အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
232
လွန်ခဲ့သော ၆ နှစ် က · ပေါက်ခေါင်း

နှမ်းခင်း စပြီး စိုက်ပျိုးသည်မှ ရိတ်သိမ်းချိန်အထိ အချိန်မှန် ဆေးဖျန်းရမည့် အချိန်အရွယ်များ ပြောပြပေးစေချင်ပါ...

နှမ်းခင်း စပြီး စိုက်ပျိုးသည်မှ ရိတ်သိမ်းချိန်အထိ အချိန်မှန် ဆေးဖျန်းရမည့် အချိန်အရွယ်များ ပြောပြပေးစေချင်ပါသည်။

အပင်အာဟာရ နှမ်း ဆေးဖျန်းချိန်
1

ဖြေကြားချက် ၁ ခု

68,534 လွန်ခဲ့သော ၆ နှစ် က

အထွက်နှုန်းကောင်းဖို့ဆိုလျှင် အန်၊ပီ၊ကေ အာဟာရ (၃)မျိုးလုံး ပြည့်စုံစွာထည့်ထားတဲ့ မြေဖြစ်ဖို့လိုပါတယ်။ ပီနဲ့ကေဟာ ချဉ်တဲ့မြေတွေမှာ ပိုပြီးအရေးကြီးပါသည်။ ဓါတ်မြေဩဇာများကို (၂)ကြိမ် ခွဲကျွေးပါ။ မြေပြင်ချိန်နှင့် သီးပွင့်မှုအစပျိုးချိန်တွေမှာ ကျွေးပါ။ မြေခံမှာပဲ ကျွေးမယ်ဆိုလျှင် တာရှည်ခံမြေဩဇာ (slow releases fertilizer)ကိုသာ အသုံးပြုသင့်သည်။ အစေ့ချရာ စိုက်ကြောင်းတွင် ဓါတ်မြေဩဇာများ တခါတည်း ထည့်သွင်းစိုက်ပျိုးခြင်း မပြုရပါ။ နှမ်းစေ့များ အပင်မပေါက်ခြင်း၊ ပျက်ဆီးခြင်းဖြစ်တက်သည်။ နှမ်းစေ့တွင် ပရိုတင်း (၂၅) ရာခိုင်နှုန်းပါဝင်သောကြောင့် အလေးချိန်ပေါင် (၁၀ဝဝ) တစ်ထောင်ရှိသော နှမ်းစေ့များတွင် နိုင်ထရိုဓါတ် (၁၈) ပေါင်မှ (၂၁) ပေါင်ထိပါဝင်နေမည်။ ရိတ်သိမ်းပြီး နှမ်းပင် လေးချိန်(ပေါင်) တစ်ထောင်တွင် နိုင်ထရိုဓါတ် ပေါင် (၃၀) ပါဝင်နေမည်။ ၎င်းအပင် အကျွင်းအကျန်များကို မြေတွင် ပြန်မြှပ်သင့်သည်။ ko khun ရဲ့ နှမ်းစိုက်ပျိုးနည်းဆောင်းပါးကနေ မြေဩဇာခန့်ခွံမှုအပိုင်းကို ကောက်နှုတ်ဖော်ပြခြင်းဖြစ်ပါတယ်။ စိုက်ပျိုးနည်းအသေးစိတ်ကိုလည်း ပေးထားတဲ့ link မှာလေ့လာနိုင်ပါတယ်။ နှမ်း စိုက်ပျိုးနည်း

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။