အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
10,510
လွန်ခဲ့သော ၆ နှစ် က · ညောင်ဦး

ပိုတွေကြနေပါတယ် ဘာဆေးဖြန်းပေးရမလဲ အပင်က ရက် 70 ရှိပါပြီး အပင်ဥ အားကောင်းဖို့ ဘာဆေးပတ်ပေးရမလဲ

ပိုးမွှားရောဂါ မြေပဲ မြေပဲ ရွက်လိပ်ရွက်ကပ်ပိုး
Post image
Post image
Post image
2

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

ရွက်လိပ်ရွက်ကပ်လို့ထင်ရပါတယ်..ပူးကပ်နေတဲ့/လိပ်နေတဲ့အရွက်တွေမှာရှိနေတဲ့ပိုးလောက်ကောင်တွေကိုလက်ဖြင့်ညှစ်၍သတ်​ပေးပါ..လက်နဲ့သတ်လို့မနိုင်မှသာ အပင်၂၅ပင်မှာ ၁ပင်နှုန်းပိုးတွေ့တယ်ဆိုရင် ထိသေစားသေပိုးသတ်ဆေးတစ်မျိုးမျိုးနဲ့ပက်ဖျန်းပေးပါ။တမာပိုးကာကွယ်ဆေးပက်ဖျန်းပေးပါ။(အပင်၁လသားအရွယ်ကနေစပြီးကျတတ်ပါတယ်..အနီးကပ်ပုံပြနိုင်ရင်ကောင်းမယ်။အစိုဓာတ်ရှိရင်ဂျစ်ပဆမ်ကိုနွားချေးဆွေးနဲ့ ရောပြီးတန်းကြားထဲဖြူးချပေးပါ။ပိုးသတ်ဆေးဖျန်းပြီး၅ရက်ခန့်အကြာမှာ ပန်းမပွင့်သေးရင် ငါးအမိုင်နိုအက်စစ်ဖျန်းပေးပါ။ပန်းစပွင့်ပြီဆိုရင် ပုလဲ+လက်ချားရွက်ဖျန်းအားဆေးကို အရွက်မျက်နှာပြင်အပေါ် ဖက် အောက်ဖက်တွေကိုရွှဲအောင်ပက်ဖျန်းပေးပါ။(၆လပဲလားထင်တယ်)

100,154 လွန်ခဲ့သော ၆ နှစ် က

ပုံမှာ ရောဂါကျနေတဲ့ အရွက်မျက်နှာပြင်တွေကို သေချာမမြင်ရပေမယ့် ရွက်ညိုပြောက်ရောဂါလို့ ထင်ပါတယ် ရွက်ညိုပျောက်အတွက် ဆေးကတော့ Difenconazole အသုံးပြုနိုင်ပါတယ်ရှင့်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။