အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
11,135
လွန်ခဲ့သော ၆ နှစ် က · မှော်ဘီ

တမာပိုးသတ်ဆေးကဆိုင်မှာဝယ်ရတာလားကိုယ့်ဘာသာလုပ်ကတာလားဗျကို့ဘာသာလုပ်ကတယ်ဆိုနည်းလမ်းလေးမစပါဆရာတို့

အပင်အာဟာရ ပဲတောင့်ရှည်
2

ဖြေကြားချက် ၂ ခု

2,286 လွန်ခဲ့သော ၆ နှစ် က

ဘယ်လောက်ကြာကြာထားရသလဲခင်ဗျ

47,132 လွန်ခဲ့သော ၆ နှစ် က

တမာပင်က ပိုးသတ်ဆေးလုပ်ဖို့ သင့်တေယ်တဲ့ အပင်တစ်မျိုးပါ။အစေ့ထဲက ထွက်တဲ့ အဆီ၊ အစေ့ခြောက်မှုန့်၊ အရွက်၊ အခေါက် အကုန်လုံး အသုံးပြုနိုင်ပါတယ်။ အလွယ်ကူဆုံး အရွက်မှ ပိုးသတ်ဆေးလုပ်နည်းလေး ဖော်ပြပါမယ်။ (၁) တမာရွက် ၂ ပိဿာခန့်ခူးပါ။ (၂) တမာရွက်တွေကို နုတ်နုတ်စင်းပါ။ (၃) တမာရွက်များကို ရေ ၄ ဂါလံဖြင့် အဖုံးပါ ပုံးတွင်စိမ်ပါ (၄) တမာရွက်စိမ်ရည်ကို ၃ ရက်ထားပါ။ (၅) တမာရွက်စိမ်ရည်ကို ပိတ်ပါးသို့မဟုတ် ရေစစ်ဖြင့်စစ်ယူပါ။ (၆) တမာရွက်စိ်မ်ရည် ထဲသို့ အိမ်သုံးစားဆီ ဘာဆီဖြစ်ဖြစ် ၆ ကျပ်သား၊ ပန်းကန်ဆေးဆပ်ပြာရည် ၆ ကျပ်သား ခန့်မှန်းပြီးထည့်ပါ။ (၇) တမာဆေးရွက်စိမ်ရည်အရောအနှောကို ရေ ၄ ဂါလံဖြင့် ရောပြီး ဆေးအဖြစ် ပက်ဖျန်း အသုံးပြုနိုင်ပါသည်။ သတိပြုရန်မှာ ဆေးဖျန်းသည်နှင့် ပိုးများ ချက်ခြင်းသေမည်မဟုတ်ပါ။ အစားပျက်၊ ပေါက်ဖွားမှု လျှော့ကျခြင်းဖြင့် သီးနှံခင်းများကို ကာကွယ်နိုင်မည်ဖြစ်ပါသည်။ ပိုးများ၏ ဘဝစက်ဝန်းမှာ ၁၅-၄၅ ရက်ဖြစ်သောကြောင့် တစ်ပတ်တစ်ကြိမ် ဆေးဖျန်းပေးခြင်းဖြင့် ထိရောက်စေပါမည်။ ကုန်ကျစရိတ်လည်းသက်သာပြီး အန္တရာယ်ကင်းရှင်းမှာပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

တိုင်ထောင်ပဲစိုက်ထားပါတယ်အသီးအားဆေးအတွက်ဘာဆေးတွေကောင်းပါသလဲအလင်းပြပါခင်ဗျာပိုးမွှားတွေအတွက်ကောပိုးသတ်ဆေးအနေနဲ့...

ဖြေကြားချက် 2 ခု

ကျွန်တော့်ရဲ့ပဲတောင့်ရှည်အရွက်တွေမှာပုံပါအတိုင်းလက္ခဏာတွေဖြစ်နေပြီးသီးပွင့်မှုရပ်တန့်နေတာကိုတွေ့နေရပါတယ်။ ဘယ်...

ဖြေကြားချက် 1 ခု

ပဲတောက့်ရှည်စိုက်ကိုကျွန်တော်ကသီးပွင့်အားဆေအနေနဲ့ဒီကောင်ကိုဖျန်းပါတယ်ကောင်းပါသလားခင်ဗျာဒီထက်ကောင်းမဲ့ဆေးရှိရင်...

ဖြေကြားချက် 1 ခု

ပဲအသီးအပွင့်တွက်အထွက်တိုးအောင်ဘာဆေးတွေကောင်းလဲအလင်း့ပြပါဆရာတို့

ဖြေကြားချက် 3 ခု

ပဲပင်များအရွက်တွေကွက်ပြီးဝါနေတာဘာဆေးသုံးရမလဲခင်ဗျာ

ဖြေကြားချက် 0 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။