပူလွန်းမအေးလွန်းတဲ့ နေရာမှာ ၇ ရက်ခန့်ထားရပါမယ်။ ထိုအတောအတွင်း ဇလုံကို ရွှေ့ပြောင်းခြင်းမပြုဘဲ ငြိမ်သက်စွာ ထားရမှာပါ။ ၇ ရက်ကျော်တဲ့အခါ ဇလုံရဲ့ မျက်နှာပြင်ပေါ်မှာ အမြှပ်အဖက် ဖြူဖြူမဲမဲများ တက်လာတာကို တွေ့ရပါမယ်။ အဲဒါဟာ မှိုဖောက်ဖို့ ကျူလ္လင်စီတွေဘဲ ဖြစ်ပါတယ်။ (တနည်းအားဖြင့် မှိုမျိုးစေ့တွေဘဲ ဖြစ်ပါတယ်)ထိုမှိုမျိုးများအား ခပ်ယူ၍ အစိုဓာတ်ရှိသော မြေဆွေးပုံ ကောက်ရိုးဆွေးပုံ သစ်ပင်အောက်ရှိ မြေဆွေးတွေအပေါ် နှံစပ်အောင်ချထားပေးပြီး ထားရပါမယ်။ မှိုမျိုးစေ့များ ချထားသောနေရာအား ၇/၈ ရက်တစ်ကြိမ် ရေစိုရုံသာ ဖျန်းပေးရုံဖြင့်အနံ့အရသာနှင့် ပြည်စုံတဲ့ တောင်ပို့မှို တနည်း ကောက်ရိုးမှိုတို့ကို လွယိကူစွာ စိတ်ခူး စားသုံးနိုင်ပြီး ပိုလျှံပါက ရောင်းချ၍ ဝင်ငွေတိုးစေမှာပါ။ အိမ်တွင်း၊ တိုက်ခန်း၊ ကွန်ဒိုနေသူများအဖို့ ပန်းအိုးများအတွင်း မြေဆွေးထည့်၍ စိုက်ပျိုးနိုင်ပါတယ်။ (အကယ်၍ ကျူလင်စီများ ပိုလျှံနေပါက ဌင်းကျူလင်စီ ရေသန့်ဘူးတစ်ဗူးစာကို ရေသန့်ဗူး ၁၀ ဗူးနဲ့ရောပြီး အပင်များပေါ် ဖျန်းပေးခြင်းဖြင့် ၎င်းမှိုမျိူးစေ့ ချထားသော နေရာများအား ပက်ဖျန်းခြင်းဖြင့် အပင်များ ရှင်သန်ကြီးထွားစေသော မြေဩဇာကဲသို့အသုံးပြုနိုင်ပါသည်။စားဝတ်နေရေး ပြေလည်စေနိုင်ပါမည်။
ဆက်စပ်မေးခွန်းများ
ကောက်ရိုးမိူစိုက်ပျိုးပုံနင့်ထိမ်းသိမ်းပြုစုနည်းများ ကိုတင်ပြပေးပါဆရာတို့
ဖြေကြားချက် 2 ခု
မိုးတွင်းကာလအတွက် မြေဘောင်ဖြင့် စ်ုက်ပျိုးသူတွေအတွက်တော့ အခက်အခဲလေးတွေ ရှိလာတယ် အကောင်းဆုံးနည်းလမ်း လေးတွေ သိ...
ဖြေကြားချက် 0 ခု
ဒါဘာမှိုလဲစားလို့ရလားဆရာတို့ရေ
ဖြေကြားချက် 1 ခု
ကောက်ရိုးမှိုစိုက်ပျိူးပုံနှင့်ပြုစုပုံသိချင်ပါတယ်ခဗျ
ဖြေကြားချက် 3 ခု
ဘယ်လိုစိုက်ရပါသလဲခင်ဗျာ
ဖြေကြားချက် 1 ခု