အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,625
လွန်ခဲ့သော ၆ နှစ် က · နတ်မောက်

စာကိုသေချာစွာဖတ်ရှုကြပါ.... #စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲ က ထုတ်ပြန်သော.... "ကန္တာရကျိုင်း...

စာကိုသေချာစွာဖတ်ရှုကြပါ.... #စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲ က ထုတ်ပြန်သော.... "ကန္တာရကျိုင်းကောင် (နှံကောင်) Desert Locust အန္တရာယ် အသိပေးနှိုးဆော်ချက်....." ????????????????? ၁- ​ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏အိမ်နီးနားချင်းနိုင်ငံများဖြစ်သော အိန္ဒိယနိုင်ငံနှင့်ပါကစ္စတန်နိုင်ငံများတွင် ကန္တာရကျိုင်းကောင်(နှံကောင်)Desert Locust များကျရောက်ဖျက်ဆီးလျက်ရှိကြောင်းသိရှိရပါသည်.... ၂ အဆိုပါနိုင်ငံများနှင့်နယ်နမိတ်ချင်းထိစပ်လျက်ရှိသော စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရခိုင်ပြည်နယ်တို့တွင် ကျိုင်းကောင်များ..အများအပြားကျရောက်လျက်ရှိကြောင်းလူမူကွန်ယက်စာမျက်နှာများတွင်ဖော်​​ပြနေကြပါသည်.... ၃- မြန်မာနိုင်ငံအတွင်းလက်ရှိကျရောက်လျက်ရှိသော ကျိုင်းကောင်များသည် ကန္တာရကျိုင်းကောင်(နှံကောင်) Desert Locust များ ဟုတ်/ မဟုတ်ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်များအရ.. နိုင်ငံအတွင်းရှိနှင့်နေပြီး အမျိုးအစားများဖြစ်ပြီး ကန္တာရကျိုင်းကောင်(နှံကောင်) Desert Locust မဟုတ်ကြောင်းတွေ့ရှိရပါသည်... ၄-သို့ပါ၍ မိမိဒေသ၌နိုင်ငံအတွင်းမရှိသော ကန္တာရကျိုင်းကောင်(နှံကောင်)များ ကျရောက်မူကိုတွေ့ရှိပါက သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ် ၊ခရိုင် ၊မြို့နယ် အဖွဲ့အစည်းများနှင့် ညှိုနှိုင်း၍သတိထားစောင့်ကြည့်ပါရန်နှင့် ထူးခြားမူသံသယရှိဖွယ် နှံကောင်များတွေ့ရှိပါက အထက်ဌာနအဆင့်ဆင့်သို့ အမြန်ဆုံးသတင်းပို့ရန် အကြောင်းကြားပါသည်... စိုက်ပျိုးရေးဦးစီးဌာန... သီးနှံကာကွယ်ရေးဌာနခွဲ... Credit: Dr Ko Ko

ပိုးမွှားရောဂါ မြေပဲ ပိုးသတ်ဆေးအေအိုင်များ

ဖြေကြားချက် ၀ ခု

ဖြေဆိုထားခြင်း မရှိသေးပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။