အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
464
လွန်ခဲ့သော ၆ နှစ် က

မြေဧက တိုင်းနည်း တစ်ဧကဆိုဘယ်လိုတိုင်းရသလဲသိတဲ့သူများပြောပြပေးပါဦး

စိုက်ပျိုး ဗဟုသုတ ကြံ
5

ဖြေကြားချက် ၅ ခု

116 လွန်ခဲ့သော ၆ နှစ် က

တဧကစတုရန်းတောင်၁၉၃၆၀ ပေ၄၃၅၆၀ ရှိ အလျား၂ဖက်ပေါင်း ၂နှင့်စား အနံ၂ဖက်ပေါင်း၂နှင့်စား ရလပ်၂ခုမြောက် မြောက်ပြီးရလပ်ကို တောင်နှင့်သိခြင်ရင်၁၉၃၆၀ နှင့်စား ပေသိခြင်ရင်၄၃၅၆၀နှင့်စားထွက်သည့်အဖြေဧကရသည်

116 လွန်ခဲ့သော ၆ နှစ် က

ဒီ application လေးကို အသုံးပြုပြီး တွက်လို့ ရပါတယ်။ https://play.google.com/store/apps/details?id=com.prox.taungthuoogyi&hl=en

100,154 လွန်ခဲ့သော ၆ နှစ် က

"မြေဧက ဖွဲ့နည်း - တွက်နည်းများ" .................................................. * တစ်ဧက = ၄၃၅၆၀ စတုရန်းပေ * လေးနားညီ စတုရန်း= အလျား ၂၀၈.၇၁ ပေ x အနံ ၂၀၈.၇၁ ပေ။ * နှစ်နားညီ စတုဂံ = လျားxနံ ÷ 43560 * နှစ်နားပြိုင် တြာဗီဇီယံ = ပြိုင်နား နှစ်ခုပေါင်း ÷၂ x နံ ÷ 43560 * တြိဂံ = ၀.၅xအခြေxအမြင့် ÷ 43560 * ထောင့်မှန် တြိဂံ - အခြေxအမြင့် = ရလာဒ် ÷ ၂ ÷ 43560 * စက်ဝိုင်း - အချင်းဝက်x အချင်းဝက်x 3.1416 ÷ 43560 (သို့) စက်ဝိုင်း - အချင်းxအချင်းx .၇၈၅၄ ÷ 43560 * ပုံသေ မြှောက်ကိန်း ၀.၇၈၅၄ ၀.၇၈၅၄ သည် ပိုင်ကိန်း ၃.၁၄၁၆ ကို (အနားလေးဖက်) ၄ နှင့်စားပြီး စတုရန်းကွက် ဖေါ်သည်။ အနားငါးမျက်နှာ ၆မျက်နှာနှင့် အနားများစွာ = စတုဂံ စတုရန်း တြိဂံစသည် အကွက်စိပ် ပြီးတွက် ရလာဒ်အားလုံးကိုပေါင်း၍ ၄၃၅၆၀ ဖြင့်စား။ "ခြံမြေကွက်အကျယ်အဝန်းအရ စိုက်ပင် တွက်နည်း" ============================ ( ဒေါက်တာချစ် စိုက်ပျိုးရေး စာအုပ်မှ…. ) * (၁) လျား x နံ ရှိ စိုက်ပင် အရေအတွက်ကို မြှောက်။ * (၂) ခြံကွက်၏ လျား x နံ မြှောက်ကိန်း ÷ ပင်ခြား ကွာဝေးမြှောက်ကိန်း မြေကွက် လျား ၃၀၀ x နံ၂၀၀ = ၆၀၀၀၀ စတုရန်းပေ သစ်ပင် ၁၂ ပေခြား စိုက်လျှင် ၁၂ x ၁၂ = ၁၄၄ ၆၀၀၀၀ ÷ ၁၄၄ = ၄၁၆ ပင် ဖိုခနောက်ဆိုင်စိုက်လျှင် ၁၅% အပိုထွက်မည် ၄၁၆ x .၁၅ = ၆၂ ၄၁၆ + ၆၂= ၄၇၈ ပင် * ( ၃) ဧကပြည့် ( ၁ ဧက ) တွက်လျှင် စိုက်ပင်အကွာအဝေး နှစ်ခုမြှောက်ကိန်း နှင့် ၄၃၅၆၀ ကိုစား။ စိုက်ပင်ကွာဝေး ၁၉ x ၁၉ = ၃၆၁ ၄၃၅၆၀ ÷ ၃၆၁ = ၁၂၀ ဖိုခနောက်ဆိုင်စိုက်လျှင် ၁၂၀ x .၁၅ = ၁၈ ပင်ပိုထွက် ၁၂၀ + ၁၈ = ၁၃၈ ပင် (ဝင်းမြင့် တွက်နည်း - ၁၀၀ စာအုပ်မှ ...)

232 လွန်ခဲ့သော ၆ နှစ် က

အနားတစ် ဖက်69.57ကိုက်ရှိသော အနားလေးဖက်ညီမြေကွက်

232 လွန်ခဲ့သော ၆ နှစ် က

4840စတုရန်းကိုက် အလျားတစ်ဖာလုံ အနံ တစ်သံကြိုးရှိတဲမြေကွက်ဟာ တစ်ဧက

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။