အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
991
လွန်ခဲ့သော ၆ နှစ် က · မြန်အောင်

စုပ်စားပိုးကြောင့်အရွက်များကုတ်နေသဖြင့်ပြန်လည်ကောင်းမွန်ရန်မည်သည့်ဆေးဝါးအသုံးပြုရမည်ကိုဖြေကြားပေးပါခင်ဗျာ

ပိုးမွှားရောဂါ ငရုတ်သီး စုပ်စားပိုးပြဿနာ
4

ဖြေကြားချက် ၄ ခု

100,154 လွန်ခဲ့သော ၆ နှစ် က

အချိုးကတော့ ဒီအတိုင်းသုံးလို့ရပါတယ်

100,154 လွန်ခဲ့သော ၆ နှစ် က

ကြိုတင်ကာကွယ်ဖို့ဆိုရင် yellow sticky trap (အဝါရောင်စေးကပ်ကတ်ပြား) တွေ ထောင်ပါ အရိုးရှင်းဆုံးနည်းက အဝါရောင် ကတ်ထူစက္ကူပေါ်မှာ vaseline သုတ်လိမ်းပြီး အပင်တွေအနားမှာ တုတ်ထောင်ပြီးကပ်ပါ ကတ်များများသုံးပေးပါ နောက်တစ်ချက်က ရေလောင်းတိုင်း အပင်အောက်ပိုင်းကို ရေပိုက်နဲ့ ထိုးဖျန်းပေးပါ(အရွက်အောက်တွေကိုပေါ့) နောက်တစ်ချက်က စုပ်စားပိုးတွေ အပင်မှာ မကပ်နိူင်အောင် ပန်းကန်ဆေးဆပ်ပြာအဆီကိုဝယ်ပါ အဲ့ဆပ်ပြာဆီကို ရေနဲ့ရောပြီး ထုံးစံအတိုင်းအရွက်အောက်ကိုပဲ အဓိကထားပြီး ဖျန်းပေးပါ အပေါ်ကိုလည်း ဖျန်းပေးပါ ဆေးဖျန်းပြီး မိုးရွာရင် အသစ်ပြန်ဖျန်းပေးပါ

991 လွန်ခဲ့သော ၆ နှစ် က

ဟုတ်ကဲ့ပါ ဆပ်ပြာကရိုးရိုးဆပ်ပြာပဲသုံးရမှာပါလား ကြိုတင်ကာကွယ်နည်းအပြည့်အစုံကိုရှင်းပြပေးပါ

100,154 လွန်ခဲ့သော ၆ နှစ် က

စုပ်စားပိုးကျပြီးရင် ကုသဖို့မလွယ်တော့ပါဘူးရှင့် ကြိုတင်ကာကွယ်ခြင်းကသာ အထိရောက်ဆုံးနည်းလမ်းပါ အခုလုပ်မယ်ဆို ဆေးဖျန်းတာထက် ရှိနေတဲ့ အကောင်တွေပြေးအောင် ထပ်မလာအောင် ဆပ်ပြာဆီကို ရေနဲ့ရောပြီး အပင်အရွက်အောက်ပိုင်းတွေကို ထိုးဖျန်းပေးပါရှင့် စုပ်စားပိုးနိုင်တဲ့ AIကတော့ အဆီတာမီပရစ်ပါ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။