အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
523
လွန်ခဲ့သော ၆ နှစ် က · အိမ္မဲ

ဒေလီယာစိုက်ချင်တယ်စိုက်နည်းလေးပြောပြပေးပါ

စိုက်ပျိုး ရေ ဂန္ဓမာ
1

ဖြေကြားချက် ၁ ခု

68,534 လွန်ခဲ့သော ၆ နှစ် က

ဒေလီယာပန်းစိုက်ပျိုးနည်း ဖော်ပြပေးလိုက်ပါတယ်ရှင့်။ ဒေလီယာသည် အနံ့မရှိသော်လည်း အရောင်စုံသည့် အရောင်အမျိုးမျိူးရှိသည်။ ဒေလီယာသည် စိုက်ပျိုးရာတွင် လွယကူသော ပန်းဖြစ်ပါသည်။ ဒေလီယာဥ ဒေလီယာစိုက်လျှင် စိုက်ပြီး(၇) ရက်ရလျှင် အပင်ပေါက်သည်။ (၁၅) ကျော်၍ အပင်မပေါက်ပါက အပင်ပေါက်မည် မဟုတ်တော့ပေ။ ဥမှ အပင်မပေါက်သည်မှာ နှစ်ချို့ဥများကို စိုက်၍လည်း မပေါက်ပါ။ ထို့အပြင် ဒေလီယာဥများ ကျိုးပဲ့နေလျှင်လည်း အပင်မပေါက်ပါ။ မျိုးစေ့ခံပုံ ဒေလီယာမျိုးစေ့ ယူရန်မှာ တစ်ပင်မှ ပထမဆုံးပွင့်လာသည့် အပွင့်ချောချောတစ်ပွင့်ကို ပလပ်စတစ်အိတ်စွပ်၍ ချန်ထားပါ။ တစ်ပင်လုံးတွင် ၎င်းတစ်ပွင့်တည်းထားပါ။ တဖြည်းဖြည်း ရင့်လာပြီး မျိူးစေ့များရလာမည်ဖြစ်ပါသည်။ သို့သော် ဒေလီယာမျိုးစေ့စိုက်သည်ထက် ဥ (သို့) အကိုင်းကို ချိုး၍စိုက်သည်က ပိုကောင်းသည်။ မူလအပင်တိုင်းပွင့်သည်။ အစေ့စိုက်ခြင်းသည့် အချိန်ကြာသည့်အပြင် အကိုင်းလောက် စိတ်မချရနိုင်ပေ။ အပွင့်ကောင်းပွင့်ရန် ဒေလီယာသည် အလင်းရောင်အလွန် ကြိုက်သည်။ လောင်းရိပ်ကျလျှင် ကောင်းစွာကြီးထွားမှူ မရှိ။ အပွင့်လည်းမအောင်မြင်နိုင်ပေ။ နေရောင်ကောင်းစွာရဖို့လိုသည်။ အထူးသဖြင့် နံနက်နေ ကောင်းစွာရအောင်စိုက်ပါ။ မြေသြဇာကို ကောင်းစွာကျွေးပါ။ ဒေလီယာသည် မြေသြဇာ အလွန်ကြိုက်သည်။ နွားချေး မြေဆွေး ကောင်းကောင်းချပေးပါ။ ဓာတ်မြေသြဇာကို အချိုးကျ အသုံးပြုပါ။ ဒေလီယာသည် ရေဝပ်မခံနိုင်းပါ။ ထို့ကြောင့်မြေပေါ် တွင်စိုက်လျှင် မြေခုံလုပ်ပြီးစိုက်ပါ။ မြေစေးလျှင် သဲရာခိုင်းနှန်း ၅၀၊ မြေဆွေး(သို့) နွားချေး ရာခိုင်နှန်း ၃၀ ရောစပ်ပြီးစိုက်ပါ။ ပုရွက်ဆိတ်နှင့် ချပိုးရန်မှ ကာကွယ်ပုံ ဒေလီယာသည် ချိုသည်။ ထို့ကြောင့် ပုရွက်ဆိပ်များကြိုက်တတ် သည်။ မစိုက်မီ မြေကို ပြုပြင်စဉ်က ကာဘိုဖျူရမ် ဖြူး၍ မြေကိုသမအောင် မွှေ၍စိုက်ပျိုးခြင်းဖြင့် ကာကွယ်နိုင်ပါသည်။ Crd

You

ဆက်စပ်မေးခွန်းများ

ဂန္ဓမာပန်းပင်ပါ။ဘာရောဂါကျနေပြီး ဘာဆေးဖျန်းသင့်လဲ?အကြံပြုပေးကြပါအုံးဗျ။

ဖြေကြားချက် 2 ခု

ဘာဆေးသုံးရမလဲလမ်းညွှန်ပေးပါ။ အခုလက်ရှိတော့ထိုင်းနိုင်ငံထုတ်မှိုဆေးသုံးနေပါတယ်။ ပြင်ဦးလွင်မှာမိုးအမြဲတမ်းလိုလို...

ဖြေကြားချက် 3 ခု

ကျနော်မျိုးပင်၀ယ်တဲ့ခြံကအိုးပုတ်မျိုးလို့ပြောတယ်ကျနော်လဲတစ်ခါမှမစိုက်ဖူးပါအခုအပွင့်တွေကပွင့်မလာဘဲပုံထဲကအတိုင်း...

ဖြေကြားချက် 0 ခု

ဂန္ဓမာစံပယ်ဖြူမျိုး စိုက်ပျိုးသည့်သက်တမ်း- ၃လ ဆေးဖြန်းပုံးတစ်ပုံးကိုဆေးဘယ်လောက်ထည့်ရမလဲဗျ အချို့သူတွေကတစ်ပြား...

ဖြေကြားချက် 3 ခု

စီးပွားဖြစ်စိုက်ခင်းဆိုသည်မှာ အဘယ်နည်း

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။