အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,061
လွန်ခဲ့သော ၆ နှစ် က · မုဒုံ

ဒူးရင်းပင် စည်ကို ထိုးဖောက် ဉများဥပြီး ပိုလောက်လန်းများဖြစ်လာပါက အပင်သေခြင်းခဏခဏ ကြုံတွေနေရသည်ကို မည်သို့ကာ...

ဒူးရင်းပင် စည်ကို ထိုးဖောက် ဉများဥပြီး ပိုလောက်လန်းများဖြစ်လာပါက အပင်သေခြင်းခဏခဏ ကြုံတွေနေရသည်ကို မည်သို့ကာကွယ်နိုင်ပါသနည်း?

ပိုးမွှားရောဂါ ဒူးရင်းသီး
6

ဖြေကြားချက် ၆ ခု

68,534 လွန်ခဲ့သော ၆ နှစ် က

ဟုတ်ပါတယ်ရှင့်။ အရွယ်အစားအရကြည့်ရတာတော့ Platypus spp. နဲ့ powderpost beetle ဖြစ်ဖို့များပါတယ်။ အရက်ကို တစ်လတစ်ခါဖြစ်ဖြစ် ခမ်းသွားခါနီးတိုင်းအသစ်ပြန်လဲလှယ်ပေးပါ။ အဆင်ပြေပါစေရှင့်။

1,061 လွန်ခဲ့သော ၆ နှစ် က

ဒီမနက် ဒီလိုကောင်မျိုးလေးမိနေတာတွေ့ပါတယ်။ ဓါတ်ပုံရိုက်ဖို့ Alcohol ကိုသွန်ထားတာပါ

1,061 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူး အများကြီးတင်ပါတယ်

68,534 လွန်ခဲ့သော ၆ နှစ် က

ပိုးမလာအောင် တမာပိုးသတ်ဆေးကြိုဖျန်းထားလို့ရပါတယ်။ ဘေးပတ်ဝန်းကျင်မှာ ပိုးအကောင်ခိုအောင်းနေနိုင်တဲ့ ပေါင်းပင်တွေ အမှိုက်ပုံတွေကိုလည်း ရှင်းလင်းပစ်ပေးပါ။ ၇၀%လောက်ပျက်စီးနေတဲ့ အပင်တွေကိုတော့ မီးရှို့ဖျက်စီးပစ်ပေးပါ။ ပိုးတောင်မာကောင်တွေကို ဖမ်းဖို့အတွက်အီသနောထောင်ခြောက်တွေကိုလည်း အသုံးပြုနိုင်ပါတယ်။ ရေဘူးတစ်ဘူးကို ဘေးနှစ်ဖက်မှာ အပေါက်ဖောက် ပြောင်းပြန်ထားကာ အခြေမှာ အရက် (သို့) အရက်ပြန်အခြေခံတဲ့လက်ဆေး‌ရည် ကိုထည့်ထားပြီး ချိတ်ဆွဲထားထားနိုင်ပါတယ်။ ‌အီသနောထောင်ခြောက်နမူနာပုံလေးလည်း ပြလိုက်ပါတယ်ရှင့်။

1,061 လွန်ခဲ့သော ၆ နှစ် က

ပိုးမလာအောင် ကြိုကာကွယ်နိုင်သည့်နည်းများရှိမလားခင်ဗျ။ တစ်ချက်လွတ်သွားတာနဲ့ အပင်သေတာကြုံတာ ခဏခဏဖြစ်နေလို့ပါ။နှစ်ရှည်ပင်ဆိုတော့ ဆုံးရှုံးမှုများလို့ပါ။ နောက်ပြီး ဘယ်အချိန်တွေမှာဖြစ်တက်တယ်ဆိုတာမျိုးလဲ သိရင်မျှဝေပေးပါခင်ဗျ။

68,534 လွန်ခဲ့သော ၆ နှစ် က

ပင်စည်ထိုးပိုးကျတာပါ။ ပင်စည်ထိုးပိုးကျတဲ့အခါ ကလိုရိုဖောင်း(chloroform)၊ ပိုတက်ဆီယမ်ဆိုင်ယမ်နိုက် (potassium cyanide) တစ်မျိုးမျိုးကို ဂွမ်းနဲ့စွတ်ပြီး ပိုးရှိနေတဲ့ အပေါက်ထဲကိုထည့်ကာ အပေါက်ကို ရွှံ့စေးနဲ့ ပြန်ပိတ်ပေးရတယ်လို့ လေ့လာဖူးပါတယ်ရှင့်။ ဆေးတွေကို အခဲအဖြစ်နဲ့ ရနိုင်ရင်လည်း အခဲ တစ်ခဲနှစ်ခဲလောက်ကို အပေါက်ထဲပစ်ထည့်ပြီး လုံခြုံစွာပိတ်ပေးပါ။ ဘေးမှာ ပေါင်းပင်၊ အမှိုက်သရိုက်တွေရှိနေရင်လည်း ရှင်းပေးပါရှင့်။

You

ဆက်စပ်မေးခွန်းများ

ဒူးရင်းပင် ဘယ်လို့မျိုးစိုက်ရပါလဲ ဘယ်လို့မြေအနေထားတွေကိုပိုကြိုက်ပါလဲ သိလိုမေးမြန်းခြင်းဖြစ်ပါသည်

ဖြေကြားချက် 3 ခု

အပင်​တွေကိုမျိုးစိတ်အသစ်ဖြစ်​အောင် ဘယ်လိုမျိုးပြုပြင် စိုက်ထုတ်ရပါသလည်း စာအုပ်ရှိရင် လမ်းညွန်​ပေးပါ

ဖြေကြားချက် 3 ခု

LDP and SDP အ​ကြောင်းကို အကျယ်ရှင်းပြနိင်မလား အဲံ့တာ​တွေက ပန်ိးပင်တစ်မျိုးထည်း အကျုံးဝင်တာလား တခြား နစ်ရှည်ပင်...

ဖြေကြားချက် 6 ခု

ဒူးရင်းသီး အစေ့ကို မြေဆွေးထဲမှာ ထည့်ထားရင်း ဒီလိုထွက်လာလို့ ဘာဆက်လုပ်ရမလဲ ဒီတိုင်းထားရမလားရွှေ့ပြောင်းစိုက်ရမ...

ဖြေကြားချက် 2 ခု

တမာ ပိုးသတ်ဆေးကို ရန်ကုန်ဘယ်နားမှာဝယ်လို့ရပါလဲ။ မွန်ပြည်နယ်မှာဆိုင်ရှိရင်လဲအစဥ်ပြေပါတယ်

ဖြေကြားချက် 4 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။