အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
3,671
လွန်ခဲ့သော ၆ နှစ် က · ရွှေဘို

ဆေးပက်သင့်သေးလားဆရာသမားတို့ ရိုးမဲကျတာလို့တော့ပြောတာဘဲဆေးဆိုင်ကတော့ မှိုဆေးကဘယ်နှုန်းထည့်ဖျန်းရ 75ရက်လောက်တော့...

ဆေးပက်သင့်သေးလားဆရာသမားတို့ ရိုးမဲကျတာလို့တော့ပြောတာဘဲဆေးဆိုင်ကတော့ မှိုဆေးကဘယ်နှုန်းထည့်ဖျန်းရ 75ရက်လောက်တော့ရပြီ နောက်အလွန်ဆုံးစောင့်ရ 10-15ရက်ဆိုရိတ်နိူင်မယ့်ကျနော့နှမ်းခင်းလေ ကျေးဇူးပြု၍ ‌ဖြေပေးသွားကြအုံးနော်

ပိုးမွှားရောဂါ နှမ်း နှမ်းရိုးမည်းရောဂါ
Post image
1

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

ဆေးမဖျန်းသင့်တော့ပါဘူး။ဒါပေမဲ့နောက်ရာသီမှာတော့သတိပြုဆောင်ရွက်ရမှာရှိပါတယ်ခင်ဗျာ။မိုးစိုက်နှမ်းခင်းမှာပိုသတိထားရပါတယ်။အပင်ကမမှုန်းဘူး ဒါမှမဟုတ် အပင်တအားကြပ်နေမယ်ဆိုရင် လေဝင်လေထွက်မကောင်း..အစိုဓာတ်များနေပြီဆိုရင်ရိုးမည်းကျတတ်ပါတယ်။ဒါကြောင့် ပေါင်းနှုတ်..အပင်မှုန်းတာကို စိုက်ပြီးတစ်လမတိုင်မီအပြီးဆောင် ရွက်သင့်ပါတယ်။(မှုန်းတဲ့အခင်းနဲ့မမှုန်းတဲ့အခင်းကိုယ်တိုင်စမ်းသပ်ပြီးနှိုင်းယှဥ်ကြည့်စေချင်ပါတယ်)

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။