ဖြေကြားချက် ၁ ခု
နှင်းဆီပင်တွေရဲ့ ကိုင်းအခေါက်တွေမှာ ညိုမဲကွက်တွေ ဖြစ်လာပြီး အပင်တွေမလန်းဘဲ ညိူးနွမ်းနွမ်း ဖြစ်နေပါက မှိုရောဂါ စတင်ဝင်ရောက်နေတာ ဖြစ်ပါတယ်။ ရောဂါများကို အချိန်မှီ ကုသခြင်း မလုပ်ပါက အပင်ခြောက်ပြီး သေသွားပါတယ်။ မှိုရောဂါများကို ကာကွယ်ကုသရန် မနက်ပိုင်းမှာ အချိန် ၁ နာရီလောက်စောပြီး နှင်းဆီပင်ကို ရေလောင်းပြီး ဆေးချပြစ်ပါ။ အရွက်များမှာ ကပ်ညိနေတဲ့ ဖုန်မှုန့် သဲမှုန့် မြေကြီးများ တစ်ပင်လုံးမှ လုံးဝမရှိအောင် ရေနဲ့လောင်းချပြစ်ပြီး အပင်မခြောက်မသွေ့အနေအထားလောက် ဖြစ်အောင်လုပ်ထားပါ။ မှိုရောဂါ ကာကွယ်ကုသဆေး တစ်မျိုးမျိုး (ဥပမာ - ဘီဂို / အန်ဘေး/ဒိုင်သိမ်း/လောင်/ ရွှေဆန်းကို / ရွှေဆန်းတက် ) ဆေးကို ရေတစ်ဂါလံလျှင် ဆေး 4 gm လောက်ရေနဲ့ဖျော်စပ်ပြီး တစ်ပင်လုံး နှံ့စပ်အောင် ပက်ဖြန်းပါ။ ဆေးဖြန်းပြီး ၄ နာရီအတွင်း အပင်ကို ရေထိသွားပါက ထပ်မံပက်ဖြန်းပေးဖို့လိုပါတယ်။ မှိုရောဂါများကို အချိန်မှီကာကွယ် မကုသပါက နှင်းဆီပင်တစ်ပင်လုံး အရွက်တွေ အခြေကစပြီး ဝါကုန်ကာ တစ်ပင်လုံး အရွက်ကတုံး ဖြစ်သွားပါတယ်။ အကိုင်းအခက်တွေထိ နာသွားပြီး တစ်ခါတစ်ရံ ကိုင်းတွေစပြီး ခြောက်ကုန်တာ အပင်လိုက်အလည်ပင်စည် အူပါ ပုပ်ပြီး သေသွားတတ်ပါတယ်။
ဆက်စပ်မေးခွန်းများ
မှိုရောဂါ လက်ခဏာ များ သိလိုပါတယ်
ဖြေကြားချက် 2 ခု
နှင်းဆီ စိုက်ပျိုးနည်းလေးမျှဝေပေးပါ
ဖြေကြားချက် 2 ခု
နှင်းဆီပင်က အရွက်တွေ သံချေးတက်သလို ဖြစ်ပြီး ထွက်လာတဲ့ အတက်လေးတွေကလည်း ခြောက်လိုက်လာလို့။အဲ့ဒါ ဘာလုပ်ရမလဲရှင့်...
ဖြေကြားချက် 1 ခု
ဒါဘာရောဂါလဲဗျာဘာဆေးသုံးရမလဲသိတဲ့သူများဖြေပေးခဲ့ပါနော်
ဖြေကြားချက် 2 ခု
တစ်ပင်ချင်းဝယ်စိုက်တဲ့ နှင်းဆီအဝါကို မျိုးပြန်ပွားပါတယ် တစ်ပင်မှမရှင်ဘူး၊ အပွင့်မကြီးတဲ့ တောက မျိုးကျတော့ ရှင်...
ဖြေကြားချက် 1 ခု