အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
587
လွန်ခဲ့သော ၆ နှစ် က · ကျိုက်လတ်

မျိုးခင်းမှာ ဂုတ်ကျိုး ရောဂါထင်တယ် အတော်အသင့်ပြန့်နေပီ ၂ရက်နေ နုပ်စိုက်ရတော့မှာ စိုက်ပျိုးလို့အဆင်ပြေပါ့မလား...

မျိုးခင်းမှာ ဂုတ်ကျိုး ရောဂါထင်တယ် အတော်အသင့်ပြန့်နေပီ ၂ရက်နေ နုပ်စိုက်ရတော့မှာ စိုက်ပျိုးလို့အဆင်ပြေပါ့မလား ဘယ်လိုရှေ့ဆက်ပြင်ရမလဲခင်ဗျာ ကျေးဇူးပြု၍ကူညီပါအုံး

ပိုးမွှားရောဂါ စပါး စပါးဂုတ်ကျိုးရောဂါ
Post image
4

ဖြေကြားချက် ၄ ခု

80,436 လွန်ခဲ့သော ၆ နှစ် က

ဟုတ်ကဲ့ တစ်ချို့ပညာရှင်တွေကတော့ ပျိုးခင်းမှာ ဒီရောဂါ ကျနေရင် ပြောင်းမစိုက်ခင် ၃ ရက်အလိုမှာ ထရိုင်ဆိုင်ကလာဇိုး(40% SC) ကိုဖျန်းပေးပါလို့တော့ ညွှန်းထားတယ်ဗျ။ ဖြစ်နိုင်ရင်တော့ ရောဂါကျတဲ့ အပင်တွေကို ရှောင်ပြီး စိုက်တာ အကောင်းဆုံးပါ။

587 လွန်ခဲ့သော ၆ နှစ် က

ဖြန်းပီး စိုက်ပျိုးလို့ဖြစ်နိုင်ပါတယ်နော် စိုက်ရက်ကရနေပီ စိုက်ပျိုးပီးမှ ရောဂါထပ်ဖြစ်ပွားနေရင် စိုက်နုပ်ခ ကုန်ရလိမ့်ဦးမယ်

80,436 လွန်ခဲ့သော ၆ နှစ် က

စပါးဂုတ်ကျိုးရောဂါ ဒီဆောင်းပါးလေးမှာလဲ လေ့လာကြည့်နိုင်ပါတယ်ဗျ။

80,436 လွန်ခဲ့သော ၆ နှစ် က

အနည်းငယ်ကျရင်သာ နှုတ်ပစ်​ပြီး ဖျက်ဆီးတာကောင်းပေမဲ့ ပြန့်နေပြီ ဆိုရင်တော့ မှိုသတ်ဆေးတစ်မျိုးမျိုး ဖျန်းပေးသင့်တယ်ဗျ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။