သရက်ပင်ရဲ့ပင်စည်မှာပိုးကျနေလို့ဘာလုပ်ရမလဲရှင့်
ပိုးပေါက်တွေထဲကို ကလိုရိုဖောင်း၊ ပိုတက်စီယမ်ဆိုင်ယမ်နိုက် တစ်မျိုးမျိုး စွတ်ထားတဲ့ ဂွမ်းစထည့်ပြီး အပေါက်ကို ရွှံ့နဲ့လုံအောင်ပြန်ပိတ်ပေးပါ။ ဆေးကိုအခဲအနေနဲ့ရနိုင်ရင်လည်း အခဲကိုထည့်ပြီး အပေါက်ကို လုံအောင်ပိတ်ပေးပါ။ တစ်ကယ်လို့ ဆေးတွေမရနိုင်ရင် ဓာတ်ဆီ (သို့မဟုတ်) ရေနံဆီကို ဂွမ်းနဲ့စွတ်ပြီးထည့်နိုင်ပါတယ်။ ညှိုးခြောက်နေတဲ့ ကိုင်းတွေကိုလည်း ဖယ်ရှားပြီး မီးရှို့ဖျက်စီးပေးပါ။ ဘေးပတ်ဝန်းကျင်က ပိုးကောင်တွေ ခိုအောင်းနေနိုင်တဲ့ အမှိုက်တွေပေါင်းတွေကိုလည်း ရှင်းပေးပါ။
ကော့ပါးအော်ဇီကလိုရိုဒ် အစေးကို ပင်စည်ပေါ်သုတ်လိမ်းပေးပါ။အပေါက်ရှိရင် အပေါက်ထဲကို ကာဘိုဖျူရမ် ကို အညွှန်းအတိုင်းစနစ်တကျ သုံးပေးပါ။
ဆက်စပ်မေးခွန်းများ
ကိုင်းကူးပြိးသား အပင်ကို မျက်နှာချင်းဟတ်ပြိး ဆက်ထားတဲ့ နေရာကို မြေကျင်ပေါမှာ ဖော်ပြိး စိုက်ရမှာလား မြေကျင်းထဲ...
ဖြေကြားချက် 3 ခု
စိန်တလုံးသက်ရက်ပင်ကြီးထွားပီးအဟာရရရှိအောင်ဘယ်လိုလုပ်ရမလဲနောက်ပီးရှင်သန်ကြီးထွားအောင်ဘယ်လိုလုပ်ရမလဲကျွန်တော့်...
ဖြေကြားချက် 2 ခု
သရက်အစေ့စိုက်ဘယ်နနှစ်နဲ့သီးပါသလဲ
ဖြေကြားချက် 1 ခု
ဘာရောဂါလဲဖဗျ
ဖြေကြားချက် 1 ခု
ဒီအပင်ကိုကျွန်တော်တို့ဆီက ဆင်စွယ်ဂမုန်းလို့ခေါ်ကြပါတယ် ဘယ်လိုအသုံးပြုလို့ရလဲမသိကြပါဘူး သိတဲ့ဦးကြီးတို့ပြောပြ...
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။