အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
348
လွန်ခဲ့သော ၆ နှစ် က · ကန့်ဘလူ

အသီးတင်အောင်မည်သို့ပြုလုပ်ရမည်နည်

စိုက်ပျိုးနည်း နဂါးမောက်
3

ဖြေကြားချက် ၃ ခု

111,325 လွန်ခဲ့သော ၆ နှစ် က

မြေဩဇာကို အပွင်ထွက်ရာသီမတိုင်မှီ ကြိုတင်ထည့်သွင်းပေးသင့်ပါတယ်။နွားချီးကို သုံးသင့်ပါတယ်။တူစူပါကို အပွင့်ထွက်ချိန်တွင်ထည့်သွင်းပေးသင့်ပြီး။နွေရေလိုက်ပေးနိုင်သောအပင်များတွင် ယခုချိန်တွင် အသီးလှိုင်နေသင့်ပါသည်။ညဖက် ဝတ်မှုံကူးခြင်းကို ဆောင်ရွက်ပေးသင့်ပါသည်။အသီးကောင်သော အပင်ဖြစ်ဖို့ဆိုလျင် အသီးကျချိန်တွင် မြေဩဇာကောင်းစွာ ဖြည့်တင်းပြီသော အပင်ဖြစ်နေအောင် ဆောင်ရွက်စိုက်ပျိုးသင့်ပါသည်။

1,451 လွန်ခဲ့သော ၆ နှစ် က

အသီးတင်အောင်အောက်ကတန်းခံပေးလိုက်ပ့??

68,534 လွန်ခဲ့သော ၆ နှစ် က

နဂါးမောက်အသီးမတင်တာဟာ အကြောင်းအရင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ ရေမြေ ရာသီဥတုနဲ့ ပတ်ဝန်းကျင်ကြောင့်ဖြစ်နိုင်သလို၊ အာဟာရဓာတ်လိုအပ်တဲ့အတွက်ကြောင့်လည်းဖြစ်နိုင်ပါတယ်။ အသီးတင်ဖို့အတွက်ဆို နေရောင်ခြည်ကောင်းကောင်းရဖို့လိုပါတယ်။ ရေဝပ်ဒဏ်ကိုလည်းမခံနိုင်တာကြောင့် ရေဝင်ရေထွက်ကောင်းတဲ့ မြေမျိုးဖြစ်အောင်ပြုလုပ်ပေးရပါမယ်။ အပင်ကြပ်လွန်းတာကြောင့်လည်း အသီးမတင်နိုင်ပါဘူး။ ဒါကြောင့် အပင်ကို လေဝင်လေထွက်ကောင်းအောင် ဘေးကပေါင်းနဲ့အမှိုက်တွေရှင်းပေးတာ၊ ချိနဲ့နေတဲ့ အကိုင်းတွေ ဖြတ်ထုတ်ပစ်တာမျိုး လုပ်ပေးရပါမယ်။ အာဟာရဓာတ်အနေနဲ့ကတော့ ပိုတက်စီယမ်ကိုကျွေးပေးပါ။ အပင်ကို ပြာဖုံးပေးတာမျိုးလည်း လုပ်လို့ရပါတယ်။ နောက်တစ်ခုကတော့ ဝတ်မှုန်ကူးခြင်းဖြစ်စဉ်မှာ အခက်အခဲရှိနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အဲ့ဒီလို ဝတ်မှုန်ကူးပေးတာကို ကိုယ်တိုင်ပြုလုပ်လို့ရပါတယ်။ အသေးစိတ်ကို အခုပေးထားတဲ့ ဆောင်းပါးထဲမှာ ဖတ်ရှုနိုင်ပါတယ်။ အဆင်ပြေပါစေရှင့်။ နဂါးမောက်သီးမတင်ရတဲ့ အကြောင်းအရင်း

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။