သဲဆန်သောမြေမှာ ကွမ်းစိုက်ပျိုးရန်သင့်မသင့်သိပါရစေ။နွေဘက်ဆိုရင်ရော ကွမ်းပင်စိုက်ပျိုးလို့ ရ...
သဲဆန်သောမြေမှာ ကွမ်းစိုက်ပျိုးရန်သင့်မသင့်သိပါရစေ။နွေဘက်ဆိုရင်ရော ကွမ်းပင်စိုက်ပျိုးလို့ ရနိင်ပါမလား သိပါရစေ
သဲဆန်သောမြေမှာ ကွမ်းစိုက်ပျိုးရန်သင့်မသင့်သိပါရစေ။နွေဘက်ဆိုရင်ရော ကွမ်းပင်စိုက်ပျိုးလို့ ရနိင်ပါမလား သိပါရစေ
သဲဆန်လွန်းတဲ့ မြေမျိုးမဖြစ်ရင်အဆင်ပြေပါတယ်။ စိုက်မယ်ဆိုရင်လည်း မြေကို သေချာပြင်ပေးဖို့လိုအပ်ပါတယ်။ သဲဆန်တဲ့ မြေက ရေထိန်းနိုင်စွမ်းနည်းတော့ ရေထိန်းထားနိုင်အောင်နဲ့ မြေဆီသြဇာတွေ မြေအောက် စိမ့်မဆင်းသွားအောင် သစ်ဆွေးမြေ များများထည့်ပေးသင့်ပါတယ်။ သစ်ဆွေးမြေက အပင်အတွက် အဟာရဖြစ်သလို အစိုဓာတ်နဲ့ အဟာရတွေကို အပင်ကရရှိအောင် ထိန်းထားပေးနိုင်ပါတယ်။ ကွမ်း (၁၀၀၀) ခြံကို သစ်ဆွေးမြေ (၁၀) တင်းကနေ တင်း (၅၀) ထိ ထည့်ပေးပါ။ အရမ်းစေးလွန်းတဲ့မြေမှာလည်း မသင့်တော်ပါဘူး။ ကွမ်းက ရေကြိုက်ပေမယ့် အစိုဓာတ်များလွန်းရင် ရောဂါဖြစ်ဖို့ ပိုလွယ်ကူပါတယ်။
ဆက်စပ်မေးခွန်းများ
သံပုရာ သံပုယို ဆိုက်ပျိုးနည်းလေးသိချင်လို့ပါ
ဖြေကြားချက် 1 ခု
စိန်တလုံးသရက်ပြုစုနည်းကိုပြောပြပေးပါ။၂နှစ်သားအရွယ်ပါ။
ဖြေကြားချက် 2 ခု
စိန်တလုံးသရက်ပင်ပြုစုပျိုးထောင်နည်းကိုပြောပြပေးပါလားခင်ဗျာ့
ဖြေကြားချက် 1 ခု
ငရုပ်ကို ယခုအချိန်စိုက်ချင် ဘာမျိုးကိုဘယ်လို စိုက်ရမယ်ဆိုတာ အ ကြံပြုပေးပါအုံးဗျ်
ဖြေကြားချက် 1 ခု
အော်ဂဲနစ် စိုက်ပျိုးရေးအကြောင်းလေး ကို အသေးစိပ်အစအဆုံးလေ့လာချင်လို့ပါ အခြေခံကစ လေ့လာချင်လို့ ဖြစ်နိုင်လျှင်...
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။