အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
116
လွန်ခဲ့သော ၆ နှစ် က · အရာတော်

တမလန်း သစ်နှင်းအကြောင်း သိတဲ့အကို အမ များ ဖြေကြားပေးပါလားဗျ....ဘယ်လိုရာသီဥထုမှာ စိုက်လို့ရလဲ... ဘယ်လိုမြေတေမှာ...

တမလန်း သစ်နှင်းအကြောင်း သိတဲ့အကို အမ များ ဖြေကြားပေးပါလားဗျ....ဘယ်လိုရာသီဥထုမှာ စိုက်လို့ရလဲ... ဘယ်လိုမြေတေမှာစိုက်ပျိုးသင့်သလဲဆိုတာ

စိုက်ပျိုးနည်း လျှော်ဖြူ
1

ဖြေကြားချက် ၁ ခု

82,997 လွန်ခဲ့သော ၆ နှစ် က

သစ်နှင်းဆီ /တမလန်း မွှေး(RoseWood) =================== ~ Dalbergia Odorifera ~ Thai Rose Wood - အရမ်းကိုလှပတဲ့ ဒီအပင်က အလယ်အလတ် အမျိုးအစားဖြစ်ပြီး ၊ ( 7 ) နစ်ခန့်တွင် အနှစ်စတည်၍ ( 15 ) နှစ်ခန့်တွင် အရွယ်ရောက် ရင့်သန်သောသစ်မာ ရရှိပါတယ် ... - အပူချိန် ( 20 - 30'C ) အတွင်း ပို၍ ဖြစ်ထွန်းနိုင်ပြီး ( 45 C ) အထိ ရှင်သန်နိုင်ပါတယ် ခင်ဗျာ ... - မြေ ( ph 5 - 7.7 ) အထိ စိုက်ပျိုးဖြစ်ထွန်းတယ် ( မြေချဉ်လွန်းခြင်း ၊ သဲဆန်လွန်ခြင်း ) နှစ်သက်ပုံမရပါ ... - မြေကောင်းကြိုက်ပြီး နေရောင်ကြိုက် ၊ ရေကြိုက်ပါတယ် ... ဒါပေမယ့် ရေအနည်းငယ်ရရုံ ဖြင့်လဲ ရှင်သန်နိုင်ပါတယ်ခင်ဗျာ ... ( မသေနိုင်ပါ ... သို့သော် ဖြစ်ထွန်းရန် မိုးရေချိန် အသင့်အတင့်လိုအပ်ပါတယ် ... ) - နေရောင်ခြည်အပြည့်အဝ ရရှိရန်လိုအပ်ပြီး အသင့်အတင့်ရရှိပါက ကြီးထွားနှုန်းနှေးစေပါတယ်ခင်ဗျာ ... - မူလ ပေါက်ရောက်ရာဒေသတွေက တရုတ် ၊ ဗီယက်နမ် ၊ ကမ္ဘောဒီးယား ၊ လာအို ၊ ထိုင်း တို့မှာ ပေါက်ရောက်ပါတယ် ... တရုတ်နိုင်ငံရဲ့ ဒုတိယစျေးအကြီးဆုံးသစ်လို့ သိရပါတယ် ... - ဆေးဘက်ဝင်၍ ဝယ်လိုအားများသော အဖိုးတန်သစ်မာဖြစ်ပြီး ၊ သူဟာ ( 33 ) ပေမှ ( 49 ) ပေခန့်အထိ မြင့်မားကြပါတယ် ... ထိုင်းလို ( ဖရူ ) လို့ခေါ်တဲ့ တမလန်းမွှေးက သက်တမ်းသိပ်မကြာပါဘူး ... အနှစ်ရတာ မြန်ပါတယ် ... - ဒီသစ်တွေက အအေးမကြိုက်ဘူး ... အပူပိုင်းဒေသမှာပဲ ပေါက်တယ် ... တရုတ်နိုင်ငံရဲ့ ( ၅ ) ရာခိုင်နှုန်းသော နေရာလောက်ပဲ စိုက်ပျိုးဖြစ်ထွန်းနိုင်ပါတယ် ... ဒါကြောင့် ဝယ်လိုအားလိုအပ်ချက်ကို မဖြည့်ဆည်းနိုင်ပါဘူး ... - ဒါကြောင့် ရေမြေအနေအထားအရ ကျနော်တို့နိုင်ငံမှာလဲဖြစ်ထွန်းတာမို့ စိုက်ပျိုးသင့်ကြောင်း မျှဝေလိုက်ရပါတယ် ခင်ဗျာ ..... ပျိုးပင်များလည်းရနိုင်ပါသည် ဆက်သွယ်ရန် Ph : 09429221380 # ( နွယ်မြက်သစ်ပင် ဆေးဖက်၀င် ) ၏ ပို့စ်မှ ထုတ်နုတ်တင်ပြပါသည် ..... crd#~ တော်၀င်ပန်း မြေယာရှုခင်း

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။