ဖြေကြားချက် ၃ ခု
ကျေးဇူးတင်ပါတယ် ဆရာ
အကျိုးပြုအဏုဇီဝပိုးမွှား(EM) အဆင့်ဆင့်ပွားနည်းများ ဒီဆောင်းလေးထဲမှာလဲ လေ့လာနိုင်ပါတယ်ဗျ။
#ပြုလုပ်နည်း #လိုအပ်သောပစ္စည်းများ (က) ငါးအကောင်းသေးသေး ကီလို ဝက်(၃၂) ကျပ်သား။ (ခ) သကြားညိုကီလိုဝက်(၃၂)ကျပ် သား။ (ဂ) ဖွဲနုတဖန်ခွက်(၂၀၀/၃၀၀)စီစီခန့်။ (ဃ) ရေသန့်(၁)လီတာ။ (င) ငှက်ပျောဂျူလင်စီ (၂၀၀/၃၀၀) စီစီ။ (စ) ရှောက်နူသီး(၅/၆)လုံး။ (ဆ) ဆိတ်ဖူးဥ(၃/၄) ဥ။ #ပြုလုပ်နည်းမှာ (က) ငါးကိုရေစင်အောင်ဆေးပြီး ဖန်ပု လင်း(သ်ို့)စဉ့်အိုးထဲထည့်ပါ။ (ခ) ရေသန့်လီတာဝက်နှင့်သကြားညို ကိုပျော်အောင်ဖျော်ပြီး လောင်း ထည့်ပါ။ (ဂ) ရှောက်နူသီးကိုပါးပါးလှီးပြီးထည့် ပါ။ (ဃ) ဖွဲနုအမှုန့်ကိုထည့်ပြီး သမအောင် ရောမွှေပါ။ (င) ဆိတ်ဖူးဥကို စဉ့်နှီတုံးပေါ်တင်ပြီး ထုပါ ပုလင်းထဲထည့်ပါ။ (စ) ငှက်ပျောဂျူလင်စီ ( ၂၀၀/၃၀၀) စီစီကိုထည့်ပါ။ (ဆ) ကျန်သောရေလီတာဝက်ကို ထပ် ထည့်ပါ။ (ဇ) အားလုံးစုံပါက အထက်အောက် သမအောင်ရောမွှေပေးပါ။ (စျ) အဖုံးကိုပလပ်စတစ် (၂)ထပ် (၃) ထပ်အုပ်ပြီးကြိုးဖြင့်ချည်နှောင်ပါ။ (ည) အပေါ်မှသင့်ရာတခုခုဖြင့် ထပ်အုပ် ပြီး အလေးတခုခုဖြင်ဖိထားပေးပါ ( အဖုံးဖွင်မွှေစရာမလိုပဲ အိမ်အ တွင်းအနံ့အသက် ကင်းဝေးစေဖို့ ဖြစ်ပါတယ်)။ ၇။ (၂၁)ရက်ပြည့်ပါက ငါးများတကောင်မှ အရိုးအသားမတွေ့ရတော့ပဲ အလွန်မွှေးနေ သည့်( ငါး EM- Extra ) ကိုရရှိပြီဖြစ်ပါတယ် ဆေးရည်အပေါ်တွင် မှိုနှင့်အတူလောက် ကောင်များသေနေတာကို တွေ့ရပါက စိတ်ပူ စရာအလိုပဲ အဝတ်ပါးစဖြင့်စစ်ပြီး ပုလင်း ပြောင်းထည့်ကာ အရိပ်ထဲထား၍ လိုအပ် သည့်အချိန် ထုတ်ယူအသုံးပြုနိုင်ပြီဖြစ်ပါ တယ် ထွက်ပေါ်လာသည့်ဆေးမှာ အပြင်းစား EMတမျိုးဖြစ်ပါတယ်။ ၈။ #သုံးစွဲရန်အညွှန်း။ ရက်၃၀သားဆိုပါက ဆေးပုံးလီတာ(၂၀)ပုံးဆိုလျှင် ေ ဆး(၂) ဇွန်း စပ်ဖျော် အသုံးပြုနိုင်ပြီး အပင် (၁၅ /၂၀) ရက်သားဆိုပါကရေပိုထည့်ဖြန်းရပါမည်။ ၉။ မြေကြီးထဲလောင်းထည့်မည် ဆိုပါက ဆေးဖြန်းတပုံးကို ဆေး(၄/၅)ဇွန်းထည့်ဖြန်း ရမည်။ ၁၀။ အော်ဂင်းနစ်ဆေးများသည် ဓာတုဆေး များကဲ့သို့ချက်ခြင်း အာနိသင်မပြသဖြင့် စိတ်ရှည်စွာ လုပ်ကိုင်ဆောင်ရွက်ရမည်က်ို နားလည်ရမည် #crdtooriginalwriter
ဆက်စပ်မေးခွန်းများ
သရက်ပင်အကိုင်းဆက်နည်သီရင်ပြပေပါလာ
ဖြေကြားချက် 2 ခု
သရက်သီးခူးပြီးဘာဆက်လုပ်ရမလဲ၊ဘာဆေးဖျန်းသင့်သလဲလမ်းညွန်ပေးခင်ဗျား
ဖြေကြားချက် 1 ခု
မိုးရာသီမှာ ရေဝပ်တဲ့မြေကို ဘာစိုက် သင့်လဲ ခင်ဗျာ
ဖြေကြားချက် 0 ခု
သရက်ပင်က အရွက်ဖြက်ပိုးတွေကိုဘလိုနှိမ်နှင်းရမလဲ
ဖြေကြားချက် 1 ခု
ဘယ်ချိန်ဘာလုပ်ရလဲနည်းနည်လောက်ရုင်ပြပါ
ဖြေကြားချက် 1 ခု