ဖြေကြားချက် ၂ ခု
ဖြစ်နိုင်ရင် ယူရီးယား(ပုလဲ),တီစူပါ,ပိုတက် မြေသြဇာတွေကိုသီးခြားစီကျွေးစေချင်ပါတယ်(ကွန်ပေါင်မြေသြဇာတွေထက်ပိုအကျိုးရှိလို့ပါ)။ပုလဲကိုမြေခံမှာမထည့်သင့်ပါဘူး။မြေခံမှာ(စိုက်သမန်းပြင်ချိန်) တီစူပါအိတ်ဝက်+ပိုတက်တစ်စိပ်(တစ်အိတ်ရဲ့၄ပုံ၁ပုံ)ထည့်ပေးရပါမယ်။နောက်ထပ် ပိုတက်တစ်စိပ်ကိုသက်တမ်း၁၁၀..၁၁၅ရက်မျိုးမှာ ရက်၅၀ဝန်းကျင်,၁၃၀..၁၃၅ရက်မျိုးမှာ ရက်၇၀ဝန်းကျင် နဲ့ ၁၄၀..၁၄၅ရက်မျိုးမှာ ၈၅ရက်ဝန်းကျင်တွေမှာ ပိုတက်ကိုဒုတိယအကြိမ်ထပ်ကျွေးပေးရပါမယ်။ယူရီးယား(ပုလဲ)ကိုတော့ ၃ကြိမ်ခွဲကျွေးသင့်ပါတယ်။ယူရီးယား(၁)အိတ်ကို၃ချိုးခွဲပြီး တစ်ကြိမ်ကို ၃ချိုး၁ချိုးစီကျွေးပေးရပါမယ်။ကျွေးရမဲ့အချိန်တွေက ပထမအကြိမ်အဖြစ်ကောက်ပင်လှန်ချိန်မှာကျွေးရပါမယ်။ ဒုတိယအကြိမ်မှာဆိုရင် ..သက်တမ်း၁၁၀..၁၁၅ရက်မျိုးဆိုမှာ၆၂ရက်သား,၁၃၀..၁၃၅ရက်မျိုးမှာ ၈၂ရက်သား,၁၄၀..၁၄၅မျိုးမှာ ၉၇ရက်သား ဝန်းကျင်တွေမှာကျွေးရပါမယ်။တတိယအကြိမ်မှာဆိုရင်..သက်တမ်း..၁၁၀..၁၁၅ရက်မျိုးမှာ ၈၀ရက်သား,၁၃၀..၁၃၅ရက်မျိုးမှာ ရက်၁၀၀,၁၄၀..၁၄၅ရက်မျိုးမှာ ၁၁၅ရက်သားဝန်းကျင်တွေမှာကျွေးပေးရပါတယ်။အပင်ရဲ့လိုအပ်တဲ့အာဟာရကို လိုအပ်တဲ့အချိန်မှာလိုအပ်တဲ့ပမာဏကိုကျွေးမှပိုမိုအကျိုးသက်ရောက်မှုရှိမှာပါ(ယူရီးယား ပုလဲက လေလွင့်ဆုံးရှုံးမှုများတတ်တာကြောင့် မကျွေးခင်၁ရက်ကြိုတင်၍ ပုလဲ၁ဆ+နွားချေးဆွေး/မြေဆွေး ၃ဆကိုသမအောင်ရောမွှေပြီးတာလပတ်ဖြင့်အုပ်ပြီးတစ်ည နှပ်ထားပါ.တစ်ညနှပ်ပြီးနောက် မနက်စောစောကြဲပက်၍ကျွေးပေးပါက လေလွင့်ဆုံးရှုံးမှုနည်းပါးသွားပါသည်.အပင်အတွက်အာဟာဓာတ်ပိုမိုရရှိစေပါသည် )
မြေခံ၊ ၁၅ ရက်သား (သို့) ကောက်ပင်လှန်ချိန်မှာ တစ်ကြိမ်၊အပင်ပွားစည်းချိန်နဲ့ မှို့ကပ်ချိနိတွေမှာလဲ တစ်ကြိမ်စီ မြေသြဇာထည့်ပေးရပါတယ်ဗျ။
ဆက်စပ်မေးခွန်းများ
တိုက်ရိုက်အစေ့ချပြီး npk ကြွေးမို့ နည်းစနစ်မှန်သိချင်လို့ပါခင်ဗျာ
ဖြေကြားချက် 1 ခု
ဟုတ်ကဲ့ဗျ ခုပုံပါကို စပါးမှာ ကျွှေးမလို့ပါ အပင်အတွက်အဟာရဖြစ်အောင် ဘယ်အချိန်မှာ ကျွှေးသင့်လဲဗျ။ ပုံပါသော မြေဆီအ...
ဖြေကြားချက် 1 ခု
စပါး အရွက်ဖျန်းတာနဲ မြေကြီးကြွေတာ ဘယ်ဟာထိရောက်လဲ ပိုကောင်းလဲ
ဖြေကြားချက် 1 ခု
စပါးအသက် ၃၀ ရက်သားပါ ဘာလိုအပ်ပါသလဲ မြေသြဇာကျွေးသင့်ပြီလားး
ဖြေကြားချက် 2 ခု
စပါးသက် 85 ရက်မှာ ပိုတက် နှင့် ဂျမ်းပဆန်း ရောကြဲလို့ အဆင်ပြေလာခင်ဗျာ ပန်းပွင့်ချိန်မှ ဂျမ်းပဆန်း ရွက်ဖြန့်မြေ...
ဖြေကြားချက် 1 ခု