ဝဥစိုက်ပျိုးရေး ဝါသနာပါသူများအကျိုး တစ်စုံတရာ ရည်ရွယ်၍ အပိုင်းခွဲလေးများပြုစုပြီး အခမဲ့ကူလီထမ်းခွင့်ပြုပါခင်...
ဝဥစိုက်ပျိုးရေး ဝါသနာပါသူများအကျိုး တစ်စုံတရာ ရည်ရွယ်၍ အပိုင်းခွဲလေးများပြုစုပြီး အခမဲ့ကူလီထမ်းခွင့်ပြုပါခင်ဗျာ။ # ဝဥ ဝပင်စိုက်ပျိုးစီးပွား(02). ဝဥ ဝပင်စိုက်ပျိုးရေး ကျယ်ပြန့်လာသဖြင့် စိုက်ပျိုးနည်း မျိုးစုံ တွေ့ရ မြင်ရ ကြားရပါတယ်။နည်းစနစ်ကောင်းများလည်း အမှန်တကယ် လိုအပ်ပါတယ်။ ဤပုံပါစိုက်ခင်းကတော့ ကျနော်နေထိုင်ရာကျေးရွာကစိုက်ခင်း တစ်ခုပါ။ဝဥစိုက်ပျိုးသူအများစုကတော့ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ စိုက်ပျိုး နေကြပါပြီ။ဒီနေ့ခေတ်ရဲ့တိုးတက်မှု တစ်ခုဖြစ်တဲ့ လူမှုကွန်ရက် (Online)ကနေ အသိဖလှယ်ရတာ အလွန်ခရီးရောက်လှပါတယ်။ အခု ကျနော်ကိုယ်တိုင်အပါအဝင် စိုက်ပျိုးနေတဲ့ ဝဥစိုက်ပျိုးနည်း စနစ် ကို မျှဝေပါရစေ။ ဝပင်စိုက်ပျိုးခြင်းသည် လွယ်ကူမည်ဟု ထင်ရနီုင်ပါသည်။ လွယ်လည်းလွယ်ကူလှပါသည်။သို့သော် စိုက်ပျိုးရာတွင် အရင်းအနှီးများစွာ ကုန်ကျခံ၍ လောဘတကြီးမစိုက်သင့်ဟု ယူဆပါသည်။အဘယ်ကြောင့်ဆိုသော် ဝဥသည်အခြားသီးနှံများကဲံသို့ တစ်ရာသီးချင်း ရိတ်သိမ်း(တူးဖော်)ထုတ်လုပ်ရောင်းချ၍ မသင့်သောကြောင့်ပါ။ဝဥပင်ကို ဒေသအလိုက် မျိုးအလိုက် ဖြစ်ထွန်းမှုအလိုက် စိုက်စနစ်မတူနိုင်ပါ။ကျနော်တို့ဒေသ(ရွာငံမြို့နယ်) တွင် ပန်းလောင်မြစ်ဝှမ်း ကင်းတားဆည် ရေဝေရေလဲတောတောင်များ အတွင်းမှ ရှာဖွေရရှိသော ဝပန်းမျိုးများကိုသာ စိုက်ကြပါသည်။ဝဥမျိုးပင်ကို မိုးဦးကျ နယုန် ဝါဆိုလများတွင်တောတောင်ထဲသွားရောက် ရှာဖွေစိုက်ကြသည်။အခြားဒေသမျိုးများ ဝင်ရောက်မှုရှိသော်လည်း ကိုယ့်ဒေသမျိုးရင်းလောက် ဥမကြီထွားသဖြင့် မစိုက်ကြပါ။ဥကြီထွားသည်အတွက် စိုက်ပင် စိုက်တန်း သိသိသာသာ ကွာခြားဖို့လိုအပ်ပါတယ်။ ပုံပါစိုက်ခင်းတွင် ပထမစစိုက်နှစ်မှာ ပင်ခြားသုံးပေ တန်းခြား ခြေက်ပေခွာ၍စိုက်ပါတယ်။၂ နှစ် သုံးနှစ်ရှိလျှင် တန်းကြား၌ဥပျိုးပင် ဖြစ်စေ ရွက်သီးမျီုးဖြစ်စေ ထပ်မံစိုက်ပါတယ်။မျိုးသီးမျိုးပင်ကို