အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
18,513
လွန်ခဲ့သော ၆ နှစ် က · ကျောက်တံခါး

အခုပုံ မာ ပါ တဲ အရာနှစ်မျိုးကို ရောပီစပါးခင်းမာကြဲလို ရလာခင်ဗျားဆိုးကျိုးကောင်းကျိုးလေးရှင်းပြပေးပါ ခင် ဗျား

Post image
4

ဖြေကြားချက် ၄ ခု

1,290 လွန်ခဲ့သော ၆ နှစ် က

အပင်ကတော့ပြာလာမှာနော် ပုလဲသက်တမ်း ၇ ရက်ဆို အဲ့သုံးမျိုးကွျေးရင် ရက်၂၀လောက်ထိ အပင်ကစားသောက်နိုင်တယ်ဗျ။

100,154 လွန်ခဲ့သော ၆ နှစ် က

ရောကျွေးနိုင်ပါတယ် ဘာလို့ဆို nitrogenဓာတ်မှာကိုက calciumဓာတ်လည်းပါပြီးသားမလို့ပါ ပြီးတော့ အခုနောက်ပိုင်း မြေသြဇာထုတ်တွေမှာဆိုရင် NPK+Sတွေလည်း ပေါလာတာမလို့ ရောကျွေးနိုင်တယ်လို့ ယူဆပါတယ် ဒါပေမယ့် အခုနကလို စပါးအတွက် မြေသြဇာကျွေးချင်တယ်ဆိုရင်တော့ စပါးပင်ကလိုအပ်တဲ့ မြေသြဇာကို လိုအပ်တဲ့အချိန်မှာ စနစ်တကျ ခွဲကျွေးသင့်တယ်လို့ ယူဆပါတယ်

18,513 လွန်ခဲ့သော ၆ နှစ် က

Calcium. Sulphur. Nitrogen. အဲသုံးမျိုးရောကျွေးလို ရလား

100,154 လွန်ခဲ့သော ၆ နှစ် က

အရင်ဆုံးမေးချင်တာက ဦးကြီးအနေနဲ့ စပါးခင်းအတွက် ဘာဓာတ်ကို လိုချင်လို့ဖျန်းမှာပါပဲရှင့် ဦးကြီးပြောတဲ့ဓာတ်တွေကို အရင်ဆုံး ရှင်းရမယ်ဆိုရင် အမိုနီယမ်ဆာလဖိတ်[(NH4)2SO4] မှာဆို စပါးပင်အတွက် လိုအပ်တဲ့ ဆာလဖာဓာတ် ၂၄ရာခိုင်နှုန်းတောင်ပါပါတယ် ပြီးတော့ ဦးကြီးက စပါးခင်းအတွက် calဓာတ်ကို ကျွေး ချင်ပုံရတဲ့အတွက် calဓာတ်ပါတဲ့ ကျောက်မှူန့်ဂျစ်ပဆန်ကို ကျွေးမယ်လို့ယူဆပါ့မယ် gypsumကိုကျွေးမယ်ဆိုရင် သူ့မှာက ကယ်ဆီယမ်ဓာတ်နဲ့ ဆာလဖာဓာတ် ၂မျိုးလုံးပါနေတဲ့အတွက်ကြောင့် ဦးကြီးပြောသလို ၂မျိုးလုံးကို တစ်ပြိုင်တည်းရောကျွေးတာထက်စာရင် ခွဲကျွေးဖို့ကို အကြံပြုပါရစေရှင့်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။