အတာဘာဖြစ်တာလဲဗျဖြေပေးပါဗျ
ပြီးရင်တော့ လီလီပင်ခြေရင်းတွေကို ဘော်ဒိုမစ်ချာလို copperပါတဲ့ ဆေးတွေ ဖျန်းပေးနိုင်ပါတယ်
နောက်ထပ်အရေးကြီးတာက စိုက်ခင်းပတ်လည်မှာ ရှိတဲ့ ရောဂါကျထားတဲ့ အရွက်တွေ အပင်တွေကို ဖျက်ဆီးပစ်ပါ ဖယ်ရှားပစ်ပါ အဝေးတစ်နေရာမှာ စုပြီး မီးရှို့တာမျိုး လုပ်လို့ရပါတယ်
အပင်တွေကြားမှာ လေဝင်လေထွက် ကောင်းအောင် ထားပေးပါ အရေးအကြီးဆုံးကတော့ အရွက်တွေနဲ့ ပန်းပွင့်တွေကို အရမ်းစိုစွတ်နေအောင် မထားဖို့ပါပဲ ဆိုလိုချင်တာက အပင်ကရေရရင်ပြီးရောဆိုပြီး ရေကို လွန်လွန်ကဲကဲ မပေးမိဖို့ပါပဲ
လီလီပန်းတွေမှာ အကျများတဲ့ Botrytis လို့ ခေါ်တဲ့ မှိုရောဂါပါ အစပိုင်းမှာတော့ အောက်အရွက်တွေမှာ အစက်အပြောက်တွေပေါ်ပါတယ် နောက်ပိုင်းမှာ အရွက်အပေါ်မျက်နှာပြင် တွေမှာ အညိုရောင်အကွက်တွေ ပြောင်းလာတယ် အောက်ရွက်တွေကနေ စပြီး သေတယ် တဖြည်းဖြည်း အပေါ်အရွက်တွေထိ ရောက်ပြီး တစ်ပင်လုံးသေပါတယ် တစ်ခါတစ်လေမှာတော့ အညိုရောင်မပြောင်းခင်မှာ အခုလိုမျိုး အရွက်တွေ အဝါရောင် ပြောင်းသွားတတ်ပါတယ် ဖြစ်ရတဲ့ အကြောင်းအရင်းကတော့ အစိုဓာတ်လွန်ကဲတာကနေ စပါတယ်
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဘာရောဂါဖြစ်တာလဲ ဘာေဆေးသုံးရမလဲ လမ်းညွန်ေပေးပါ
ဖြေကြားချက် 1 ခု
လီလီပန်းစိုက်ပျနုးနည်း၊ဘယ်လိုဒေသ၊ဘယ်လိုမြေမှာစိုက်လဲ၊ဘာတေလိုအပ်လဲသိချင်ပါတယ်ရှင့်
ဖြေကြားချက် 3 ခု
လီလီပန်းစိုက်ပျိုးနည်းလေး သိချင်လို့ပါခင်ဗျာ။ အခုမှ စစိုက်မှာပါခင်ဗျာ။ ရန်ကုန်ကပါ ခင်ဗျာ။
ဖြေကြားချက် 2 ခု
လီလီပန်းမျိုးစေ့ ဈေးနှုန်းပောက်စေ့ဘယ်လောက်လဲဗျ
ဖြေကြားချက် 1 ခု
စတင်မျိုးထောင်နည်း
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။