နှင်းဆီအတွက်ဘာမြေသြဇာသုံရင်ကောင်းလဲဗျ
နိုကျထွို ရှေတောငျသူ အပွာ 16:16:8 ပတျနိုငျပါတရျ
နှင်းဆီပင်တွေဟာ အစာအဟာရကို အင်မတန်ငတ်မွတ် ဆာလောင် နှစ်ခြိုက်တဲ့ အမျိုးအစားထဲမှာ ပါဝင်ပါတယ်။ နွားချေး မြေပုပ်မြေဆွေး ဓာတ်မြေသြဇာ အပုပ်ရည်များကို အမြဲဂရုစိုက် ကျွေးပေးရပါတယ်။ မိမိတို့ စတင် စိုက်ပျိုးတဲ့ အချိန်မှာ ထည့်ထားတဲ့ မြေသြဇာက ပထမဆုံး အကြိမ်ပန်းပွင့်နိုင်ဖို့ထိ အဟာရလုံလောက်ပါတယ်။ ထပ်မထည့်ရင်လည်းရပါတယ်။ ပန်းပထမ တစ်ကြိမ်ဖူးပွင့်သွားပြီးပါက မြေသြဇာ ကျွေးမွေးဖို့ အထူး လိုအပ်ပါတယ်။ နှမ်းဗတ်ပုပ်ရည်လောင်း မြေဆွ မြေဆွေးထည့် ဓာတ်မြေသြဇာ ထည့်ပေးဖို့ လိုလာပါပြီ။ ဓာတ်မြေသြဇာ ရွေးချယ်ရာမှာ နိုက်ထရိုဂျင် အညွှန်းကိန်း များစွာ ပါနေတဲ့ မြေသြဇာကို သေချာလေ့လာပါ။ နိုက်ထရိုဂျင်ဓာတ်များသွားပြီး အပင်အဟာရဖွဲ့စည်းစနစ်မှာ နိုက်ထရိုဂျင် လွန်ကဲမူဖြစ်ပေါ်ပါက အပင်နဲ့အကိုင်းတွေမှာဘဲ အားအင်စိုးမိုးသွားပြီး အပွင့်ဖက်မှာ အားလျော့သွားစေပါတယ်။ အပင်တွေက အရမ်းသန်မာထွားကြိုင်သွားပြီး အဖူးလေးတွေက မပွင့်လာဘဲ ညိူးခြောက်သွားတာ အပွင့်မလှတော့ဘဲ သေးငယ်သွားတဲ့ ပြသနာမျိုးဖြစ်ပေါ်နိုင်ပါတယ်။ နှင်းဆီပင်တွေဟာ နိုက်ထရိုဂျင် မရှိပြန်ရင်လည်း ပြသနာအရမ်းကြီးသွားတတ်တယ်။ နိုက်ထရိုဂျင် များသွားပြန်ရင်လည်း ပြသနာကြီးတတ်တယ်။ ဒါကြောင့် မြေသြဇာ ဝယ်မယ့် အခါမှာ သေသေသေချာချာ နိုက်ထရိုဂျင်အညွှန်းကိန်း ကိုလေ့လာပြီး ဝယ်ယူတတ်ရမယ်။ ကျွန်တော်လေ့လာထားသလောက်တော့ (ကျွဲရိုင်း အာမို နဲ့ တရုတ်တံဆိပ် 15~15~15) ကို နှင်းဆီပင်တွေ ကြိုက်တာတွေ့ထားပါတယ်။ မြေသြဇာထည့်မယ့်အခါမှာ မြေသြဇာစေ့တွေကို ကျိတ်ခြေပြီး ရေနဲ့ဖျော်ပြီးလောင်းတာ ပိုကောင်းပါတယ်.။ မြေသြဇာအလေအလွင့်ဖြစ်ပေါ်မူကို ဟန့်တားနိုင်ပြီး အပင်ရဲ့စုပ်ယူနိုင်မူအားကောင်းတာ တွေ့ရပါတယ်။ အစေ့လိုက် ထည့်မယ်ဆိုရင်လည်း ရပါတယ်။ မြေသြဇာ ထည့်ချိန်မှာ အပင်ခြေရဲ့ ၄ လက်မခန့်အကွာမှာ ထည့်ပါ။ အပင်ခြေမှာ ကပ်ထည့်လိုက်ရင် အပင်အုံ ပုပ်သွားတတ်ပါတယ်။ မြေသြဇာ ထည့်ပြီး တစ်ပတ်အတွင်း ရေကို ဆက်တိုက်လောင်းပြီး အစိုဓာတ် ကိုထိန်းထားရမယ်။ အစိုဓာတ်လျော့နည့်ပါက မြေသြဇာရဲ့အပူရှိန်နဲ့ အပင်အပူလောင်သွားပြီး သေသွားတတ်ပါတယ်။ မြေသြဇာ ထည့်မည်ဆိုပါက အပင်အလတ်ရွယ် တစ်ပင်ကို ထမင်းစားဇွန်း တစ်ဇွန်းထက် ပိုမထည့်ပါနဲ့။ နည်းတာက ပြသနာမရှိပေမယ့် များသွားရင် အပင်သေသွားနိုင်ပါတယ်။ တစ်ကြိမ်ထဲ တစ်ပုံထဲကျွေးမယ့် နေရာမှာ ၃ ကြိမ်ခွဲပြီး ကျွေးပါ။ ဓာတ်မြေသြဇာကို ၁၀ ရက်တစ်ကြိမ်လောက်သာ ကျွေးပါ။ Credit.
ဆက်စပ်မေးခွန်းများ
တစ်ပင်ချင်းဝယ်စိုက်တဲ့ နှင်းဆီအဝါကို မျိုးပြန်ပွားပါတယ် တစ်ပင်မှမရှင်ဘူး၊ အပွင့်မကြီးတဲ့ တောက မျိုးကျတော့ ရှင်...
ဖြေကြားချက် 1 ခု
ဒါဘာရောဂါလဲဗျာဘာဆေးသုံးရမလဲသိတဲ့သူများဖြေပေးခဲ့ပါနော်
ဖြေကြားချက် 2 ခု
နှင်းဆီပင်မှာ ဖြစ်တတ်သော မှိုရောဂါ လက္ခဏာ များသိလိုပါသည်
ဖြေကြားချက် 1 ခု
နှင်းဆီရွက်တွေ နည်းနည်းလိပ်နေတာ ဘာဆေးသုံးရမာလည်း ဗျာ
ဖြေကြားချက် 3 ခု
နှင်းဆီလအရွက် လှအောင် ဘာဆေးသူံးကမလည်း ဗျာ
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။