အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
11,135
လွန်ခဲ့သော ၆ နှစ် က · မှော်ဘီ

ကြက်ဥခွန်ကိုထောင်းပြီးရှာလကာရည်နဲ့စိမ်ထားပါတယ်ပဲတောင့်ရှည်အတွက်အသီးအပွင့်အားကောင်းတယ်ဆိုလို့ဘေးထွက်ဆိုးပျိုး...

ကြက်ဥခွန်ကိုထောင်းပြီးရှာလကာရည်နဲ့စိမ်ထားပါတယ်ပဲတောင့်ရှည်အတွက်အသီးအပွင့်အားကောင်းတယ်ဆိုလို့ဘေးထွက်ဆိုးပျိုးတော့မဖြစ်ပါဘူးနော်

အပင်အာဟာရ ပဲတောင့်ရှည်
4

ဖြေကြားချက် ၄ ခု

100,154 လွန်ခဲ့သော ၆ နှစ် က

ဟုတ်ကဲ့ ကိုယ်တိုင်မသုံးဖူးတော့ အရမ်းကြီး မှားတယ်မှန်တယ်တော့ မပြောတတ်ဘူးရှင့် ပေးရောတဲ့အကြောင်းကတော့ ရှာလကာရည်မှာပါတဲ့ acetic acidနဲ့ ကြက်ဥခွံမှာပါတဲ့ calcium carbonateတို့ကို ဓာတ်ပြုစေပြီး အပင်က စားနိုင်တဲ့ ကယ်ဆီယမ်ဓာတ်ဖြစ်အောင်လုပ်ပေးတာပါ ဒီတိုင်းကြက်ဥခွံကို ရေစိမ်ပြီး ထည့်ပေးလည်းရတယ် မစိမ်ဘဲ ချိုးပြီး အပင်ချေပုံပေးလည်းရတယ် ရှာလကာရည်စိမ်လည်းရပါတယ် ဒါပေမယ့် အချိုးများတာတော့ သိပ်မကောင်းဘူးလို့ထင်တယ် သူပေမယ့် သူက သုံးတဲ့ ပမာဏနည်းတယ်ဆိုတော့ သိပ်တော့လည်း အန္တရာယ်မရှိပါဘူး ဒါပေမယ့် နိုင်ငံခြား website တွေကနေ လေ့လာဖူးတိုင်းတော့ ကြက်ဥနဲ့ ရှာလကာရည်အဖြူကို အချိုးတူသာ ရောစပ်ပြီး ဓာတ်ပြုစေတာပဲ တွေ့လို့ပါ

11,135 လွန်ခဲ့သော ၆ နှစ် က

ဒီလိုပြောထားလို့ပါအစ်မမဖျန်းရသေးပါဘူးစိမ်ပဲစိမ်ထားတာအဆင်ပြေမလားမသိ

11,135 လွန်ခဲ့သော ၆ နှစ် က
100,154 လွန်ခဲ့သော ၆ နှစ် က

ဘယ်လို အချိုးနဲ့ စိမ်ထားတာပါလဲရှင့် ဖျန်းတဲ့အခါမှာရော ရေကို ဘယ်လိုအချိုးနဲ့ ဖျန်းတာပါလဲရှင့် ပုံမှန်ဆိုရင်တော့ ထောင်းထားတဲ့ ကြက်ဥခွံအမှုန့်၁ဇွန်းဆိုရင် ရှာလကာရည်၁ဇွန်းပဲ ထည့်ရပါတယ် ပြီးရင် ရေဖျန်းပုံးတစ်ပုံးမှာ ရောထားတဲ့ အနှစ် နည်းနည်းလေးပဲ ထည့်ပေးရင် လုံလောက်ပါတယ် အချိုးကျရင်တော့ ဘေးထွက်ဆိုးကျိုးမရှိပါဘူး ကြက်ဥအခွံမှာက calcium carbonate ပါတဲ့အတွက် သီးပွင့်ဖို့လိုအပ်တဲ့ ကယ်ဆီယမ်ဓာတ်ကို ရရှိစေနိုင်မှာပါ သာမန်အာဟာရရည်ပဲလုပ်ချင်ရင် ရှာလကာရည်မထည့်ဘဲ ရေနဲ့တင် ရောလဲ ရပါတယ်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။