ဖြေကြားချက် ၂ ခု
ကေဇြူးတငျပါတယျ
ရေမြေ ရာသီဥတု..... ရေစီးရေလာ ကောင်းမွန်ပီး သဲဆန်သော မြေစီး ၊ နှုန်းမြေနု မျိုးနှင့် ပူအိုက်စွတ်စိုသော ရာသီဥတု ကို နှစ်ခြိုက်သည်။ ကယ်ဆီယံ ကြွယ်ဝသော မြေမျိုးတွင် ကျွန်းပင် အရည်သွေး မှာ ပို၍ ကောင်းစွာဖြစ်ထွန်းသည်။ မြေချဉ်ငံဓာတ် ( ၅ - ၈ ) အတွင်းရှိသော မြေများတွင် စိုက်ပျိုးနိုင်သည်။အကောင်းဆုံးသော မြေအနေထားမှာ မြေချဉ်ငံဓာတ် ၆.၅ မှ ၇.၅ အတွင်း ရှိလျှင် ပိုကောင်းသည်။ သင့်တော်သော မိုးရေချိန် လက်မ ၄၀ မှ ၁၂၀ ဖြစ်သည်။သင့်တော်သော အပူချိန်မှာ ၂၇ - ၃၆ ဒီဂရီ စင်တီဂရိတ်ဖြစ်သည်။ ပျိုးထောင်နည်း....... အစေ့မှ ပျိုးထောင်၍ စိုက်ပျိုးကြသည်။ ကျွန်းစေ့သည် အညောင့်ပေါက်ရန် ခက်ခဲသော အပင်တစ်မျိုးဖြစ်သည်။ အပင်က ကြွေကျပီးချင်း ကျွန်းစေ့ မျိုးဖောက်မယ်ဆိုရင် အထဲက အစေ့ဆံ ကအပင်ပေါက်ဖို့ အဆင်သင့် မဖြစ်သေးတာကြောင့် အချိန်ကြာကြာယူရပါတယ်။ ဒါကြောင့် အပင်က ကြွေပီး ၃ လလောက် သက်တမ်းရှိတဲ့ မျိုးစေ့ကို သာ မျိုးဖောက်ဖို့ သင့်တော်ပါတယ်။ပျိုးပင် အဖြစ် လုပ်မယ်ဆိုရင် ပထမဦးဆုံး မျိုးစေ့ရွေးချယ်ရာမှာ အရည်သွေးကောင်းပီး အစေ့က ပြောင်ချောနေတဲ့ ပုံစံမျိုးရှိတာကို ရွေးချယ်ပါ။ ပီးနောက် ရေအေးထဲမှာ ၃ ရက်ခန့် ရေစိမ်ပါ။ ရေစိမ်တဲ့အခါမှာ မျိုးစေ့တွေက ရေပေါ်ပေါလောပေါ်နိုင်တဲ့ အခါ အစိုဓာတ် လုံလောက်စွာ မရရှိနိုင်တာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် အစေ့တွေကို အဝတ်စနဲ့ ထုတ်ပီးမှ ရေထဲ စိမ်ပါ။ ၃ ရက်ခန့် ရေစိမ်ပြီးနောက် မျိုးစေ့တွေကို ထပ်ပီး ၃ ရက် ခန့်နေပူလှန်းပါ။ ဒီနည်းတိုင်း ၄ ကြိမ်ခန့် ပြုလုပ်ပေးပါ။ ရက်ပေါင်း ၂၀ ကျော် ကျော်လာရင် မျိုးစေ့တွေက အညှောင့်ပေါက်လာတာကို တွေ့မြင်နိုင်ပါတယ်။ အညှောက်ပေါက်လာတဲ့ မျိုးစေ့တွေကို ပျိုးအိတ်ထဲဖြစ်ဖြစ် (သို့) စိုက်ခင်းထဲရှိ မြေကြီး တွင် အနက် ၁ လက်မခန့် ၌ စိုက်ပါ။ သဲကြမ်းနှင့် ဖွဲပြာ ဆတူ ရောစပ်ပီး မျိုးစေ့ပေါ်မှာ ဖုံးအုပ်ပါ။ ပျိုးပင် ၁၀၀ အတွက် တစ်နေ့လျှင် နှစ်ကြိမ် ၊ တစ်ကြိမ်လျှင် အနည်းဆုံး ရေဂါလံဝက်ံ လောင်းရပါမယ်။ ပုံမှန်အားဖြင့် မြေသြဇာ ကျွေးဖို့ မလိုပေမဲ့ လိုအပ်ရင်တော့ ကျွေးရပါမယ်။ အပင်သိမ်လှီခြင်း ၊ အပင်ညံ့ ၊ အပင်သေ စတဲ့ အပင်တွေကို ဖယ်ရှားပေးပါ။ ိုို စိုက်ပျိုးနည်း....... ကျွန်းပင်များကို မြေချစိုက်ရန် အကောင်းဆုံးချိန်မှာ မိုးကျချိန် မေ ၊ ဇွန် ၊ ဇူလိုင် လများတွင် စိုက်ပျိုးခြင်းဖြစ်ပါသည်။ တစ်ပင်နှင့် တစ်ပင် ၃ - ၄ မီတာ ခြား၍ ကျင်းစနစ်ဖြင့် စိုက်ပျိုးကြသည်။ စိုက်ကျင်းကို ၃ ပေ ပတ်လည် ရွယ်စားတူး၍ နွားချေးဆွေး (သို့မဟုတ်) သစ်ရွက်ဆွေးမြေသြဇာတို့နှင့် အပေါ်ယံမြေသားတို့ကို ဆတူရော၍ ကျင်းတွင် ထည့်ပေးလေ့ရှိပါတယ်။ ထို့နောက် မြေလုံးမပျက် ကျင်းတွင် စိုက်ပျိုးကြပါတယ်။ မြေသြဇာကျွေးနည်း...... အပင်ငယ်စဉ်တွင် နွားချေးနှင့် ပုလဲဓာတ်မြေသြဇာတို့ကို ကျွေးသင့်ပါတယ်။ အပင်ငယ်များကို ကျွေးရာတွင် မိုးဦးတွင် တစ်ကြိမ် ၊ မိုးနှောင်းတွင် တစ်ကြိမ် ၊ အပင်ငယ် တစ်ပင်တွင် နွားချေး ၅ ပေါင်နှင့် ပုလဲဓာတ်မြေသြဇာ ဝ.၅ ပေါင်ခန့် ကျွေးသင့်ပါတယ်။မြေသြဇာကျွေးရာတွင် အပင်၏ အရိပ်ဝန်းအောက်ခြေတစ်ဝိုက်တွင် ကျင်းငယ်များတူး၍ ကျွေးသင့်ပါတယ်။ အပင်ပြုစုနည်း.... အပင်သက်တမ်း ၁ - ၃ နှစ်တွင်းမှာတော့ ပေါင်းရှင်းခြင်း လုပ်ငန်းကို စနစ် တကျ နှင့် ဂရုတစိုက်ဆောင်ရွက်ပေးပါ။ မိုးရာသီတွင် ပေါင်းရှင်းခြင်းသည် အကောင်းဆုံးဖြစ်ပါတယ်။ ပထမနှစ်မှာ ၃ကြိမ် ၊ ဒုတိယနှစ်နှင့် တတိယနှစ်မှာ ၂ ကြိမ်စီ ဆောင်ရွက်ပါ။ ဒီဇင်ဘာ(သို့) နှောင်နှစ် မိုးဦးမကျမီ အချိန်တွေမှာ အပင်သေတွေကို ဖာထေးတာပြုလုပ်ပါ။ စတင်စိုက်ပျိုးသည့်နှစ်မှ စ၍ အပင်သက်တမ်း ၅ နှစ်အထိ မီး ကာကွယ်ခြင်း လုပ်ငန်းများကို သတိထား ဆောင်ရွက်ဖို့လိုပါတယ်။ အပင်ကြီးလာသည်နှင့်အမျှ အပင်ကြပ်တာတွေက ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ပင်စည်ရွယ်စားနှင့် စိုက်စဉ်က ထားခဲ့တဲ့ ပင်ကြားတန်းကြားတွေပေါ်မူတည်ပြီး ပင်ကြပ်တာတွေကို နှုတ်ပစ်ရပါမယ် ။ ၅ - ၁၀ နှစ်ခြား တစ်ခါ ပင်ကြပ် နှုတ်တာကို ဆောင်ရွက်ပေးပါ။ သို့မှသာ ကျွန်းပင်က ပင်စည် လုံးပတ်ကြီးလာမှာဘဲ ဖြစ်ပါတယ်။ (မြင့်မြတ်သူ (စိုက်ပျိုးရေးတက္ကသိုလ် ၂၀၁၈))ရေးသားချက်အားကူးယူဖော်ပြသည်။
ဆက်စပ်မေးခွန်းများ
တမာရွက်စိမ်ရည်က ဘယ်လောက်ကြာကြာထားလို့ရလဲခင်ဗျကျေးဇူးပြုဖြေကြားပေးပါဆရာ
ဖြေကြားချက် 0 ခု
တမာဆေးလေးလုပ်ကြည့်ချင်လို့ပါ ဘယ့်လိုလုပ်ရမလဲ သိရင်နည်းလမ်းလေးမျှဝေ ပေးကြပါ နော်
ဖြေကြားချက် 2 ခု
ဘွန်ဇိုင်းပင်လေးစိုက်ချင်လို့ပါ အခြေခံသိသင့်တဲ့အချက်လေးတွေရှိရင်ပြောပေးကြပါ
ဖြေကြားချက် 1 ခု
နည်းလမ်း
ဖြေကြားချက် 1 ခု
ထိုင်ဝမ်ဗန်ဒါ စိုက်ထားတာ အပင်ရွက်တွေ ဝါဝါနေလို့ ဘယ်လိုလုပ်ရမလဲ
ဖြေကြားချက် 3 ခု