အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
2,149
လွန်ခဲ့သော ၆ နှစ် က · အုတ်ဖို

စပါးခင်းကို ပုလဲဖျော်ပီး ဖျန်းလို့ အကျိုးရှိမရှိ သိပါစေခင်ဗျ လင်းပေးခဲ့ပါအုံး ဆရာတို့ရေ please

စိုက်ပျိုးစီးပွား စပါး စပါးဆေးလောင်ခြင်း
4

ဖြေကြားချက် ၄ ခု

2,149 လွန်ခဲ့သော ၆ နှစ် က

ဟုတ်ပါတယ် မတ်ပဲချိန်က ဖျန်းတာကောင်းတယ်

11,135 လွန်ခဲ့သော ၆ နှစ် က

ပုလဲဆိုတာဓာတ်ဆားအဖြူကိုပြောတာလားခင်ဗျ

2,149 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးပါ အကို မတ်ပဲတုန်းက. ပုလဲရေဖျော်ပီး ဖျန်းဖူးလို့ပါ ကျေးဇူးတင်ပါတယ်

82,997 လွန်ခဲ့သော ၆ နှစ် က

ပုလဲမြေသြဇာအများစုက တာရှည်ခံ မြေသြဇာများဖြစ်ပါတယ်။ ဖျော်ပြီးဖျန်းမယ်ဆိုရင် အပင်လောင်သွားတာတွေဖြစ်နိုင်သလို အပင်ကလည်း အာဟာရ အနည်းငယ်သာ ရယူနိုင်ပြီး အငွေ့ပျံကာ အလေအလွင့်များပါတယ်။ ရွက်ဖျန်းအားဆေးသီးသန့်ထုတ်ထားတာတွေကိုဘဲ သုံးစေချင်ပါတယ်။စပါးခင်းတွင် ပုလဲမြေသြဇာကို အသုံးပြုပါက အမိုနီယမ် အိုင်းယွန်းပုံစံနှင့် နိုက်ထရိတ်အိုင်းယွန်းပုံ အဖြစ် စပါးပင်မှ စားသုံးပါတယ်။ ပုလဲမြေသြဇာကျွေးတဲ့အခါ စနစ်တကျမရှိပါက အပင်မှ ရရှိတာနည်းပြီး လေလွင့်ဆုံးရှုံးမှုက ပိုများတာမို့ အထူးဂရုပြုသင့်ပါတယ်။ ပုလဲမြေသြဇာ မကျွေးခင်မှာ ပုလဲမြေသြဇာ ၁ ဆ၊ နွားချေး၊မြေဆွေး ၃ ဆ အတူရောနှပ်ကာ လုံအောင်ဖုံးပြီး တစ်ညနှပ်ထားပေးပါ။ နောက်တစ်နေ့ မနက် (သို့မဟုတ်) ညနေ မှာကြဲပက်ပေးပါ။ ဒါဆိုရင် လေလွင့်ဆုံးရှုံးမှုနည်းပြီး အပင်အတွက် အာဟာရဓာတ်များ ပိုရရှိစေပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။