စစိုက်ပင်မှရပါတယ်။ဥကိုနှစ်ချင်းမတူးပါ။နှစ်ချင်းတူးလျှင် အထွက်နှုန်းနည်းပါတယ်။ဥတူးမရောင်းရလို့အရှုးံမရှိနိင်ပါ။ရွက်သီး များကိုရောင်းခြင်ဖြင့် အရင်း အမြတ်ပါရနိုင်ပါတယ်။စစိုက်ပင်ကို အနည်းဆုံး၂နှစ် သုံးနှစ်မွေးသင့်ပါတယ်။သို့မှသာဥသား အလေးချိန်းလည်းတိုး၍ အကျိုးအမြတ်ပိုမိုရှိနိုင်ပါမယ်။အပင်ကြီများကို တူးရောင်းသော်လည်း နောက်စိုက်ပင်များ ရှိနေသည့်အတွက် စိုက်ခင်း အလျဉ်မပြတ်ပါ။တူးပြီးလစ်လပ်သွားသော နေရာတွင်လည်း ထပ်မံစိုက်ပျိုးရန် အဆင်သင့်သလို မစိုက်သေးဘဲထားလျှင်လည်း လေ ဝင်လေထွက်ကောင်းပြီးပြုစုရလည်း လွတ်လပ်လွယ်ကူပါတယ်။ #စိုက်ပျိုးချိန် နယုန် ဝါဆို အသီးမျိုးကို အပင်များဝါပြီးကျသွားချိန်တွင် ဆွတ်ယူနိုင်ပါတယ်။အသီးကို လက်ဖြင့်ကိုင်လျှင် အလွယ်တကူပြုတ်မှဆွတ်ခူးပါတယ်။သီးညှာခိုင်နေသေးလျှင်မဆွတ်ယူသင်ပါ့။အသီးညှာ ပဲ့ပျက် တတ်ပါတယ်။ထိုအသီးကို စိုက်ကျင်း တွင်း ပျိုးအိတ်တွင် ထည့်ထားနိုင်ပါတယ်။မိုးကျလာလျှင် မိုးဓာတ်နဲ့ သူသဘာဝအတိုင်းပေါက်လာပါတယ်။နွေရာသီမှာရေ မလောင်းသင့်ပါ။ မြေထဲမှာထားသော်လည်း မပျက်စီးပါ။ မိုးလယ်ရောက်သွားလျှင်မစိုက်သင့်တော့ပါ။ဥကြီးထွားချိန်မို့ စိုက်ပင်မှာ မဖြစ်ထွန်းတော့ပါ။ဥသန္ဓေလည်းထိခိုက်နိုင်ပါတယ်။ #ဝဥတူးဖော်ချိန် ဝဥကိုမိုးဦးကျ အပင်သစ်ပေါက်စ ရွက်ဖုံးမလွတ်တလွတ်အချိန်နှင့် ဆောင်းဦး ရွက်သီးများခူးဆွတ်ပြီးချိန် ဖူးတံသီးများသိမ်းပြီးချိန်မှာ တူးဖော်ရောင်းချနိုင်ပါတယ်။ရွက်ဖုံးလွတ်ရင် ဥသစ်စပြီမို့ ဥဟောင်းလည်း အသားလျော့စပြုပါပြီ။မိုးဦးပင်ပေါက်နှင့် ရွက်သီးသိမ်းပြီးတူးသင့်တာကတော့။အပင်နေရာ ရှာရလည်းလွယ်ကူပါတယ်။ဝဥပင်တို့သဘာဝမှာ ဥဟောင်းမှအပင်ပေါက်လာပြီး ဥသစ်ပြန်မွေးကြီထွားရင်း ဥဟောင်းမှအစာအဟာရသည် ဥသစ်သို့ပေးပို့ကာ ဥဟောင်းမှာတဖြည်းဖြည်း စက္ကူသားကျန်သည်အထိ ပျောက်သွားပါတယ်။မိုးလယ်မှာတူးလျှင် ဥကြီးထွားမှုလည်း မပြီးဆုံးသေးဘဲ ဥသားလည်းနုသည့်အတွက် အလေးချိန်လည်းမစီးပါ။အခြောက်လှန်းလျှင် အလျော့များပါတယ်။ #သိသမျှ ဆက်လက်တင်ပြသွားပါမယ်။စောင့်ဖတ်အားပေးကြပါဦး။ပုံများနဲ့စာများရင်တင်ရအဆင်မပြေလို့အပိုင်းခွဲတင်ပေးရတာဖြစ်လို့ သည်းခံပေးပါရန်။ ။