ဖြေကြားချက် ၁ ခု
ဝါသီးကင်း..အပွင့်တွေကကြွေတတ်ပါတယ်..ဘယ်လောက်ကြွေသလဲဆိုရင် အပွင့်ရဲ့၅၀ရာခိုင်နှုန်းခန့်သာ ဝါဆွတ်နိုင်တာပါ။အပွင့်..သီးကင်းတွေကြွေရတာက..စိုက်ခင်းအတွင်းလူတိရစ္ဆာန်ဝင်ရောက်တဲ့အခါတိုက်မိလ်ို့ဖြစ်စေ..အပူချိန်မြင့်မားခြင်း/မိုးသည်းထန်စွာရွာသွန်းလို့ဖြစ်စေ..ပိုးမွှားရောဂါကျရောက်လို့ဖြစ်စေ..ဖော့စဖိတ်နဲ့ပိုတက်အာဟာရချို့တဲ့လို့ဖြစ်စေ..မြေအစိုဓာတ်မရှိတော့ရင်ဖြစ်စေ.. ပိုမိုကြွေကျတတ်ပါတယ်။ဒါကြောင့်မို့ ရေသွင်း ရမဲ့အချိန်တွေက ရက်၃၀သား (အပိန့်ဝင်ချိန်)မှာတစ်ကြိမ်..၅၅ရက်မှရက်၈၀ အတွင်း(ပန်းစပွင့်..ပန်းဖြိုင်ဖြိုင်ပွင့်..သီးကင်းဝင်ချိန်) ၃ကြိမ်ခန့်ရေသွင်းပေးသင့်ပါတယ်။၈၅ရက်သားမှာပုလဲအိတ်ဝက်ကိုအပင်ခြေမှ ၈လက္မအကွာမှာထည့်ကျွေးပေးပါ။ပိုးကာကွယ်ဆေးများဖျန်းပေးပါ..မလိုအပ်ဘဲအခင်းထဲလျှောက်သွားနေခြင်းကိုရှောင်ပါ..ဖော့စဖိတ်နဲ့ပိုတက်အချိုးများသောကွန်ပေါင်းမြေသြဇာကိုသုံးပါ။
ဆက်စပ်မေးခွန်းများ