အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
348
လွန်ခဲ့သော ၆ နှစ် က · ကျောက်ပန်းတောင်း

၁လခွဲသားမိုးပြတ်သွားတာ၁လလောက်မရွာဘူးဥဆင်းနိူင်ပါမလားဆရာ

စိုက်ပျိုး ဗဟုသုတ မြေပဲ ငါးအမိုင်နိုအက်စစ်
4

ဖြေကြားချက် ၄ ခု

348 လွန်ခဲ့သော ၆ နှစ် က

၃လပဲပါဗျ

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

၁လခွဲသားကစပြီးမိုးမရတော့ဘူးဆိုတော့ စိုက်ထားတဲ့မျိုးက ၆လပဲလား..၃လပဲလား..။၆လပဲဆိုရင်ရနိုင်ပါသေးတယ်။၃လပဲဆိုရင်တော့မရနိုင်တော့ပါ။၆လပဲဆိုရင်အီးအမ်ဖျန်းပေးပါ။၇ရက်တစ်ခါဖျန်းပေးပါ။ငါးအမိုင်နိုအက်စစ်ရှိရင်ဖျန်းပေးပါ။အပွင့်စလိုက်လာပြီဆိုရင် ပုလဲ+လက်ချားရွက်ဖျန်းအားဆေး၅ရက်ချားစီနဲ့၃ကြိမ်ဖျန်းပေးပါ။(အညာဒေသကဇွန်/ဇူလှိုင်လတွေမှာမိုးခေါင်တတ်တာမို့အဲဒီအချိန်မှာဂရုစိုက်ရပါမယ်)

82,997 လွန်ခဲ့သော ၆ နှစ် က

မိုးပြတ် သွားလို့ အပင်ညိုးရင် အဥအားကောင်းတယ်ဗျ။ ပိုပြီးတော့လည်း အထွက်နှုန်းကောင်းတယ်ဗျ။ ရှေးစကားပုံအရ( မြေပဲတစ်ခါညိုး ဆယ်တင်း တိုး)???

100,154 လွန်ခဲ့သော ၆ နှစ် က

လိုအပ်တဲ့ အာဟာရ အစိုဓာတ် ကိုပေးနိုင်ပြီး မြေကမွနေတယ်ဆိုရင်တော့ ဆင်းနိုင်ပါတယ် စွယ်မချခင် ရေပေးတာတွေ ပေါင်းရှင်းပေးတာတွေ ဘောင်မြှင့်ပြီး မြေမွအောင် လုပ်တာတွေ ဂျစ်ပဆန်ထည့်တာတွေ လုပ်ပေးပါ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။