ပဲတိုင်ထောင်အရွက်တွေသံချေးလိုရောဂါကျနေလို့ ဘာဆေးသုံးရမလဲ
ရောဂါ မဟုတ်ပါဘူးရှင့်။ ရွက်ထွင်းပိုးတွေ ဆိုးဆိုးဝါးဝါး ကျနေပါတယ်။ ပေါင်းတွေ ကိုရှင်းပေးပါ။ ပိုးဖလံကောင် ခိုအောင်းနေနိုင်တဲ့ တခြားအမှိုက်သရိုက်တွေ ရှိနေရင်လည်း ရှင်းပေးပါ။ အရွက်တွေမှာ သေချာကြည့်ရင် လမ်းကြောင်းလေးတွေထဲမှာ ပိုးလောက်ကောင် သေးသေးလေးတွေ နဲ့ သူတို့ရဲ့ အညစ်အကြေးတွေ ရှိနေပါလိမ့်မယ်။ တွေ့တာနဲ့ ဖျက်ဆီးပစ်ပါ။ အရမ်းဆိုးရွားစွာ ဖျက်ဆီးခံထားရတဲ့ အရွက်တွေကိုတော့ ဖယ်ရှားဖျက်ဆီးပစ်ပါ။ ပင်လုံးပြန့်အာနိသင်ရှိတဲ့ ပိုးသတ်ဆေးကိုဖျန်းပေးပါ။ ပိုးသတ်ဆေးကို ဘူးမှာပါတဲ့ အညွှန်းအတိုင်းပဲ ဖျန်းပေးပါ။ ဆေးဖျန်းတာ စနစ်မကျရင် အကျိုးပြုပိုးတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။ ပိုးသိပ်မကျသေးတဲ့ အပင်တွေကိုတော့ တမာပိုးသတ်ဆေးလောက်ပဲ ဖျန်းပေးနိုင်ပါတယ်။ ပိုးရဲ့ အကောင်ကြီးအဆင့်ဖြစ်တဲ့ ဖလံကောင်တွေကိုတော့ အဝါရောင် စေးကပ်ထောင်ခြောက်သုံးပြီး ဖမ်းပေးပါ။ ရွက်ထွင်းပိုးတွေရဲ့ အကြောင်း ပြည့်ပြည့်စုံစုံသိချင်ရင်တော့ အခုပေးထားတဲ့ ဆောင်းပါးမှာလေ့လာကြည့်နိုင်ပါတယ်ရှင့်။ ရွက်ထွင်းပိုးတွေအကြောင်းနဲ့ ကြိုတင်ကာကွယ် နှိမ်နင်းရမယ့် အကြောင်းတွေကိုပါ ပြည့်ပြည့်စုံစုံ ရှင်းပြထားပါတယ်။ “ရွက်ထွင်းပိုးကို သဘာဝနည်းတွေနဲ့ ဘယ်လို နှိမ်နင်းမလဲ”
ဆက်စပ်မေးခွန်းများ
ပဲတောင့်ရှည်ကိုမနက်ပိုင်းဆေးဖြန်းရင်ကောင်းလားညနေမှဖြန်းရင်ကောင်းလားဗျ
ဖြေကြားချက် 2 ခု
ဆရာသမားတို့ဒါဘာပိုးလဲဗျခြင်လိုပဲပဲတောင့်ရှည်အဖူးတံလေးတွေမှာနားနေတာအများကြီးပဲဘာဆေးသုံးရမလဲအကြံပေးပါအုံး
ဖြေကြားချက် 2 ခု
ပဲတောင့်ရှည်စိုက်သောတောင်သူဦးကြီးများခင်များပဲအထွက်တိုးအောင်ဘာဆေးတွေသုံးသင့်ပါသလဲကျွန်တော့ပဲက၂လပြည့်တော့မယ်...
ဖြေကြားချက် 1 ခု
ဆရာသမားတို့လုပ်ပါအုံးဘာဆေးဖျန်းရမလဲသိပ်တော့မများသေးဘူး
ဖြေကြားချက် 2 ခု
တ်ိုင်ထောင်ပဲအရွက်တွေသံချေးရောင်ဖြစ်ပီးခြောက်သေကုန်တယ်ဘာဆေးသုံးရမလဲဆရာညီအကိုတို့ကျေးဇူးပြုပီးအလင်းပြပေးပါခင်ဗျ
ဖြေကြားချက် 3 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။