အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
292
လွန်ခဲ့သော ၆ နှစ် က · လွိုင်ကော်

တစ်နှစ်သား မြေချ ဒေသမျိုး တစ်ဆောင်းလုံး အအေးဒါဏ် နှင်းခါးဒါဏ် တစ်နွေလုံး အပူဒါဏ် ရေငတ်ဒါဏ်ကို ကျော်ဖြတ်ခဲ့ပြီး...

တစ်နှစ်သား မြေချ ဒေသမျိုး တစ်ဆောင်းလုံး အအေးဒါဏ် နှင်းခါးဒါဏ် တစ်နွေလုံး အပူဒါဏ် ရေငတ်ဒါဏ်ကို ကျော်ဖြတ်ခဲ့ပြီးပါပြီ ဘယ်လိုဆက် ပြုစုရမလဲ ဘယ်လို မြေဩဇာ ကျွေးသင့်သလဲ အကြံဉာဏ်‌များ ပေးကြပါခင်ဗျာ ကယားပြည်နယ်မှာပါ

အပင်အာဟာရ ထောပတ်သီး
Post image
Post image
Post image
Post image
2

ဖြေကြားချက် ၂ ခု

234 လွန်ခဲ့သော ၅ နှစ် က

ထောပတ်တစ်နှစ်သားအာမို၁၅ပတ်လည်ကျွေးလို့ရလား

82,997 လွန်ခဲ့သော ၆ နှစ် က

အပင် တနှစ်သား အထိ မြေဆီသြဇာကို သုံးလ တကြိမ်ကျွေးပါ။ တစ်နှစ်ထက်ပိုသော အပင်များကို ဆောင်းရာသီကုန်ခါနီး သို့မဟုတ် နွေဦး အစောပိုင်းတွင် နိုက်ထရိုဂျင် ပါဝင်မှု့များသော မြေသြဇာကျွေးခြင်းက ပိုမို ထိရောက်သော မြေဆီသြဇာ ကျွေးနည်း ဖြစ်သည်။ ယေဘုယအားဖြင့် နှစ်လတကြိမ် မြေသြဇာ ပမာဏ အနည်းငယ်ကို အသီးကင်း မဝင်သေးသည့် အချိန်ထိ ပုံမှန် ထည့်ပေးခြင်းကိုလည်း ပြုလုပ်နိုင်သည်။ အသီးမသီးမှီ အပင်ပိုင်း ကြီးထွားမှု ဖြစ်နေစဉ်အတွင်း တနှစ်လျှင် မြေသြဇာ နှစ်ပိသာ မှ သုံးပိသာ အထိ ကျွေးပေးရန် လိုအပ်သည်။ အပွင့်ပွင့်နေသော အချိန်တွင် မြေသြဇာ မကျွေးရပါ။ ကျွေးလိုလျှင် အသီးကင်း ဝင်ပြီးသောအခါမှသာ ကျွေးသင့်သည်။ နိုက်ထရိုဂျင်သည် အပင်ပိုင်းဆိုင်ရာ ကြီးထွားမှု့ကို အားပေးသဖြင့် အအေးဓာတ် ခံနိုင်မှု၊ အသီး အရွယ်အစားနှင့် အထွက်နှုန်းပေါ်တွင် များစွာ လွှမ်းမိုးမှု့ ရှိသည်။ မြေအမျိုးအစားပေါ် မူတည်၍ မြေသြဇာ အမျိုးအစားလည်း ကွဲပြားခြားနားမှု ရှိသည်။ အရွက်ပေါ်တွင် အဝါရောင်ပျောက်များ ဖြစ်ပေါ်ခြင်းသည် အနည်းလို အာဟာရဓာတ် ဖြစ်သော အိုင်းယွန်းချို့တဲ့မှု့ကို ပြသော လက္ခဏာဖြစ်ပြီး အနည်းလို အာဟာရဓာတ်ကို ရွက်ဖြန်းဆေး အသုံးပြု၍ ဖြည့်တင်းပေးနိုင်သည်။ နှစ်သက်တမ်းရင့်သော အပင်များတွင် ဇင့်ဓာတ် ချို့တဲ့မှု့ မကြာခဏ ဖြစ်ပေါ်တတ်သည်။ (၁၀) ရေသွင်းခြင်း ခြောက်သွေ့သော ရာသီဥတုတွင်သာ လိုအပ်သည်။ ရေဝပ်ခြင်းကို ကြိုက်နှစ်သက်သော အပင် မဟုတ်ပါ။ ရေသွင်းရန် လိုမလိုကို အပင်ခြေတွင် ၃ လက်မအနက် ကျင်းပတ်လည် တူးပါ။ ရေဖြည့်ပါ။ ရေစိမ့်သွားပြီးနောက် မြောင်းထဲမှမြေကို ဆုပ်ကိုင် ကြည့်ပါ။ မြေလုံးမပြတ်လျှင် ရေသွင်းရန် မလိုပါ။ မြေလုံးကွဲ၍ မြေဖွာနေလျှင် သွင်းရန် လိုအပ်သည်။ ထောပတ်သည် ဆားငံဓာတ်ကို အတော်အသင့် ခံနိုင်ရည်ရှိပါသော်လည်း အရွက်ထိပ်များလောင်ခြင်း ဖြစ်ပေါ်လာလျှင် ဆားဓာတ် လွန်ကဲသည့် လက္ခဏာ ပြသည်။ ရေသွင်းမြောင်း ခပ်နက်နက် တူးခြင်းက ဆားဓာတ်လွန်ကဲမှုကို ဖြစ်ပေါ်စေသည်။အသေးစိတ်ကို ထောပတ်သီး အကြောင်း သိကောင်းစရာနှင့် စိုက်ပျိုးနည်း ဆောင်းပါး လေးထဲဝင်ရောက်လေ့လာနိုင်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။