ဖြေကြားချက် ၃ ခု
ပျိုးစေ့မဟုတ်ပါဘူးရှင့် ပင်ပိုင်းမျိုးပွားနည်းသုံးတာပါ ပျိုးကိုင်းပါ ပျိုးညွှန့်ပါ စိုက်တဲ့တောင်သူတွေဆီကနေ ပြန်ဝယ်လို့လည်းရပါတယ် သီးသန့်ရောင်းတဲ့သူတွေလည်းရှိပါတယ်
ဘေက ပျိုးစေ့ဝယ်ရမာလဲ ဗျလမ်းညွှန်ပါအုံးဗျာ
၁ပေခွဲလောက်ရှိနဲ့ ကွမ်းညွှန့်၊ ကွမ်းကိုင်းကို မြေကြီးနဲ့မြေဆွေးရောထားတဲ့ နေရာမှာ အလျားလိုက်ထားပြီး ပျိုးကိုင်းရဲ့ သုံးပုံတစ်ပုံကို မြေဆွေးပါးပါးလေးဖုံးပေးထားရမယ် အရွက်တွေခြွေပြီးမှ မြေဖုံးပေးလည်းရပါတယ် ပြီးရင် ပျိုးခင်းကို အရိပ်ရဖို့ အမိုးမိုးပေးထားရမယ် ပျိုးပင်က အရိပ်ရဖို့လိုတယ် ရေမှန်မှန်လောင်းပေးဖို့လိုတယ် မြေဆွေးပေးဖို့လိုတယ် ပျိုးပြီး နှစ်လခွဲလောက်ကြာရင်တော့ ပြောင်းစိုက်ပေးရမယ် ပျိုးပင်ကို ကိုယ်စပျိုးတဲ့ အချိန်ကရှိတဲ့ အမြင့်ထက် နည်းနည်းလောက်ပိုရှည်လာပြီ ဆိုတာနဲ့ ပြောင်းရွှေ့စိုက်လို့ရပါတယ် ကွမ်းက သဲနှုန်းမြေမှာဆိုရင် ဖြစ်ပါတယ် အခြားမြေတွေလည်းဖြစ်ပါတယ် မြေမကောင်းရင် စိုက်မယ့်နေရာလေးတင် ပြင်စိုက်လည်း အဆင်ပြေပါတယ် ဘာလို့ဆိုအညွှန့်ချိုးစိုက်တာမလို့ အမြစ်နက်နက်မဆင်းဘဲ ဘေးဖြာတဲ့ အမြစ်ပဲ ရှိလို့ပါ ပြီးတော့ နောက်တစ်နည်းအနေနဲ့ မြေထုပ်စည်းနည်းနဲ့လည်းပျိုးနိုင်ပါသေးတယ်
ဆက်စပ်မေးခွန်းများ
NPK 30 10 10 ရွက်ဖြန်းအားဆေးတွေဖြန်းလို့ရပါသလား ဘယ်လိုဆေးမျိုးဖြန်းရလဲ ကျေးဇူးပြုပြီး
ဖြေကြားချက် 2 ခု
ဆရာ တို့ရေ ကျွန်တော့ကွမ်းတွေ ရိုးမဲဆစ်ပြုတ်နှင့်ဆီဇွန်း တွေ့နေလို့ ဘယ်လိုလုပ်ရင်ကောင်းမလဲ ကူညီကြပါဦးဆရာတို့ရေ
ဖြေကြားချက် 1 ခု
ကွမ်းအရွက်မပြန့်လို့ဘာကျွေးရမလဲ ဖြေပေးကျပါအုံး
ဖြေကြားချက် 2 ခု
ဆရာတို့ရေ ကျွန်တော်တို့ဒေသအခေါ် ခေါင်းပုတ် မြစ်ပုတ် ရောဂါ ဆိုရင် ဘယ်လိုဆေးမျိုးသုံးသင့်ပါလဲ ခင်ဗျ ဖြေပေးပါဦး
ဖြေကြားချက် 1 ခု
ကွမ်း မြေနေရာပြင်နည်း စိုက်ပျိုးနည်း ပြုစုနည်း ရောဂါကာကွယ်နည်း အပြည့်အစုံကိုသိရှိလိုပါတယ်ခင်မျာ
ဖြေကြားချက် 5 ခု