ဖြေကြားချက် ၂ ခု
ဟုကျေးဇူးပါဗျ
လက်သန်းလုံးအရွယ် မနုမရင့် ကိုင်းတစ်ကိုင်းအား တစ်လက်မအရွယ်ခန့်အပေါ်မှအခွံခွာထုတ်ပစ်လိုက်ပါ။ အစာရေစာဖြတ်တောက်ခြင်းဖြစ်ပါသည်။ ပီးလျှင် အထဲမှ ကိုင်းလုံး(အနှစ်)ပေါ်မှ အညှိ (အစိမ်းရောင်အညှိ)များအားကုန်စင်အောင်ခြစ်ပါ။ထိုသို့မခြစ်ပါက ကျီးပေါင်းတတ်၍ အမြစ်မထွက်ပါ။ ထို့နောက် ခြစ်ထားသော တစ်လက်မနေရာသို့ ရွံ့မံ၍ (မထူမပါး) အပေါ်မှ အုန်းဆံပါတ် (အုန်းသီးအခွံအားထု၍ အမွာအမွာဖြစ်အောဘင်ပြုလုပ်) လုံအောင်အုပ်ပြီး အနားနှစ်ဘက်စလုံးအား နှီးသို့မဟုတ် ကြိုးဖြင့်စည်းထားပါ။ ကိုင်းကူးခြင်းအား မိုးဦးကျနှင့်မိုးတွင်းကာလသာလျှင်ပြုလုပ်နိုင်ပါသည်။ မိုးမရွာပါက ကိုင်းကူးထားသောနေရာသို့ရေရအောင် ရေဖြန်းပေးရန်လိုပါသည်။ သို့မှသာအမြစ်ထွက်ပါသည်။ ၂ပတ်လောက်ကြာလျှင် အမြစ်ဖြူဖြူများ အုန်းဆံပတ်ကြားမှတိုးထွက်လာလျှင် ကိုင်းအား အရင်းမှဖြတ်၍ ပျိုးယူနိုင်ပါသည်။ Green_land_Online_Sale မှကူးယူဖော်ပြပါသည်။
ဆက်စပ်မေးခွန်းများ
ဘာဆေးသုံးရမလဗျာ
ဖြေကြားချက် 1 ခု
အစိမ်းရောင်လမ်းမှပညာရှင်များခင်ဗျာ။တောင်သူတွေရဲ့မေးမြန်းမှုလေးတွေကိုယ်အလေးထားပြီးပြန်လည်ဖြေကြားပေးစေချင်ပါတယ်။...
ဖြေကြားချက် 3 ခု
အပင်ကိုင်ရှင်းတဲ့အခါထားသင့်တဲ့ကိုင်းမထားသင့်တဲ့ကိုင်းတွေကိုယ်ပုံနှင့်တကွသိချင်လို့ပါ။အစိမ်ရောင်လမ်းကဆရာတို့...
ဖြေကြားချက် 1 ခု
အရွက်တွေလိပ်နေလို့ အကြံပေးကြပါဆြာတို့
ဖြေကြားချက် 0 ခု
မြေချဉ်၊မြေငန်စသည် ဘယ်လိုခွဲခြားသိနိုင်မလဲ?
ဖြေကြားချက် 3 ခု