အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
290
လွန်ခဲ့သော ၆ နှစ် က · ဇေယျာသီရိ

မြေပဲ​ပင်​ အပင်ကြီးထွားမှု့အဆင့်ဆင့်အလိုက်.​ .​ ရေလိုအပ်ချက်လေးတွေမျှဝေးပေးပါအုန်းခင်ဗျ

စိုက်ပျိုး ရေ မြေပဲ မြေပဲရေလိုအပ်ချက်
1

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

မြေပဲကအစိုဓာတ်အမြဲရှိဖို့လိုအပ်ပါတယ်.ဒါကြောင့်အစိုဓာတ်ထိန်းနိုင်တဲ့မြေမျိုးမှာစိုက်သင့်ပါတယ်။နုံးမြေ,နုံးစနယ်မြေ,သဲနုံးမြေတွေဆိုရင်အဆင် ပြေပါတယ်.ရေလိုအပ်တဲ့အချိန်တွေက..အပင်ကြီးထွားစဥ်ကာလ (အပင်ဖြစ်ရေလို့ခေါ်ပါတယ်)ရယ်,ပန်းစပွင့်ချိန်ရယ်(၂၅ရက်..ရက်၃၀),စွယ်ချချိန်နဲ့အသီးတောင့်ဖြစ်ချိန်(ရက်၅၀..၇၀)တွေမှာ အထူးလိုအပ်ပါတယ်။အဲဒီအချိန်တွေမှာရေလိုအပ်နေရင်ရေသွင်းပေးနိုင်ပါတယ်။မြေပဲကရေဝပ်ရင်လုံးဝမကြိုက်ဘူးဗျ။မြေပဲအထွက်ကမြေအစိုဓာတ်နဲ့​အောက်ဆုံးကိုင်းပေါ်မူတည်နေပါတယ်။ဒါကြောင့်အစိုဓာတ်ထိန်းနိုင်အောင်..သဘာဝမြေဆွေးတွေ,အပင်အကြွင်းအကျန်တွေ,ပဲမှော်တွေ, သစ်စိမ်းမြေသြဇာတွေ နှစ်စဥ်သုံးစွဲသင့်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။